• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သွေးသောက်အဖွဲ့မှာ ဘယ်သူတွေ ပါလဲ

by ဧရာဝတီ
13 June 2022
in ဆောင်းပါး
A A
အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ခေါင်းဆောင် မိုက်ကယ်ကျော်မြင့်

အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ခေါင်းဆောင် မိုက်ကယ်ကျော်မြင့်

9.2k
VIEWS
Share on FacebookShare on Twitter

အနီရောင်စစ်ဆင်ရေးနာမည်ဖြင့် NLD ပါတီဝင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ပစ်မှတ်ထား တိုက်ခိုက်နေသော သွေးသောက်အဖွဲ့တွင် စစ်တပ်လိုလားသော နိုင်ငံရေးပါတီခေါင်းဆောင်အချို့၊ စစ်တပ်ထောက်ခံပွဲများကို ဦးဆောင်သူအချို့နှင့် စစ်တက္ကသိုလ်( DSA) ကျောင်းဆင်းအချို့ ပါဝင်နေကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ဧရာဝတီက စုံစမ်းသိရှိရသော အချက်အလက်တွေအရ လူမှုကွန်ရက်များတွင် နာမည်ခံဦးဆောင်နေသော သွေးသောက်အဖွဲ့ခေါင်းဆောင်များ၏ နောက်ကွယ်တွင် စစ်တပ်ပါဝင် နေသည်မှာ ထင်ရှားနေသည်။

RelatedPosts

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
83
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
1.5k
မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
129

သွေးသောက်အဖွဲ့အား စတင်တည်ထောင်ရန် စတင်ဆော်ဩခဲ့သူမှာ အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ခေါင်းဆောင် မိုက်ကယ်ကျော်မြင့်အသုံးပြုနေသော Min Yaung ဖေ့စ်ဘွတ် အကောင့်မှဖြစ်သည်။

အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်

မိုက်ကယ်ကျော်မြင့်သည် Min Yaung ဖေ့စ်ဘွတ်အကောင့်မှ မကြာခဏလိုက်လွှင့်ပြီး နိုင်ငံရေးအကြောင်းများ ပြောဆိုလေ့ရှိပြီး သွေးသောက်အဖွဲ့ ထူထောင်ရန်ကိုလည်း အဲဒီအကောင့်မှ စတင်ကြေငြာခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လက ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီ တို့ တွေ့ဆုံရာတွင် မိုက်ကယ်ကျော်မြင့်လည်း ပါဝင်ခဲ့ပြီး မင်းအောင်လှိုင်နှင့် မိုက်ကယ်ကျော်မြင့်တို့ တွဲရိုက်ထားသည့် ဓာတ်ပုံမှာ အင်တာနက်စာမျက်နှာများတွင် ထွက်ပေါ်လာခဲ့သည်။

နေပြည်တော်တွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လွှတ်တော်အစည်းအဝေးများ မစတင်မီ “တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်” ဟူသော လှုပ်ရှားမှုပြုလုပ်ရန် ဦးဆောင်နေခဲ့ချိန် ရဲက ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခဲ့ပြီး စစ်အာဏာသိမ်းနောက်ပိုင်းတွင် ပြန်လွတ်လာခဲ့သည်။

သွေးသောက်အဖွဲ့အား စတင်တည်ထောင်ရန် စတင်ဆော်ဩခဲ့သူမှာ အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ခေါင်းဆောင် မိုက်ကယ်ကျော်မြင့်အသုံးပြုနေသော Min Yaung ဖေ့စ်ဘွတ် အကောင့်မှဖြစ်သည်။

“ရန်ကုန်တိုင်း မန္တလေးတိုင်း နေပြည်တော် တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းမှ တပ်မတော်ကို ခံယူချက်ဖြင့် ချစ်မြတ်နိုးသူများ မိုက်ကယ်ကျော်မြင့် Viber သို့ ဆက်သွယ်ပြီး စတင်လှုပ်ရှားနိုင်ပါပြီ အမျိုးတို့”ဟု Min Yaung ဖေစ်ဘွတ်အကောင့်တွင် ဧပြီလ ၂၂ ရက်နေ့က စတင်ရေးသားခဲ့သည်။

ထို့အပြင် တပ်မတော်နှင့်လက်တွဲပြီး အကြမ်းဖက်များကို ဖော်ထုတ် ဖမ်းဆီး နှိမ်နင်းလိုသူတပ်မတော်ချစ်သူများ ဒေသအလိုက် ဆက်သွယ်နိုင်ကြောင်း၊ နေစရိတ် စားစရိတ် တာဝန်ယူကြောင်းတို့ကို ထည့်သွင်းရေးသားထားသည်။ သို့ သော် အဆိုပါပို့စ်အား မေလအတွင်း ပြန်ဖျက်သွားခဲ့သည်။

ထို့အပြင် သွေးသောက်အဖွဲ့ဝင်တဦးဖြစ်သူ သုံးသည့် နိုင်ငံရေးမျိုးဆက်သစ် ဖေစ်ဘွတ်အကောင့်မှ “သွေးသောက်အဖွဲ့ခေါင်းဆောင် မိုက်ကယ်ပြောပြီ”ဆိုသော စာသားပါဓါတ်ပုံတပုံအား မိုက်ကယ်ကျော်မြင့် သုံးနေသော Min Yaung အကောင့်နှင့် tag တွဲတင်ခဲ့သည်။

ထို့နောက် ပထမဆုံးအကြိမ် ဧပြီလ ၂၅ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် မန္တလေး တိုင်းဒေသကြီးမှာ NLD ပါတီဝင်အချို့ အသတ်ခံရပြီး သတ်ခံရသူများ၏ ခန္ဓာကိုယ်တွင် သွေးသောက် အဖွဲ့ အနီရောင်စစ်ဆင်ရေးစာတမ်းပါ တံဆိပ်များကို ချိတ်ဆွဲထားခဲ့သည်။

ဧပြီလ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့၌နေထိုင်သော စစ်အာဏာရှင်ဆန့်ကျင့်ရေးတွင် တက်ကြွစွာ ပါဝင်သူ သရုပ်ဆောင် ဟိန်းထက်၏ အဖိုးဖြစ်သူ အသတ်ခံရသည်။ အဆိုပါ လူသတ်မှုမကျူးလွန်ခင် ၂ ရက် အလိုတွင် မိုက်ကယ်ကျော်မြင့်သုံးနေသည့် Min Yaung ဖေစ်ဘွတ်အကောင့်မှ “ရန်ကုန်မှာ ငှက်မွှေးနှုတ်ပွဲ နားစွင့်ပါ အမျိုးတို့” ဟုရေးသားခဲ့သည်။

ပထမဆုံးအကြိမ် ဧပြီလ ၂၅ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် မန္တလေး တိုင်းဒေသကြီးမှာ NLD ပါတီဝင်အချို့ အသတ်ခံရပြီး သတ်ခံရသူများ၏ ခန္ဓာကိုယ်တွင် သွေးသောက် အဖွဲ့ အနီရောင်စစ်ဆင်ရေးစာတမ်းပါ တံဆိပ်များကို ချိတ်ဆွဲထားခဲ့သည်။

“ဒီလူက ပလပ်ကျွပ်နေတာလား၊ ဘာလားမသိဘူး။ သူလုပ်မယ့်ကိစ္စတွေကို ဖေ့စ်ဘွတ်မှာ တက်တက်ရေးတယ်။ လူသတ်နေတဲ့ပုံတောင် တင်ဖူးတယ်။ နောက်မှပြန်ဖြုတ်တာ” ဟု မိုက်ကယ်ကျော်မြင့်နှင့် သွေးသောက်အဖွဲ့ကို လေ့လာစောင့်ကြည့်နေသူ သတင်းထောက်တဦးကပြောသည်။

မိုက်ကယ်ကျော်မြင့်နှင့် အမြဲတွဲသွားတွဲလာ အလွန်တရာ နီးကပ်သူလည်း ဖြစ်၊ ပါတီမှ ဗဟိုကော်မတီဝင်လည်း ဖြစ်သူ ဒေါ်မိုးမိုးခိုင်တို့သည် မန္တလေးတိုင်းဒေသကြီးတွင် လုပ်ငန်းများလုပ်ဆောင်ပြီးသည့်အခါ နေပြည်တော်သို့ပြန်လေ့ရှိသည်။

မိုက်ကယ်ကျော်မြင့်၏ ဖေ့ဘွတ်အကောင့် Min Yaung ကို tag တွဲထားသော ပို့စ်တချို့

ဒေါ်မိုးမိုးခိုင် အသုံးပြုနေသော ဖေ့စ်ဘွတ်အကောင့်မှ နေပြည်တော်သို့ပြန်သည့် ပုံများ တင်လေ့ရှိပြီး နေပြည်တော်သို့ရောက်ရှိလာပြီး ကားမောင်းရင်း Live လွှင့်ထားသည့် ဗီဒီယိုတခုတွင် နေပြည်တော်က အဝိုင်းတခု ပါနေသည်။ ထိုအဝိုင်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီရုံးချုပ်သို့ သွားလျှင် ဖြတ်သန်းရသည့်အဝိုင်းဖြစ်သောကြောင့် မိုက်ကယ်ကျော်မြင့်သည် ကြံခိုင်ရေးပါတီရုံးချုပ်အတွင်းနေထိုင်နိုင်သည်ဟု ယူဆရသည်။

မန္တလေးက ဂိုဏ်းချုပ်

သွေးသောက်အဖွဲ့၏ မန္တလေးခေါင်းဆောင်ဆိုသူမှာ မိုက်ကယ်ကျော်မြင့်ပါတီ ၏ မန္တလေးတိုင်းဒေသကြီး တာဝန်ခံ မောင်ကျော်ထွဏ်းသိမ်းဖြစ်သည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။

မောင်ကျော်ထွဏ်းသိမ်းသည် မောင်ကျော်ထွဏ်းသိမ်း ဂိုဏ်းချုပ်အမည်ဖြင့် ဖေ့စ်ဘွတ်အကောင့်ဖွင့် လှစ်ထားပြီး သွေးသောက်အဖွဲ့လှုပ်ရှားမှု သတင်းများ၊ တပ်ထောက်ခံပွဲ သတင်းများကိုတင်သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ဇီးကုန်းရပ်ကွက်တွင် မိုက်ကယ်ကျော်မြင့် ပါတီ ဖြစ်သော အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ရုံးခွဲ ဖွင့်ပွဲအခမ်းအနားသို့ မိုက်ကယ်ကျော်မြင့် ကိုယ်စား မောင်ကျော်ထွဏ်းသိမ်းက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မောင်ကျော်ထွဏ်းသိမ်းသည် မောင်ကျော်ထွဏ်းသိမ်း ဂိုဏ်းချုပ်အမည်ဖြင့် ဖေ့စ်ဘွတ်အကောင့်ဖွင့် လှစ်ထားပြီး သွေးသောက်အဖွဲ့လှုပ်ရှားမှု သတင်းများ၊ တပ်ထောက်ခံပွဲ သတင်းများကို တင်သည်။

သွေးသောက်အဖွဲ့၏ မန္တလေးခေါင်းဆောင် မောင်ကျော်ထွဏ်းသိမ်း၏ ဖေ့ဘွတ်ပို့စ်တချို့

မောင်ကျော်ထွဏ်းသိမ်း ဂိုဏ်းချုပ် ဖေ့စ်ဘွတ်အကောင့်မှ ဧပြီလ ၂၃ရက်နေ့တွင် မိုက်ကယ်ကျော်မြင့်သည် မန္တလေးနယ်မြေခံ စစ်ကြောင်းနှင့် ပူးပေါင်းကာ စစ်ကောင်စီဆန့်ကျင်သူများအား ဖမ်းဆီးခဲ့သည်ဟုရေးသားခဲ့ပြီး ဓါတ်ပုံအချို့ကိုလည်း တင်ခဲ့သည်။

သွေးသောက်အဖွဲ့ဝင် အရပ်သားများသည် NLD ပါတီဝင်များနှင့် စစ်တပ်ဆန့်ကျင်သူများအား စစ်တပ်သို့ သတင်းပေးခြင်း၊ ဖမ်းဆီးရာတွင် လိုက်ပါဆောင်ရွက်ခြင်းများတွင် ပါဝင်ရပြီး ဖမ်းဆီးရမိသူများအား သတ်ဖြတ်ရာတွင်မူ စစ်ကောင်စီတပ်သားများက လုပ်ဆောင်ကြောင်း အဆိုပါအဖွဲ့တွင် ပါဝင်သော မန္တလေး ဒေသခံ တဦးက ဧရာဝတီသို့ ပြောဆိုသည်။

မောင်ကျော်ထွဏ်းသိမ်းနှင့် သူ၏ဇနီး

သွေးသောက်အဖွဲ့တွင် ပါဝင်သော ထင်ရှားသူနောက်တဦးမှာ ဦးချစ်ကိုဖြစ်သည်။ ဦးချစ်ကိုသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၀ (DSA-30) ကို တက်ရောက်ခဲ့သူတဦးဖြစ်ပြီး လက်ရှိ စစ်တပ်တွင် နံပတ်လေးနေရာရယူထားသော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပတ်စဉ်တည်း တက်ရောက်ခဲ့သူဖြစ်သည်။ သူတို့နှစ်ဦးသည်လည်း ခင်မင်ရင်းနှီးကြသူများဖြစ်သည်။

သွေးသောက်အဖွဲ့မှ အရပ်သားများနှင့် စစ်တပ်ကြား ကြားခံဆက်သွယ်ပေးသူမှာ ဦးချစ်ကို ဖြစ်သည်ဟု လက်ရှိသွေးသောက်အဖွဲ့တွင် ပါဝင်နေသူတဦးက ဧရာဝတီသို့ပြောသည်။

သွေးသောက်အဖွဲ့မှ အရပ်သားများနှင့် စစ်တပ်ကြား ကြားခံဆက်သွယ်ပေးသူမှာ ဦးချစ်ကို ဖြစ်သည်

ဦးချစ်ကိုသည် NLD အစိုးရလက်ထက်တွင် “ကိုရင်လူထွက်ငါးပိချက်”နာမည်ဖြင့် ဖေ့စ်ဘွတ် အကောင့်တခုဖွင့်ကာ NLD ပါတီအား တိုက်ခိုက်သည့်ရေးသားမှုများနှင့် စစ်တပ်ကို ထောက်ခံသည့် အရေးအသားများ ရေးသားခဲ့သည်။

ထိုသို့ စစ်တပ်နှင့် နီးစပ်ပတ်သက်သည့် သူများက သွေးသောက်အဖွဲ့ ဖွဲ့စည်းပြီး စစ်တပ်ဆန့်ကျင်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား လုပ်ကြံသတ်ဖြတ်နေခြင်းတွင် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ) တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ကောက်ချက်ဆွဲရပေတော့မည်။

You may also like these stories:

မြက်ခင်းရိပ်သာလမ်းက အိမ်တွေလည်း စစ်ခေါင်းဆောင် လောဘတကြီး သိမ်းယူ

စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား

PDF တွေကို လက်နက် မပေးဖို့ UWSP ကို စစ်ကောင်စီ ပြော

မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ

Your Thoughts …
Tags: Min Yaungစစ်ဖက်ရေးရာလုံခြုံရေးစရဖဘယ်သူတွေ ပါလဲမင်းအောင်လှိုင်မိုက်ကယ်ကျော်မြင့်မောင်ကျော်ထွဏ်းသိမ်းသွေးသောက်အဖွဲ့ဦးချစ်ကို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.2k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.1k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.3k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

by ဧရာဝတီ
9 November 2023
30k

လက်ရုံးတပ်များအားလုံးကို စစ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်လိုက်ကြာင်း စစ်ဘက် သတင်းရင်းမြစ်များ ပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
27.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

Next Post
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို စစ်ကောင်စီက မကြာခင်ကွပ်မျက်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်

မင်းအောင်လှိုင်ရဲ့ ကြိုးမိန့် နဲ့ နိုင်ငံရေးလက်စားချေပွဲ

ဘုတလင်မြို့နယ် လယ်တီကျေးရွာ  / CJ

ဘုတလင်တွင် စစ်ကောင်စီတပ် ဒေသခံ ၃ ဦး သတ်ပြီး ရွာသား ၆၀ ကို ဖမ်းသွား

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.6k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate