• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မင်းအောင်လှိုင်ရဲ့ ကြိုးမိန့် နဲ့ နိုင်ငံရေးလက်စားချေပွဲ

by နိုင်ခေတ်
13 June 2022
in သူ့အတွေး သူ့အမြင်
A A
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို စစ်ကောင်စီက မကြာခင်ကွပ်မျက်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို စစ်ကောင်စီက မကြာခင်ကွပ်မျက်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်

8k
VIEWS
Share on FacebookShare on Twitter

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို စစ်ကောင်စီက မကြာခင်ကွပ်မျက်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်။ သူတို့ကို ကယ်နိုင်မလား။ သူတို့ကို တကယ်သတ်ခဲ့ရင် ဘာတွေဖြစ်လာမလဲ။

သူတို့ကို မသတ်ဖို့ ပြည်တွင်း၊ ပြည်ပရဲ့တောင်းဆိုမှုတွေကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ကောင်စီက လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။ ကုလသမဂ္ဂကနေစပြီး သူနဲ့အဆင်ပြေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မသတ်ဖို့တောင်းဆိုမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း “ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အုပ်ချုပ်ရေး၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပါသည်။ မတရားဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုပါသည်” ဆိုပြီး စာကြောင်း ၂ ကြောင်းပါတဲ့ ကြေညာချက် ထုတ်ခဲ့ပါတယ်။ လုပ်ရိုးလုပ်စဉ် ကြေငြာချက်ထုတ်တာထက် ဘာမှ ပိုတာ မတွေ့ရပါဘူး။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို တကယ်ကယ်တင်ပေးနိုင်တဲ့သူ ဒါမှမဟုတ် တကယ်ကယ်တင်ဖို့ကြိုးစားနေတဲ့သူ မတွေ့ရပါဘူး။ စစ်ကောင်စီက သေမိန့်ကို အတည်ပြုလိုက်တယ်လို့ပြောတာကို လျှော့တွက်ခဲ့ကြပုံရတယ်။ တနည်းအားဖြင့်ပြောရရင် သူတို့ရဲ့ရက်စက်မှုရေချိန် ဘယ်လောက်မြင့်နေလဲဆိုတာ မမှန်းဆနိုင်တဲ့သဘောပါ။

စစ်ကောင်စီနဲ့ အဆင်ပြေအောင်ပေါင်းနေတဲ့ တရုတ်နဲ့ အန္ဒိယ အိမ်နီးချင်း ၂ နိုင်ငံကတော့ ကိုယ်ကျိုးစီးပွားပဲကြည့်တဲ့ အခွင့်အရေးသမားနိုင်ငံတွေဖြစ်တဲ့အတိုင်း လေသံဟတာတောင်မကြားရပါဘူး။ မြန်မာနိုင်ငံကို အများကြီးကူညီတဲ့ ဂျပန်နိုင်ငံလည်း အသံတိတ်ပါပဲ။ ပြည်တွင်းရေးဝင် မစွက်ဖက်ချင်တဲ့သဘောလား။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို တကယ်ကယ်တင်ပေးနိုင်တဲ့သူ ဒါမှမဟုတ် တကယ်ကယ်တင်ဖို့ကြိုးစားနေတဲ့သူ မတွေ့ရပါဘူး။ စစ်ကောင်စီက သေမိန့်ကို အတည်ပြုလိုက်တယ်လို့ပြောတာကို လျှော့တွက်ခဲ့ကြပုံရတယ်။ တနည်းအားဖြင့်ပြောရရင် သူတို့ရဲ့ရက်စက်မှုရေချိန် ဘယ်လောက်မြင့်နေလဲဆိုတာ မမှန်းဆနိုင်တဲ့သဘောပါ။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်တွင် ကိုဖြိုးဇေယျာသော် လိုက်ပါသွားစဉ် သမ္မတ အိုဘားမားနှင့် တွေ့ဆုံနှုတ်ဆက်စဉ်

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် စစ်အစိုးရဆန့်ကျင်သူ ၄ ဦးတို့ကို ကြိုးပေးသတ်ခဲ့မယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေအားလုံး၊ နိုင်ငံအနှံ့ စစ်ကောင်စီကို လက်နက်ဆွဲကိုင်တိုက်ပွဲဝင်နေတဲ့လူငယ် လူလတ် အင်အားစုအားလုံးနဲ့ အကြမ်းဖက်စစ်ကောင်စီကို ရွံရှာမုန်းတီးနေတဲ့ ပြည်သူတွေအတွက်တော့ သူတို့ရင်ထဲက အသည်းနှလုံးကို ဆွဲထုတ်လိုက်သလို ခံစားကြရမှာ သေချာပါတယ်။

ဘယ်လိုမှ ခွင့်လွှတ်လို့ မရတဲ့ နာကျင်မှုမျိုးပါ။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် တို့နှစ်ဦးဟာ ပြည်သူချစ်တဲ့သူတွေလို့ ပြောရင်မမှားပါဘူး။ သိတဲ့အတိုင်း ကိုဂျင်မီဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကတည်းက တောက်လျှောက် ဒီမိုကရေစီရေးတိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး ထောင်တွေလည်း နှစ်ရှည်ကျခဲ့ရသူတဦးဖြစ်သလို၊ ကိုဇေယျာသော်ဟာလည်း နာမည်ကျော်အဆိုတော်အဖြစ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ခဲ့သူပါ။ သူတို့နှစ်ယောက်လုံးဟာ ခိုင်မာတဲ့ ဒီမိုကရေစီဘက်တော်သားတွေဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း သူတို့ကိုစစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုရဲ့ ပြယုဂ်လို့ မြင်တဲ့သူတွေလည်း မနည်းပါဘူး။ နွေဦးတော်လှန်ရေးမှာ သူတို့ရဲ့ Generation X နဲ့ Y ကို ကိုယ်စားပြုပြီး မျိုးဆက်သစ် Generation Z တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့သူ ၂ ဦးပါ။

သူတို့ကို ကြိုးပေးသတ်ဖြတ်လိုက်မယ်ဆိုရင်တော့ လက်ရှိမြန်မာ့တော်လှန်ရေးဟာ မီးကုန်ရမ်းကုန် ကြမ်းလာလိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်မိတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သေဒဏ်အယူခံကိုနောက်ဆုံး ဆုံးဖြတ်ရသူဖြစ်ပြီး သတ်မိန့်ကိုလည်း ပေးရတဲ့သူဖြစ်ပါတယ်။ ဆိုတော့ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ လေးယောက်လုံးကို သူကိုယ်တိုင်သတ်ဖို့ အမိန့်ပေးခဲ့တာပါ။

ဒါပေမယ့် ဖြစ်လာမယ့်အကျိုးဆက်တွေကို မဆွေးနွေးခင် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီက သူတို့နှစ်ယောက်ကို တကယ်ကြိုးပေးသတ်မှာလားဆိုတာသေချာတွက်ချက်ကြည့်ဖို့ လိုပါတယ်။

သေမိန့်ပေးလိုက်ပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ဒီလဆန်းမှာ စပြောတည်းက နိုင်ငံရေးသမားနဲ့ တက်ကြွလှုပ်ရှားသူအများစုက လျှော့တွက်ခဲ့ကြတယ်။ ဒါဟာ စစ်အစိုးရက သူတို့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့တွေကို ခြောက်ရုံသက်သက်လို့တွေးကြပြီး မယုံခဲ့ကြဘူး။ တချို့ကြတော့ အရင်စစ်အစိုးရတောင် မသတ်တာ အခုလည်းသတ်မယ်လို့ မထင်ကြပြန်ပါဘူး။ တချို့က သူတို့ကိုသတ်လို့ ဘာနိုင်ငံရေးအကျိုးအမြတ်ရမှာမို့လဲလို့ မေးခွန်းထုတ်ပြန်တယ်။ တချို့သုံးသပ်သူတွေကတော့ သတ်မိန့်ထုတ်ပြီး နိုင်ငံတကာဆီကသူတို့လိုချင်တာရအောင် ဥပမာ သူတို့စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုဖို့ ဆိုတာမျိုးတွေ အပေးအယူလုပ်ဖို့ ရည်ရွယ်တာလည်း ဖြစ်နိုင်တယ် လို့ဆိုပါတယ်။

ကိုဂျင်မီနှင့် မနီလာသိန်း

ဒါပေမယ့် စစ်ကောင်စီက ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို ကြိုးပေးသတ်ဖို့ တကယ်ဆုံးဖြတ်ထားတာလို့ ကျနော်အနေနဲ့ ယူဆမိတယ်။ သူတို့နှစ်ယောက်လုံးက ကျနော့်မိတ်ဆွေတွေဖြစ်တဲ့အတွက် ဒီလိုရေးရတာ တော်တော်စိတ်မကောင်းစရာပါ။

စစ်ကောင်စီပြန်ကြားရေးရဲ့ ဇော်မင်းထွန်းက သေဒဏ်ကျခံထားရတဲ့ သူတို့ ၄ ဦးကို ကွပ်မျက်ဖို့ အမိန့်ပေးပြီးပြီလို့ ဇွန်လ ၃ ရက်နေ့ မှာ မီဒီယာတွေကိုပြောတဲ့အချိန်မှာပဲ သူတို့ရဲ့အယူခံအားလုံးကိုလည်း ပယ်ပြီးသားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မကြာခင်မှာ စီရင်မယ်လို့လည်း တခါတည်း ပြောခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သေဒဏ်အယူခံကိုနောက်ဆုံး ဆုံးဖြတ်ရသူဖြစ်ပြီး သတ်မိန့်ကိုလည်း ပေးရတဲ့သူဖြစ်ပါတယ်။ ဆိုတော့ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ လေးယောက်လုံးကို သူကိုယ်တိုင်သတ်ဖို့ အမိန့်ပေးခဲ့တာပါ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း သေဒဏ်ပေးခံရတဲ့ နိူင်ငံရေးအကျဉ်းသမားတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ် ကွပ်မျက်ဖို့ အစီအစဉ် မရှိတဲ့အတွက် အခုလို အယူခံအဆင့်ဆင့်တွေ တင်ခဲ့ရတာမျိုးတွေ မရှိခဲ့ဘူး။ သူတို့တွေထဲက တယောက်ကိုမှလည်း မကွပ်မျက်ခဲ့ပါဘူး။ သူတို့ထဲမှာ လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ပြီး စစ်ခေါင်းဆောင်တွေကိုသတ်ဖို့ ကြံစည်သူတွေလည်း ပါပါတယ်။ ဒါပေမယ့် တယောက်ကိုမှကြိုးမပေးခဲ့ပါဘူး။

လက်ရှိစစ်အစိုးရဟာ အရင်စစ်အစိုးရတွေနဲ့ သဘောသဘာဝ အတူတူပါပဲ။ ဒါပေမယ့် စစ်ခေါင်းမင်းအောင်လှိုင်ကတော့ ပိုရက်စက်ယုတ်မာပြီး ဆင်ခြင်တုံတရား ပိုမဲ့တာတွေ့ရပါတယ်။ အာဃာတလည်း ကြီးပြီး မနာလို မစ္ဆရိယစိတ်နဲ့ လက်စားချေလိုတဲ့စိတ်ကလည်း အတော်ကြီးတာ တွေ့ရပါတယ်။ သူ့ရဲ့အာဏာသိမ်းဖို့ ဆုံးဖြတ်ချက်ကလည်း ဒီယုတ်ညံ့တဲ့စိတ်အခံကလာတယ်ဆိုတာ မှန်းဆလို့ရပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရဲ့ ရက်စက်မှုရေချိန် ပိုမြင့်နေတာကို ထည့်မတွက်ခဲ့ကြဘူး။

နိုင်ငံရေးလက်စားချေမှု

သူ အာဏာသိမ်းပြီးတဲ့နေ့ကတည်းက ကျနော်တို့ပြည်သူတွေအားလုံး ကြုံတွေ့ နေရတဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေ၊ မရေတွက်နိုင်တဲ့ ရွာတွေ မြို့တွေကို မီးလောင်တိုက်သွင်းပြီး ဖျက်စီးတာတွေက သူနဲ့ သူ့စစ်အစိုးရ ရက်စက်မှုတွေရဲ့သက်သေတွေပါပဲ။ သူ့ကို ဆန့်ကျင်တဲ့ပြည်သူတရပ်လုံးကို လက်စားချေတဲ့ စစ်ပွဲဆင်နေတာပါပဲ။

ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို သတ်ဖို့ ဆုံးဖြတ်တာဟာ အရှက်ကွဲ စိတ်ပျက်စရာ ကျရှုံးမှုတွေကို တုံ့ပြန်လက်စားချေဖို့အတွက် ဖြစ်ဖို့များပါတယ်။

ဒါပေမယ့် တနှစ်ခွဲကျော်ကြာတဲ့ အခုချိန်ထိ တိုင်းပြည်ကို သူ့ရဲ့စစ်ကောင်စီက အုပ်ချုပ်လို့မရသေးပါဘူး။ ပြည်သူတွေက ရတဲ့နည်းနဲ့ ဆန့်ကျင်နေသလို လူငယ်တွေကလည်း PDF ဖွဲ့ပြီးလက်နက်ကိုင်ပြန်တွန်းလှန်ခဲ့ကြတယ်။ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်းဝင်တိုက်ခဲ့ကြတယ်။ နိုင်ငံတကာမှာလည်း ဘယ်နိုင်ငံမှ သူ့စစ်ကောင်စီကို တရားဝင်အစိုးရတရပ်အနေနဲ့ သေသေချာချာ အသိအမှတ်ပြုပြီး အရာမသွင်းကြပါဘူး။ ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သူဖျက်သိမ်းခဲ့တဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ ပါဝင်ပြီး ဖွဲ့စည်းထားတဲ့ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာ အတော်လေး ခရီးပေါက်နေပါပြီ။ မင်းအောင်လှိုင်ထင်ထားသလို အာဏာသိမ်းမှုဟာမလွယ်ခဲ့ပါဘူး။

ဒါတွေအားလုံးဟာ သူ့အတွက် အရှက်ကွဲ စိတ်ပျက်စရာ ကျရှုံးမှုတွေပါပဲ။ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို သတ်ဖို့ သူဆုံးဖြတ်တာဟာ ဒါတွေကို တုံ့ပြန်လက်စားချေဖို့အတွက် ဖြစ်ဖို့များပါတယ်။ သေဒဏ်ကျခံထားရတဲ့သူတွေ အယောက် ၁၀၀ လောက်ထဲက သူတို့နှစ်ယောက်ကို ပထမဆုံးကွပ်မျက်ဖို့ ရွေးတယ်ဆိုတာ သူ့ရဲ့အာဃာတအမုန်းတရားတွေနဲ့ ရွေးခဲ့တာ သေချာပါတယ်။

ဒီသတ်မိန့်ဟာ သူ့ရဲ့ နိုင်ငံရေး လက်စားချေမှုပါ။

၁) သူနဲ့ သူ့စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ အင်အားစုတွေကို ကြောက်ရွံ့သွားဖို့၊ ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို လေးစားထောက်ခံတဲ့ ပြည်သူတွေကို ထိတ်လန့်တုန်လှုပ်သွားဖို့၊

၂) သူတို့နှစ်ဦးကို ရင်းနှီးသိကျွမ်းပြီး၊ တန်ဖိုးထားတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သူ့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ NUG အပါအဝင် ဒီမိုကရေစီအင်အားစုတွေ အားလုံးကို စိတ်ဓာတ်ကျ ချောက်ခြားသွားစေဖို့ နဲ့၊

၃) သူ့စစ်ကောင်စီကို ပြစ်ဒဏ်ခတ်ပြီး NUG နဲ့ ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံနေတဲ့ အမေရိကန်နဲ့ နိုင်ငံတကာကိုလည်း သတိပေးတဲ့အနေနဲ့ လက်တုန့်ပြန်မှုပါပဲ။

ဒီလက်စားချေမှုဟာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကမ်းကုန်းအောင်မြင့်တက်သွားတဲ့ ရက်စက်မှုရေချိန်ပါဘဲ။

မီးကုန်ယမ်းကုန်ပွဲ

ဒါပေမယ့် သူ့ရဲ့ဒီလို လက်စားချေမှုက ဘယ်လို တန်ပြန်သက်ရောက်မှုတွေ ဖြစ်လာမလဲဆိုတာ သူတွက်ချက်စဉ်းစားနိုင်တဲ့ ဆင်ခြင်တုံတရား မရှိပါဘူး။ လက်စားချေလိုတဲ့ အာဃာတနဲ့ မစ္ဆရိယစိတ်တွေ ဖုံးနေလို့ပါပဲ။

အာဏာသိမ်းကတည်းက မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ကောင်စီဟာ ပြည်သူတရပ်လုံးအပေါ်မှာ ခွင့်မလွှတ်နိုင်တဲ့အမှားတွေ အများကြီး ကျူးလွန်ထားပြီးပါပြီ။ အခုသေဒဏ်ဟာ ဆိုးရွားလှပြီး ခွင့်မလွှတ်နိုင်တဲ့ နောက်ထပ်အမှားကြီးတခုဖြစ်မှာပါ။

ကိုဂျင်မီ၊ ကိုဇေယျာသော်နဲ့ နောက်နှစ်ဦးကို ကွပ်မျက်တဲ့နေ့ဟာ လက်ရှိတတိုင်းပြည်လုံးကသူ့ကို ဆန့်ကျင်မှုတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ အားလုံး မီးကုန်ယမ်းကုန်ကြမ်းလာမယ့်နေ့ပါပဲ။ သူထင်ထားသလို ကြောက်ပြီး နောက်ဆုတ်သွားမယ့်သူ မရှိပါဘူး။ လက်ရှိတော်လှန်ရေးနဲ့ စစ်ကောင်စီဆန့်ကျင်ရေးဟာ နောက်တဆင့်ကို တက်သွားမှာပါ။ ဒါက ပြည်သူနဲ့ တော်လှန်ရေးအင်အားစုရဲ့ နိုင်ငံရေးရေချိန်ပါ။ နိုင်ငံတကာ ဖိအားတွေကလည်း ပိုတိုးလာဖို့ပဲ ရှိပါတယ်။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် လွတ်မြောက်ရေး ပိုစတာတခု

အာဏာသိမ်းကတည်းက မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ကောင်စီဟာ ပြည်သူတရပ်လုံးအပေါ်မှာ ခွင့်မလွှတ်နိုင်တဲ့အမှားတွေ အများကြီး ကျူးလွန်ထားပြီးပါပြီ။ အခုသေဒဏ်ဟာ ဆိုးရွားလှပြီး ခွင့်မလွှတ်နိုင်တဲ့ နောက်ထပ်အမှားကြီးတခုဖြစ်မှာပါ။

ဒါပေမယ့် သူတို့ကြည့်ရတာ ဒါတွေကို ဂရုမစိုက်ဘဲ ကိုဂျင်မီတို့ကို ကွပ်မျက်ဖို့ ဆုံးဖြတ်ထားတဲ့ပုံပါပဲ။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
73
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
809

မြန်မာပြည်သူတွေအနေနဲ့ကတော့ မင်းအောင်လှိုင်ရဲ့ သေမိန့်ကို တားဖို့ ခက်ပါတယ်။

ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ ၄ ယောက် ကြိုးပေးသတ်မှာကို မတားနိုင်ရင် နောက်ထပ်သေဒဏ်ကျခံထားရတဲ့သူတွေလည်း ဆက်ပြီး ကွပ်မျက်ခံရမယ့်သဘော ရှိပါတယ်။ နိုင်ငံရေးရေချိန် ပိုမြင့်တက်လာပြီး တော်လှန်ရေးရေချိန်ကလည်း မီးကုန်ယမ်းကုန် ပိုကြမ်းလာမယ့် သဘောပါဘဲ။

နိုင်ငံတကာအနေနဲ့က ဘာလုပ်နိုင်မလဲ။

အထက်မှာပြောခဲ့တဲ့အတိုင်း နိုင်ငံတကာကလည်း မသတ်ဖို့ တောင်းဆိုပြီး ကြေညာချက်တွေတော့ ထုတ်ခဲ့ပါတယ်။ ထိရောက်မှု မတွေ့ရပါဘူး။ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမှာလည်း ကြေညာချက်ထုတ်တာထက် ပိုထိရောက်တဲ့ နည်းလမ်းရှိပုံ မရပါဘူး။ သူတို့လည်းအစောပိုင်းမှာတော့ မြန်မာသုံးသပ်သူတွေလိုပဲ စစ်ကောင်စီရဲ့ သေမိန့်ကို သိပ်အလေးအနက်ထားပုံ မရပါဘူး။ ဒါကြောင့် လုပ်ရိုးလုပ်စဉ်အဖြစ်သဘော ရှုတ်ချတဲ့ကြေညာချက်တွေပဲ ထုတ်ခဲ့တယ်။

ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ ၄ ယောက် ကြိုးပေးသတ်မှာကို မတားနိုင်ရင် နောက်ထပ်သေဒဏ်ကျခံထားရတဲ့သူတွေလည်း ဆက်ပြီး ကွပ်မျက်ခံရမယ့်သဘော ရှိပါတယ်။ နိုင်ငံရေးရေချိန် ပိုမြင့်တက်လာပြီး တော်လှန်ရေးရေချိန်ကလည်း မီးကုန်ယမ်းကုန် ပိုကြမ်းလာမယ့် သဘောပါဘဲ။

ကျနော်အတွက်တော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူတို့ကို တကယ်ကွပ်မျက်ဖို့စဉ်းစားနေတယ်ဆိုတာကို နိုင်ငံတကာအပါအဝင် သိသင့်သိထိုက်သူတွေကို ရှင်းပြပြီး သူတို့ကို ကယ်တင်နိုင်မယ့် နည်းလမ်းထုတ်ဖို့ အခုဆောင်းပါးကို ရေးတာဖြစ်ပါတယ်။

ကိုဂျင်မီ၊ ကိုဇေယျာသော်တို့နဲ့ တနေ့ ရန်ကုန်မှာ လွတ်လွတ်လပ်လပ်ပြန်ဆုံဖို့ကိုပဲ အခုစာ ရေးနေရင်းနဲ့ ဆုတောင်းနေမိပါတယ်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Junta Seems Serious About Executing Leading Activists. Can We Stop It? ကို စာရေးသူကိုယ်တိုင် ပြန်လည်ဖြည့်စွက်ရေးသားထားသည်။

You may also like these stories:

နိုင်ငံတကာ အနေနဲ့ ကြည့်မနေဖို့ ကိုဖြိုးဇေယျာသော် ဇနီးတောင်းဆို

နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မှု တရားဥပဒေနှင့် မညီ

သေဒဏ်ချ ကွပ်မျက်မည့် စစ်ခေါင်းဆောင်ဆုံးဖြတ်ချက် ပြည်တွင်း/ ပြည်ပ ကန့်ကွက် ရှုတ်ချ

သွေးသောက်အဖွဲ့မှာ ဘယ်သူတွေ ပါလဲ

Your Thoughts …
Tags: ကိုဂျင်မီကိုဖြိုးဇေယျာသော်နိုင်ငံရေးလက်စားချေပွဲမင်းအောင်လှိုင်ရဲ့ ကြိုးမိန့်
နိုင်ခေတ်

နိုင်ခေတ်

Contributor

Similar Picks:

၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ရန်ကုန်တွင် ပြည်သူ့ပါတီရုံးဖွင့်

၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ရန်ကုန်တွင် ပြည်သူ့ပါတီရုံးဖွင့်

by ဧရာဝတီ
31 January 2024
3k

UEC ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်က ပြည်သူ့ပါတီတွင် ပါတီဝင် ၃,၂၉၄ ဦးနှင့် ရုံးခန်း ရှစ်ခုသာရှိသည်။

ခင်ဗျားတို့နောက်မှာလည်း ရှိတယ်၊ ရှေ့မှာနေရမယ်ဆိုရင်လည်း အဆင်သင့်ပဲ (ရုပ်/သံ)

ခင်ဗျားတို့နောက်မှာလည်း ရှိတယ်၊ ရှေ့မှာနေရမယ်ဆိုရင်လည်း အဆင်သင့်ပဲ (ရုပ်/သံ)

by ဧရာဝတီ
22 July 2024
1.5k

ခင်ပွန်းဖြစ်သူ ကိုဖြိုးဇေယျာသော်ကို နှုတ်ဆက်စကားတောင် ပြောခွင့်မရလိုက်ဘူးလို့ ဇနီးဖြစ်သူ Rap အဆိုတော် မသဇင်ညွန့်အောင်က ပြန်ပြောပြပါတယ်။

တယ်လီနော ဒေတာလွဲပြောင်းမှုကြောင့် ဦးဂျင်မီတို့ဖမ်းဆီးခံရတာလို့ ဆို (ရုပ်/သံ)

တယ်လီနော ဒေတာလွဲပြောင်းမှုကြောင့် ဦးဂျင်မီတို့ဖမ်းဆီးခံရတာလို့ ဆို (ရုပ်/သံ)

by ဧရာဝတီ
22 August 2025
606

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု ဖမ်းဆီးခံရမှုက တယ်လီမြန်မာရဲ့သုံးစွဲမှုဆိုင်ရာအချက်အလက်တွေ လွှဲပြောင်းပေးမှုနဲ့ ဆက်စပ်တယ်လို့ နော်ဝေ-မြန်မာ ကော်မတီ (The Norwegian Burma Committee) ဒါရိုက်တာဟောင်း အော်ဒွန်းအာဂါ Audun Aagre က...

တော်လှန်ရေးနယ်မြေက ကိုဂျင်မီ စာကြည့်တိုက်ကလေး

တော်လှန်ရေးနယ်မြေက ကိုဂျင်မီ စာကြည့်တိုက်ကလေး

by စောရယ်
26 February 2023
7.6k

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သူ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုသည် မတရားသည့် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ရင်း နွေဦးတော်လှန်ရေးအတွင်း ကြွေလွင့်သွားခဲ့ရပြီ ဖြစ်သော်လည်း ၎င်းအတွက် ရည်စူးသော အထိမ်းအမှတ် စာကြည့်တိုက်လေးတခုကမူ လွတ်မြောက်နယ်မြေတနေရာတွင် ရှင်သန်နေသည်။

ဇူလိုင် ၂၅ က ရိုင်းစိုင်းသော သမိုင်းမှတ်တိုင် စိုက်ခဲ့သည် / ဧရာဝတီ

ဇူလိုင် ၂၅ က ရိုင်းစိုင်းသော သမိုင်းမှတ်တိုင် စိုက်ခဲ့သည်

by ဧရာဝတီ
25 July 2022
50.4k

လူ့ယဉ်ကျေးမှုနှင့် နိုင်ငံရေးတန်ဖိုး လုံးဝမရှိသူ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမူအကျင့်ကို အသက်ပေး ဖော်ထုတ် ရပ်တည်ပြသွားသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့သည် နွေဦးတော်လှန်ရေး၏ နောက်ဆုံး အာဇာနည်များပင်

နိုင်ငံတော်သစ်အနေနဲ့ လွတ်လပ်ရေးရအံ့ဆဲဆဲ နိုင်ငံရေးကန့်လန်ကာ အဖွင့်ဟာလည်း သေဒဏ်နဲ့ စခဲ့သလားလို့တောင် ပြောရမှာဖြစ်ပါတယ်

မြန်မာ့နိုင်ငံရေး သမိုင်းထဲက သေဒဏ်စီရင်မှုများ

by ဧရာဝတီ
27 July 2022
5.5k

သမိုင်းကို ပြန်ကြည့်ရင် မြန်မာ့နိုင်ငံရေးဟာ အစကတည်းက ယဉ်သကိုဆိုသလို သေဒဏ်နဲ့ စတဲ့ နိုင်ငံရေးလို့တောင် ကောက်ချက်ချရမှာ ဖြစ်ပြီး ကိုလိုနီခေတ်မှာဆိုရင်လည်း တောင်သူလယ်သမားတွေကို ဦးဆောင်ကာ နယ်ချဲ့ကို တော်လှန်ခဲ့တဲ့ သုပဏ္ဍကဂဠုဏရာဇာ ဘွဲ့ခံ ဂဠုန် ဆရာစံဟာ ၁၉၃၁ခုနှစ်...

Next Post
ဘုတလင်မြို့နယ် လယ်တီကျေးရွာ  / CJ

ဘုတလင်တွင် စစ်ကောင်စီတပ် ဒေသခံ ၃ ဦး သတ်ပြီး ရွာသား ၆၀ ကို ဖမ်းသွား

အင်းစိန် အကျဉ်းထောင် / ဧရာဝတီ

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved