• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြက်ခင်းရိပ်သာလမ်းက အိမ်တွေလည်း စစ်ခေါင်းဆောင် လောဘတကြီး သိမ်းယူ

by အဂ္ဂအောင်
4 June 2022
in ဆောင်းပါး
A A
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိမ်ကို (အဖြူရောင် ဘောင်ခတ်ထားသော) ဂူးဂဲလ် မြေပုံတွင် တွေ့ရစဉ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိမ်ကို (အဖြူရောင် ဘောင်ခတ်ထားသော) ဂူးဂဲလ် မြေပုံတွင် တွေ့ရစဉ်

25.3k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်က အိမ်လို့ပြောရင် အများစုကတော့ လက်တလော NUG က ရှယ်ယာတွေခေါ်ပြီး ရောင်းနေတဲ့ အင်းလျားလမ်း ခြံနံပါတ် ၁၄ ကိုပဲ ပြေးမြင်ကြပါတယ်။

မင်းအောင်လှိုင် နိုင်ငံပိုင်မြေကို မောင်ပိုင်စီးထားတာ နောက်တနေရာ ရှိသေးတယ်ဆိုတာ သိတဲ့သူ နည်းပါတယ်။

အဲဒီနေရာကတော့ ရန်ကုန် ခြောက်မိုင်ခွဲ၊ Lottee ဟိုတယ်နားက ပြည်လမ်းမ ပေါ်ကနေ ဝင်သွားရင် အင်းလျားကန်စပ်အထိ ပေါက်တဲ့ မြက်ခင်းရိပ်သာလမ်းထဲမှာ ရှိပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
134
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.8k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
407

မင်းအောင်လှိုင် နိုင်ငံပိုင်မြေကို မောင်ပိုင်စီးထားတာ နောက်တနေရာ ရှိသေးတယ်ဆိုတာ သိတဲ့သူ နည်းပါတယ်။ အဲဒီနေရာကတော့ ရန်ကုန် ခြောက်မိုင်ခွဲ၊ Lottee ဟိုတယ်နားက ပြည်လမ်းမ ပေါ်ကနေ ဝင်သွားရင် အင်းလျားကန်စပ်အထိ ပေါက်တဲ့ မြက်ခင်းရိပ်သာလမ်းထဲမှာ ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ ရန်ကုန်မှာနေစရာအိမ် မရှိလို့ အင်းလျားလမ်း ခြံနံပါတ် ၁၄ ကို ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေက ပေးခဲ့တဲ့အကြောင်း ဗိုလ်ချုပ်ကြီးတွေရှေ့ရောက်ရင် ထုတ်ပြောလေ့ရှိပါတယ်။

တကယ်ပေးခဲ့လားဆိုတာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သွားမေးနိုင်တဲ့အခွင့်အရေးလည်း ရှိမနေသလို အခွင့်အရေးရှိခဲ့ရင်လည်း ဘယ်စစ်ဗိုလ်ချုပ်မှ မေးခွန်းမထုတ်ရဲပါဘူး။

ရန်ကုန်မြို့ခြောက်မိုင်ခွဲ၊ မြက်ခင်းရိပ်သာလမ်းထဲက အင်းလျားကန်စပ်ကို ပေါက်တဲ့ခြံတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထပ်ပြီးသိမ်းယူရာမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အကာအကွယ်ယူလို့ မရတော့ပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့လောဘက အင်းလျားလမ်း ခြံနံပါတ် ၁၄ မှာတင် ရပ်တန့်မသွားဘဲ အင်းလျားကန်စပ်ကို ဆက်ကူးလာတာဖြစ်ပါတယ်။

ပျောက်ဆုံးသွားသော လမ်းတလမ်း

ရန်ကုန်မြို့ ပြည်လမ်းခြောက်မိုင်ခွဲက Lotte ဟိုတယ်နားက Market Place ဈေးဝယ်စင်တာဘေးမှာ မြက်ခင်းရိပ်သာလမ်းရှိပြီး အဲ့ဒီလမ်းတိုလေးဟာ အင်းလျားကန်စပ်ကိုပေါက်ပါတယ်။

စစ်ရုံးကို ရန်ကုန်မြို့ကနေ နေပြည်တော်ကိုမပြောင်းခင်တုန်းက အဲ့ဒီအနီးမှာ ဆင်ဖြူရှင်ရိပ်သာဆိုတာရှိပြီး ဒုတိယဗိုလ်မှူးကြီးနဲ့ အထက် တပ်မတော်အရာရှိတွေကိုထားတာပါ။

နေပြည်တော်ကို စစ်ရုံးပြောင်းတော့ အဲ့ဒီနားတဝိုက်က စစ်တပ်အရာရှိကြီးတွေရဲ့အိမ်တွေက အိမ်အလွတ်တွေဖြစ်သွားပါတယ်။ အခွင့်အရေးကို စောင့်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြက်ခင်းရိပ်သာလမ်းထဲက တပ်မတော်ပိုင် အိမ် ၃ လုံးကို သူ့အပိုင်လုပ်ပစ်ပြန်ပါတယ်။

နေပြည်တော်ကို စစ်ရုံးပြောင်းတော့ အဲ့ဒီနားတဝိုက်က စစ်တပ်အရာရှိကြီးတွေရဲ့အိမ်တွေက အိမ်အလွတ်တွေဖြစ်သွားပါတယ်။

အခွင့်အရေးကို စောင့်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြက်ခင်းရိပ်သာလမ်းထဲက တပ်မတော်ပိုင် အိမ် ၃ လုံးကို သူ့အပိုင်လုပ်ပစ်ပြန်ပါတယ်။

အင်းလျားလမ်း ခြံနံပါတ် ၁၄ အပြင် နောက်ထပ်အိမ်သုံးလုံးကိုပါ တခါတည်း သိမ်းပစ်ခဲ့လို့ တပ်မတော်အရာရှိကြီးတွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့လောဘကို အံ့သြခဲ့ကြပါတယ်။

ဒီအိမ် ခြံ ၃ ခြံက တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်မောင်ညိုရဲ့ခြံ၊ တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်ကျော်ဝင်းရဲ့ခြံ နဲ့ ဒုတိယလေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကြည်ဝင်းတို့ရဲ့ခြံတွေ လို့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး တဦးကပြောပါတယ်။

၂၀၂၂ ဧပြီလ သင်္ကြန်တွင် မြေးများနှင့်အတူ တွေ့ရသော မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လမ်းထဲက ခြံတွေကိုသိမ်းပြီးတဲ့နောက် မြက်ခင်းရိပ်သာလမ်း ဆိုင်းဘုတ် ကိုပါဖြုတ်ပစ်ခဲ့ပြီး ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ပါတယ်။

တခါတရံလည်း လမ်းဆိုင်းဘုတ်ကို ပြန်တပ်သလို တခါတရံလည်း ဖြုတ်ထားပြန်ပါတယ်။
ပြည်လမ်းထိပ်ကနေ အင်းလျားကန်စပ်ထိကို ခြံစည်းရိုးအသစ်ခပ်လိုက်လို့ အတွင်းကို မမြင်ရတော့ပါဘူး။

‘ခြံသုံးခြံလုံးကို အဆောက်အအုံတွေ အကုန်ဖျက်လိုက်ပြီးမှ အိမ်ကြီးပြန်ဆောက်လိုက်တာ။ နန်းတော်ကြီးလိုပဲ။ ရေကူးကန်တွေလည်း ပါတယ်’ လို့ မြက်ခင်းရိပ်သာလမ်းထဲကိုရောက်ဖူးတဲ့ အငြိမ်းစားတပ်မတော်အရာရှိကြီးတဦးက ပြောပါတယ်။

ဆင်ဖြူရှင်ရိပ်သာ

ဒီအိမ်ကိုလည်း အင်းလျားလမ်း ခြံနံပါတ် ၁၄ လိုပဲ ဦးမြင့်ဆွေ ရန်ကုန်တိုင်းဝန်ကြီးချုပ်လက်ထက်မှာ လွှဲပြောင်းပေးခဲ့တာပါ။

ရွှေတိဂုံဘုရားခြေရင်းက တပ်ပိုင်မြေမှာဆောက်ဖို့ စီစဉ်ခဲ့တဲ့ ဒဂုံစီးတီး အိမ်ရာစီမံကိန်းကိစ္စ ပွဲဆူနေတုန်းမှာ မြက်ခင်းရိပ်သာလမ်းအိမ်ကိစ္စကို သတိထားမိသူနည်းခဲ့ပါတယ်။

ရွှေတိဂုံဘုရားခြေရင်းက တပ်ပိုင်မြေမှာဆောက်ဖို့ စီစဉ်ခဲ့တဲ့ ဒဂုံစီးတီး အိမ်ရာစီမံကိန်းကိစ္စ ပွဲဆူနေတုန်းမှာ မြက်ခင်းရိပ်သာလမ်းအိမ်ကိစ္စကို သတိထားမိသူနည်းခဲ့ပါတယ်။

အဲ့ဒီအချိန်ကာလနဲ့ မရှေးမနှောင်းမှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နဝတအစိုးရ လက်ထက်ကဆောက်ခဲ့တဲ့ တပ်ပိုင်မြေ ဆင်ဖြူရှင်ရိပ်သာနေရာကို Lotte ဟိုတယ် ဆောက်ခွင့်ပေးခဲ့ပါတယ်။

ဒီအလွှဲအပြောင်းကာလမှာ အင်းလျားကန်စပ်က ခြံတွေကိုပါ သူ့ကိုယ်ပိုင်အဖြစ် အမည်ပေါက်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

နန်းတော်တမျှ ခမ်းနားတဲ့အိမ်ကြီးကိုလည်း လာဘ်စားမှုနဲ့ကျော်ကြားတဲ့ ဦးအောင်သောင်းရဲ့သား ပိုင်တဲ့ IGE ကုမ္ပဏီက ဆောက်ပေးခဲ့တာလို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

‘’ဒီအိမ်ကို ဆောက်ပေးတာ IGE က ကိုနေအောင်၊ အဲ့ဒီအတွက် Lotte ကိုဌားတဲ့ထဲက အကျိုးအမြတ်တချို့ရခဲ့တယ်’’ လို့လုပ်ငန်းရှင်တဦးကပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိမ်ကို (အဖြူရောင် ဘောင်ခတ်ထားသော) ဂူးဂဲလ် မြေပုံတွင် တွေ့ရစဉ်

ဦးနေအောင်ဟာ လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နဲ့ ညီအစ်ကို တော်စပ်သူလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မိုးအောင်ဟာ သူ့အဖေရဲ့ အရှိန်အဝါနဲ့ မိသားစုရဲ့ချမ်းသာကြွယ်ဝမှုကြောင့် ရေတပ်မှာ အရာရှိဘဝကတည်းက သေချာပေါက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်မယ့်လူလို့ သတင်းကြီးခဲ့သူပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ရေချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးနေရာကိုရွေ့လိုက်ပြီး ဗိုလ်ချုပ်ကြီး မိုးအောင်ကို ရေချုပ် ခန့်လိုက်ပါတယ်။

တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတဦးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီခြံတွေကို အစိုးရဆီ ငွေသွင်းပြီး တရားဝင်ရယူခဲ့တာလို့ ကာကွယ်ပြောကြားပေမယ့် သွင်းတဲ့ငွေပမာဏကို တော့ မသိဘူးလို့ ပြောပါတယ်။

တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတဦးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီခြံတွေကို အစိုးရဆီ ငွေသွင်းပြီး တရားဝင်ရယူခဲ့တာလို့ ကာကွယ်ပြောကြားပေမယ့် သွင်းတဲ့ငွေပမာဏကို တော့ မသိဘူးလို့ ပြောပါတယ်။

အင်းလျားကန်စပ်က နေအိမ်တွေဟာ ဒေါ်လာ သန်းဂဏန်းပေါက်ဈေးရှိတာကြောင့် အစိုးရဈေးနဲ့သွင်းပြီးဝယ်ရင်တောင် အလကားရသလိုပဲ လို့ အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောပါတယ်။

တန်ရာတန်ကြေးကို ပေးပြီးယူခဲ့ရင်လည်း နိုင်ငံ့ဝန်ထမ်းတယောက်အနေနဲ့ ဒီလောက်များတဲ့ပိုက်ဆံတွေ ဘယ်ကရလဲဆိုတာ မေးခွန်းထုတ်စရာ ရှိနေပါတယ်။

အိမ်နားမှာ ရဟတ်ယာဉ်ကွင်းရှိနေ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဆင်ဖြူရှင်ရိပ်သာကို ရောင်းစားပြီးတဲ့နောက် မနီးမဝေးမှာ Kan Thar Yar International Specialist Hospital ကိုလည်း တည်ဆောက်ခဲ့ပါတယ်။

ကန်သာယာဆေးရုံ ဗီဒီယိုကြော်ငြာ

၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ ဖွင့်လှစ်တဲ့ ဒီဆေးရုံကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က ပိုင်တယ်လို့ ထုတ်ပြန်ထားပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အကျိုးစီးပွားတွေအများအပြားပါတယ်လို့ သူ့ရဲ့ စီးပွားရေးသောင်းကျန်းမှုကို မကြိုက်တဲ့ အငြိမ်းစားတပ်မတော်အရာရှိကြီးတချို့က ဧရာဝတီကိုပြောပါတယ်။

ကန်သာယာဆေးရုံကို တာဝန်ယူ တည်ဆောက်တာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့လူရင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဥက္ကဌ ဖြစ်သူ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးညိုစော ၂၀၂၀ မှာ အငြိမ်းစားယူခဲ့ရပေမယ့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ဆက်ထားတာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့အတွက်လို့ အငြိမ်းစားတပ်မတော်အရာရှိကြီးတဦးက ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးညိုစော ၂၀၂၀ မှာ အငြိမ်းစားယူခဲ့ရပေမယ့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ဆက်ထားတာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့အတွက်လို့ အငြိမ်းစားတပ်မတော်အရာရှိကြီးတဦးက ပြောပါတယ်။

မြက်ခင်းရိပ်သာအိမ်နဲ့ မလှမ်းမကမ်းက ကန်သာယာ ဆေးရုံမှာ ရဟတ်ယာဉ်ကွင်းလည်းရှိပြီး ဒါဟာ လူနာတွေကို ဝန်ဆောင်မှုပေးဖို့ထက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစုလုံခြုံရေးအတွက် ရည်ရွယ်တာဖြစ်နိုင်ကြောင်း သူက သုံးသပ်ပါတယ်။

မြက်ခင်းရိပ်သာခြံကနေ ကန်သာယာဆေးရုံက ရဟတ်ယာဉ်ကွင်းကို အင်းလျားကန်ထဲကနေ speed boat နဲ့ လာရင် မိနစ်ပိုင်းအတွင်းရောက်တဲ့အကြောင်း သူက‌ပြောပြပါတယ်။

“နိုင်ငံတကာမှာတော့ ဆေးရုံမှာ ရဟတ်ယာဉ်ကွင်းရှိတာ မဆန်းဘူးပေါ့လေ။ ရန်ကုန်မြို့မှာဘယ်သူက ဆေးရုံကို ရဟတ်ယာဉ်နဲ့လာတယ် ခင်ဗျားကြားဖူးလဲ” လို့ သူက ဆက်ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနေခဲ့ဖူးတဲ့နေရာ

ရန်ကုန်မြို့ရဲ့ အထင်ကရ အင်းလျားကန်စပ်ကခြံတွေမှာ မြန်မာ့နိုင်ငံရေးရဲ့ အထင်ကရလူတွေနေထိုင်ခဲ့ကြပါတယ်။

ပြည်လမ်း ခြောက်မိုင်ခွဲ က ဆင်ဖြူရှင်ရိပ်သာ တဝိုက်ဟာ ဂျပန်ခေတ်ကတည်းက အရာရှိတွေနေတဲ့ အိမ်တွေရှိခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်း လူပျိုဘဝက ခြောက်မိုင်ခွဲက အင်းလျားကန်စပ်မှာ နေခဲ့ဖူးတဲ့အကြောင်း ဗိုလ်အောင်ကြီးရဲ့ “ကျွန်တော်အညာသားပါခင်ဗျာ” စာအုပ်မှာထည့်ရေးပါတယ်။

ဂျပန်ခေတ်ကဖြစ်တဲ့အတွက် လမ်းနာမည်ကိုဖော်ပြမထားလို့ ဗိုလ်ချုပ်အောင်ဆန်းနေသွားတာ လက်ရှိအခေါ် ဗိုလ်ချိန်လမ်းထဲက အိမ်လား၊ မြက်ခင်းရိပ်သာလမ်းထဲက အိမ်လားဆိုတာတော့ အတိအကျ မသိနိုင်တော့ပါဘူး။

ဂျပန်ခေတ်ကဖြစ်တဲ့အတွက် လမ်းနာမည်ကိုဖော်ပြမထားလို့ ဗိုလ်ချုပ်အောင်ဆန်းနေသွားတာ လက်ရှိအခေါ် ဗိုလ်ချိန်လမ်းထဲက အိမ်လား၊ မြက်ခင်းရိပ်သာလမ်းထဲက အိမ်လားဆိုတာတော့ အတိအကျ မသိနိုင်တော့ပါဘူး။

အငြိမ်းစားဗိုလ်ချုပ်ကြီးသူရရွှေမန်းအိမ်ရှိတဲ့ ဗိုလ်ချိန်လမ်းထက် မြက်ခင်းရိပ်သာလမ်းက ပိုလှပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံနံပါတ် ၅၄ ဟာ အင်းလျားကန်စပ်ကိုမေးတင်ထားပြီး ဂျွန်ယက်တောက ရေကူးဝင်လာလို့ ထောင်ဒဏ်ထပ်တိုးခဲ့ဖူးပါတယ်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အိမ်လည်း အေဒီလမ်းဘက်က အင်းလျားကန်စပ်မှာဖြစ်ပြီး အဲ့ဒီအိမ်မှာပဲ အကျယ်ချုပ်နဲ့ဆုံးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ကိုလုပ်ကြံတဲ့ ဂဠုန်ဦးစောရဲ့နေအိမ်ကလည်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အိမ်နားမှာပဲ ဖြစ်ပါတယ်။

အထင်ကရနိုင်ငံရေးသမားတွေပြီးရင် ဒိတ်ဒိတ်ကြဲသူဌေးတွေပဲ အင်းလျားကန်စပ်က အိမ်တွေကို ဝယ်ယူနိုင်ကြပြီး ဒေါ်လာသန်းဂဏန်း ပေါက်တဲ့အပြင် ငွေရှိတိုင်းလည်း ဝယ်မရပါဘူး။

အထင်ကရနိုင်ငံရေးသမားတွေပြီးရင် ဒိတ်ဒိတ်ကြဲသူဌေးတွေပဲ အင်းလျားကန်စပ်က အိမ်တွေကို ဝယ်ယူနိုင်ကြပြီး ဒေါ်လာသန်းဂဏန်း ပေါက်တဲ့အပြင် ငွေရှိတိုင်းလည်း ဝယ်မရပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး အင်းလျားလမ်းနဲ့ အင်းလျားကန်စပ်က ဒေါ်လာသန်းချီတန်တဲ့ ခြံတွေကို သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။

You may also like these stories:

အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား

မြန်မာစစ်တပ်သည် ‘တပ်မတော်’ အမည်နှင့် မထိုက်တန်

စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်

ရန်ကုန်ရှိ စစ်ခေါင်းဆောင်၏ အိမ် ၄ လုံးနှင့် စစ်အုပ်စုပိုင် အိမ်ခြံမြေများ NUG ရောင်းမည်

စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား

Your Thoughts …
Tags: Lottee ဟိုတယ်နားကန်သာယာဆေးရုံစစ်ခေါင်းဆောင် မင်းအောင်လှိုင်မြက်ခင်းရိပ်သာလမ်းလောဘတကြီး သိမ်းယူအင်းလျားကန်စပ်
အဂ္ဂအောင်

အဂ္ဂအောင်

Similar Picks:

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

by ဧရာဝတီ
27 July 2024
33k

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အမိန့်အား မနာခံပဲ ထွက်စာတင်သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်အား စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

by ဧရာဝတီ
31 July 2023
16.3k

မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

လူယုံများ အားပြုပြီး အုပ်ချုပ်မှုသစ် စစ်ခေါင်းဆောင် ဖွဲ့စည်း

လူယုံများ အားပြုပြီး အုပ်ချုပ်မှုသစ် စစ်ခေါင်းဆောင် ဖွဲ့စည်း

by ဧရာဝတီ
31 July 2025
5.7k

မင်းအောင်လှိုင်က ထိပ်ပိုင်းရာထူးတွေဆက်လက်ချုပ်ကိုင်ထားတဲ့အပြင် အရေးပါတဲ့ ရာထူးတာဝန်တွေကိုလည်း သူယုံကြည် အားထားရတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ အားပြုဖွဲ့စည်းခဲ့ပါတယ်။

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု (အပိုင်း ၂)- ၈၈ အရေးတော်ပုံ ဘာကြောင့် တော်လှန်ရေးအဆင့် မရောက်ခဲ့သလဲ

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု (အပိုင်း ၂)- ၈၈ အရေးတော်ပုံ ဘာကြောင့် တော်လှန်ရေးအဆင့် မရောက်ခဲ့သလဲ

by ကျော်စွာမိုး
17 September 2024
5.6k

"၈၈ အရေးတော်ပုံ" နဲ့ "၂၀၂၁ နွေဦးတော်လှန်ရေး" တွေမှာ တနိုင်ငံလုံးလူထုပါဝင် ဆန့်ကျင်မှုဟာ "အရေးတော်ပုံ" အဆင့်ထိ တောင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် မတူညီတဲ့ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။

Next Post
JC/Al Jazeera

စစ်အာဏာသိမ်းဆန့်ကျင်ရေးနဲ့ ရာသီသွေးလာချိန်

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည့် UWSP ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု  ဦးဆောင်သည့် အဖွဲ့များ

UWSA ၏ "ဝ" ပြည်နယ်တောင်းဆိုချက် စစ်ကောင်စီ သတ်မှတ်ပေးမှာလား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved