မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းပေါက်ကွဲမှု ကြီးမားလာပြီး တနှစ်ကြာသောအခါ လူ ၅ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ သန်းပေါင်းများစွာသော ပြည်သူများသည် အခြေခံအစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များကို ရင်ဆိုင်နေရသည်။
အမျိုးသမီးများအတွက် လစဉ်ရာသီသွေးပေါ်ချိန်ကို စီမံရသည့် စိန်ခေါ်မှုများကြောင့် အခြေအနေကို ပိုမိုဆိုးရွားစေသည်။
“အမျိုးသမီး လစဉ်သုံးပစ္စည်း တခုတည်းကိုပဲ တနေ့လုံး တညလုံး သုံးနေရတယ်။ သွေးတွေ လျှံကျတဲ့အထိ အဲဒါ တခုတည်းကိုပဲသုံးနေရပြီး တခါတလေဆို လစဉ်သုံးပစ္စည်း မရှိလို့ အဝတ်ကိုပဲ သုံးရတယ်”
“အမျိုးသမီး လစဉ်သုံးပစ္စည်း တခုတည်းကိုပဲ တနေ့လုံး တညလုံး သုံးနေရတယ်။ သွေးတွေ လျှံကျတဲ့အထိ အဲဒါ တခုတည်းကိုပဲသုံးနေရပြီး တခါတလေဆို လစဉ်သုံးပစ္စည်း မရှိလို့ အဝတ်ကိုပဲ သုံးရတယ်” ဟု မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းမှ မစန္ဒာက ပြောသည်။
လွန်ခဲ့သောနှစ်အတွင်းက မစန္ဒာသည် ရွာမှ အကြိမ်ကြိမ် ထွက်ပြေးရပြီး တောထဲမှ တာပေါ်လင် အမိုးအကာ အောက်တွင် အိပ်စက် သို့မဟုတ် အနီးရှိ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံရသည်။
ထိုအကျပ်အတည်းကြောင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းရရှိရန် သာမက အောက်ခံအဝတ်လျှော်ဖွတ် ဆေးကြောရန်အတွက် ရေအလုံအလောက် ရစေရန်လည်း ခက်ခဲစေပြီး ရုပ်ပိုင်းအရ မသက်မသာဖြစ်၊ ရှက်ကြောက်ရသလို ပိုးဝင်မည့် အန္တရာယ်နှင့်လည်း ရင်ဆိုင်ရစေသည်။
“ရာသီသွေးပေါ်တဲ့ အချိန်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိ လျှောက်မသွားနိုင်ဘူး၊ သူများတွေ အနားလည်း မသွားရဲဘူး” ဟု မစန္ဒာက ပြောသည်။
သတင်းသမားများနှင့် စကားပြောသောကြောင့် စစ်ကောင်စီက လက်စားချေမည့် အန္တရာယ်ကြောင့် ယခုဆောင်းပါးမှ မစန္ဒာ ဟူသည့် အမည်နှင့် အခြားအမျိုးသမီး အမည်များကို Al Jazeera သတင်းဌာနမှ ပြောင်းလဲထားသည်။
“တခြားလူတွေ အနံ့ရမှာစိုးလို့ မလုံမခြုံ ခံစားရတယ်။ တခြားအမျိုးသမီးတွေကိုလည်း ကျမရဲ့နောက်ဘက်မှာ သွေးကွက်တွေဖြစ်နေ၊ မနေ ခဏခဏ စစ်ဆေးခိုင်းနေရတယ်” ဟု သူက ဆက်ပြောသည်။
မည်သည့် အချိန်တချိန်တွင်မဆို ကမ္ဘာတဝှမ်းမှ လူ သန်း ၈၀၀ သည် ရာသီသွေးပေါ်နေကြသည်။ အကောင်းမွန်ဆုံးသော အခြေအနေတွင်ပင် ထိုအတွေ့အကြုံသည် အမျိုးသမီး အများအပြားကို စိတ်မသက်သာမှု၊ စိတ်ဖိစီးမှုများကို ဖြစ်စေတတ်သည်။
မည်သည့် အချိန်တချိန်တွင်မဆို ကမ္ဘာတဝှမ်းမှ လူ သန်း ၈၀၀ သည် ရာသီသွေးပေါ်နေကြသည်။ အကောင်းမွန်ဆုံးသော အခြေအနေတွင်ပင် ထိုအတွေ့အကြုံသည် အမျိုးသမီး အများအပြားကို စိတ်မသက်သာမှု၊ စိတ်ဖိစီးမှုများကို ဖြစ်စေတတ်သည်။
ဆင်းရဲနွမ်းပါးမှု သို့မဟုတ် ပဋိပက္ခကဲ့သို့ အန္တရာယ် ရှိသော အခြေအနေတွင် နေထိုင်ရသူများအတွက် ရာသီသွေးပေါ်ခြင်းသည် ၎င်းတို့၏ ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် ဘဝသာယာ စိုပြေမှုအပေါ် ပြင်းထန်သော သက်ရောက်မှုများ ဖြစ်စေသည်။
နေရပ်စွန့်ခွာ အမျိုးသမီးများနှင့် မိန်းကလေးများသည် ပုံမှန် ဆင်းရဲမှု သို့မဟုတ် ရာသီသွေးပေါ်ချိန်တွင် အသုံးပြုရမည့် ပစ္စည်းများ မတတ်နိုင်ရုံသာမက ထိုပစ္စည်းများကို အသုံးမပြုနိုင်ခြင်းနှင့် အဝတ်အစား လဲခြင်းနှင့် လျှော်ဖွတ်ခြင်းအတွက် လုံခြုံသန့်ရှင်းသော ရေအိမ်များနှင့် အဆောက်အအုံများကို အသုံးပြုနိုင်ခြင်း မရှိကြောင်း ကိုလံဘီယာ တက္ကသိုလ်၊ လိင်ကွဲပြားမှု၊ လူပျိုဖော် အပျိုဖော်ဝင်ခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် အစီအစဉ် (GATE) မှ သုတေသီ မစ္စ မဂ္ဂီ ရှမစ်က ပြောသည်။

ထိုကော်မတီသည် လူသားချင်းစာနာမှု အရေးပေါ် အခြေအနေများတွင် ရာသီသွေးပေါ်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ သုတေသနကို နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီနှင့်အတူ ၂၀၁၅ ခုနှစ်မှ စတင် လုပ်ကိုင်နေသည်။
ရာသီသွေးပေါ်စဉ် အသုံးပြုရသော ပစ္စည်းများ မလုံလောက်ခြင်းကြောင့် အမျိုးသမီးများနှင့် အပျိုဖော်ဝင်စ မိန်းကလေးများသည် အလုပ်နှင့် ကျောင်းအပါအဝင် နေ့စဉ် လုပ်ငန်းဆောင်တာများတွင် ပါဝင်နိုင်ခြင်း မရှိအောင် ဖြစ်စေသကဲ့သို့ ဆပ်ပြာနှင့် သန့်ရှင်သောရေဖြင့် ရေချိုးရန် မဖြစ်နိုင်ခြင်း၊ သို့မဟုတ် ရာသီသွေးပေါ်ချိန်တွင် အသုံးပြုရသော ပစ္စည်းများ လဲလှယ်နိုင်ခြင်း မရှိသောကြောင့် ၎င်းတို့သည် ပိုးဝင်မည့် အန္တရာယ်ကိုလည်း ရင်ဆိုင်ရကာ ဆေးဝါးကုနိုင်မှု အကန့်အသတ်ကလည်း ရှိနေပြန်သည်။
“ဘေးအန္တရာယ်ကင်းမှုနဲ့ ခိုလှုံဖို့ နေရာရှာရင်း တနေရာကနေ တနေရာကို ရွှေ့ပြောင်းနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေ အပါအဝင် ယာယီနေရာတွေက လူတွေရဲ့ ရာသီသွေးပေါ်ချိန် လိုအပ်ချက်တွေကို ပိုမိုအာရုံစိုက်ဖို့ လိုအပ်နေတယ်” ဟုလည်း မစ္စ ရှမစ်က ပြောသည်။
မြန်မာတွင် ကျယ်ပြန့်သော တိုက်ပွဲများနှင့် မတည်ငြိမ်မှုသာမက စစ်တပ်က လူနေဒေသများနှင့် စစ်ဘေးရှောင် စခန်းများကိုပါ တိုက်ခိုက်နေခြင်းကြောင့် အမျိုးသမီးများကို ရာသီသွေးပေါ်ချိန် အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သည့် စွမ်းရည်ကို အကြီးအကျယ် ထိခိုက်စေသည်။
မြန်မာတွင် ကျယ်ပြန့်သော တိုက်ပွဲများနှင့် မတည်ငြိမ်မှုသာမက စစ်တပ်က လူနေဒေသများနှင့် စစ်ဘေးရှောင် စခန်းများကိုပါ တိုက်ခိုက်နေခြင်းကြောင့် အမျိုးသမီးများကို ရာသီသွေးပေါ်ချိန် အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သည့် စွမ်းရည်ကို အကြီးအကျယ် ထိခိုက်စေသည်။
အချိန်ပြည့် ပြေးလွှားနေရသောကြောင့် လစဉ်သုံးပစ္စည်းနှင့် သန့်ရှင်းသောရေ ရရှိရေကို အဟန့်အတား ဖြစ်စေပြီး ပုဂ္ဂလိက လွတ်လပ်မှုလည်း မရှိသလောက်ပင် ဖြစ်ကြောင်း မြန်မာမှ အမျိုးသမီးများက Al Jazeera သတင်းဌာနသို့ ပြောသည်။
အမျိုးသမီးလစဉ်သုံးပစ္စည်း ဈေးနှုန်းများသည် လက်လှမ်းမမီအောင် ဖြစ်လာကြောင်းလည်း အမျိုးသမီးများက ပြောသည်။ ကုန်စည်ပို့ဆောင်ရေးဈေးကွက် ပြတ်တောက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့် မြင့်မားလာသော လောင်စာဆီ ဈေးနှုန်းများကြောင့် အခြေခံ ကုန်ပစ္စည်းဈေးနှုန်းများ နိုင်ငံတဝှမ်း တက်နေသည် ဟုလည်း ၎င်းတို့က ပြောသည်။
ပဋိပက္ခကြောင့် ထိခိုက်သော နေရာများတွင် ဒေသဈေးကွက်များ ပိတ်လိုက်ရပြီး ကုန်ပစ္စည်းများကို ဆိုင်များသို့ ပို့ဆောင်ရန် ခက်ခဲလာသောကြောင့် အခြေခံကုန်ပစ္စည်းများ မလုံမလောက်ဖြစ်နေသည်။
စစ်အုပ်စုကလည်း မရှိမဖြစ် လိုအပ်သော ပစ္စည်းများ သယ်ယူပို့ဆောင်မှုကို ပိတ်ဆို့သည်။ ထိုသို့လုပ်ခြင်းမှာ လက်နက်ကိုင် ခုခံများကို ထောက်ခံမှု လျော့ကျစေရန် ကြိုးစားသည့် စစ်တပ်က ကာလကြာရှည်စွာ ကျင့်သုံးထားသည့် ဖြတ် ၄ ဖြတ်သေနင်္ဂဗျူဟာသာ ဖြစ်သည်။
တချိန်တည်းတွင် ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူ ၁ ဒသမ ၆ သန်းသည် ၂၀၂၁ ခုနှစ်တွင် အလုပ်အကိုင်များ ဆုံးရှုံးရပြီး လက်နက်ကိုင် ပဋိပက္ခကလည်း လယ်သမား အများအပြားနှင့် နေ့စားလုပ်သားများ အလုပ်မလုပ်နိုင်ဘဲ ဖြစ်စေသည်။
ယခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် တနေ့လျှင် ၁ ဒေါ်လာအောက်သာ ဝင်ငွေရှိတော့မည်ဟု ကုလသမဂ္ဂက လွန်ခဲ့သော ဒီဇင်ဘာလတွင် ခန့်မှန်းသည်။ ထိုအရေအတွက်သည် လွန်ခဲ့သော ၅ နှစ်ကထက် ၂ ဆ တိုးလာခြင်းပင် ဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် တနေ့လျှင် ၁ ဒေါ်လာအောက်သာ ဝင်ငွေရှိတော့မည်ဟု ကုလသမဂ္ဂက လွန်ခဲ့သော ဒီဇင်ဘာလတွင် ခန့်မှန်းသည်။ ထိုအရေအတွက်သည် လွန်ခဲ့သော ၅ နှစ်ကထက် ၂ ဆ တိုးလာခြင်းပင် ဖြစ်သည်။
အမျိုးသားတွေ မြင်သွားမှာ အရမ်းစိုးရိမ်တယ်
အသက် ၂၇ နှစ်ရှိပြီဖြစ်သော မစန္ဒာသည် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ သူမ၏ရွာကို လွန်ခဲ့သော ဧပြီလက ပထမဆုံး စွန့်ခွာထွက်ပြေးခဲ့သည်။ ထိုသို့ ထွက်ပြေးရသည်မှာ အာဏာသိမ်းပြီးနောက် ၃ လပင် မပြည့်မီနှင့် စစ်ကောင်စီက အကြမ်းမဖက် ဆန္ဒပြသူများ ရာပေါင်းများစွာကို ပစ်သတ်သောကြောင့် ကျေးလက်ဒေသများတွင် ခုခံမှု စတင်ပေါ်ပေါက်ကာစ အချိန်ဖြစ်သည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် တည်ရှိသော စစ်ကိုင်းတိုင်းသည် အရပ်သားများက စတင်လက်နက်စွဲကိုင် ခုခံသော ဒေသများအနက် တခုဖြစ်သည်။
ထိုဒေသမှ လက်နက်ကိုင်ခုခံမှုသည် ကြီးထွားလာသောကြောင့် စစ်ကောင်စီကလည်း ရွာများကို စီးနင်းတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများဖြင့် လက်စားချေသည်။ ကနီမြို့နယ်တွင်လည်း ထိုသို့ လုပ်ဆောင်ခဲ့ပြီး ထိုမြို့တွင် ဇူလိုင်လက ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံထားရသူ အနည်းဆုံး ၄၀ ကို ရှာဖွေတွေ့ရှိသည်။
စစ်သားများနှင့် ရင်ဆိုင်တွေ့ရမည်ကို ရှောင်ရှားရန်အတွက် ထိုဒေသမှ ကျေးရွာသား အများအပြားသည် သစ်တောများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် မကြခဏ သွားရောက်ပုန်းအောင်ပြီး အိမ်မပြန်မီ အန္တရာယ်ကင်းအောင် ရက်ပေါင်းများစွာ သို့မဟုတ် သီတင်းပတ်ပေါင်းများစွာ စောင့်ကြရသည်။
မစန္ဒာ၏ ကျေးရွာတွင် အမျိုးသမီးလစဉ်သုံးပစ္စည်း ရောင်းသည့် ဆိုင်တဆိုင်သာ ရှိတော့ပြီး ပစ္စည်းမကြာခဏ ပြတ်နေသည်။ ထိုလစဉ်သုံးပစ္စည်းများကို ရနိုင်လျှင်လည်း တန်ဖိုးသည် အာဏာသိမ်းပြီးနောက် နှစ်ဆတက် နေသည်။
မစန္ဒာ၏ ကျေးရွာတွင် အမျိုးသမီးလစဉ်သုံးပစ္စည်း ရောင်းသည့် ဆိုင်တဆိုင်သာ ရှိတော့ပြီး ပစ္စည်းမကြာခဏ ပြတ်နေသည်။ ထိုလစဉ်သုံးပစ္စည်းများကို ရနိုင်လျှင်လည်း တန်ဖိုးသည် အာဏာသိမ်းပြီးနောက် နှစ်ဆတက် နေသည်။
မစန္ဒာနှင့် သူမ၏ မိသားစုတွင် ဝင်ငွေမရှိတော့ပေ။ သူမသည် တနိုင်ငံလုံး ကျယ်ပြန့်သည် လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှု အစိတ်အပိုင်းအဖြစ် သူမ၏ သင်ကြားရေးလုပ်ငန်းကို သပိတ်မှောက်နေသည်မှာ တနှစ်ကျော် ကြာပြီဖြစ်ပြီး မိသားစုသည်လည်း ပဋိပက္ခကြောင့် နေ့စားလုပ်သားများအဖြစ် လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။
“ကျမမိသားစုက အစားအသောက်နဲ့ တခြားအဓိက ပစ္စည်းတွေအတွက် သုံးဖို့ပဲ ဦးစားပေးရတာ။ ဒါကြောင့်မို့ အိမ်မှာနေရင် အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေ သုံးလေ့မရှိတော့ဘူး။ အိမ်ထဲမှာပဲနေပြီး ထမီတွေ ရာသီသွေးကြောင့် ပျက်စီးခံလိုက်တယ်” ဟု သူက ပြောသည်။
မစန္ဒာ တောတွင်းသို့ ထွက်ပြေးရချိန်တွင် အနီးအပါး၌ ရေချိုးစရာ နေရာမရှိပေ။ စစ်ကောင်စီ တပ်များ၏ အန္တရာယ်ကင်းပြီး ရေတွင်းရှိသော လယ်တောတခုကို ရွာသားများက ရှာဖွေတွေ့ရှိသော်လည်း ထိုရေတွင်းတွင် လုံလောက်သောရေ မရှိပေ။ ထို့ကြောင့် မစန္ဒာသည် ၃ ရက်တခါမှသာ ရေချိုးရသည်။
“ကျမတို့က ချိုးရေထက် သောက်ရေကိုပဲ ဦးစားပေးနေရတာ” ဟုလည်း သူက ပြောသည်။
ရေရရှိမှု အခြေအနေသည် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ပိုမိုကောင်းမွန်သော်လည်း ထိုနေရာများမှာ လူလွန်စွာများပြားပြီး အမျိုးသမီးများသည် အိပ်စက်ခြင်း၊ ရေချိုးခြင်းနှင့် အိမ်သာအသုံးပြုခြင်းများကို အမျိုးသားများနှင့်အတူ လုပ်နေရသည်။
“ပြေးတုန်းလွှားတုန်း ရာသီသွေးပေါ်တဲ့အခါ အမျိုးသားတွေ၊ အခြားလူတွေ ကျမရဲ့သွေးကွက်တွေကို မြင်မှာစိုးလို့ ညဘက်ရောက်မှ ရေချိုးရတယ်” ဟု မစန္ဒာက ပြောသည်။
“နေရပ်စွန့်ခွာတွေ အားလုံး တနေရာတည်းမှာ စုပြီးနေရလို့ ကျမတို့မှာ အမျိုးသမီးလစဉ်သုံး ပစ္စည်းလဲဖို့၊ အဝတ်လဲဖို့ သီးခြားနေရာ မရှိဘူး။ လူတွေအားလုံး အိပ်နေမှ အမျိုးသမီးလစဉ်သုံးပစ္စည်းကို လဲရတာ” ဟုလည်း သူက ပြောသည်။
အမျိုးသမီးလစဉ်သုံးပစ္စည်းကို စွန့်ပစ်ရန် စနစ်ကျသော နေရာမရှိသောကြောင့် မစန္ဒာသည် ထိုလစဉ်သုံး ပစ္စည်းများကို ဝေးနိုင်သမျှ အဝေးဆုံးအထိ သွားရောက်စွန့်ပစ်ရသည်။
အမျိုးသမီးလစဉ်သုံးပစ္စည်းကို စွန့်ပစ်ရန် စနစ်ကျသော နေရာမရှိသောကြောင့် မစန္ဒာသည် ထိုလစဉ်သုံး ပစ္စည်းများကို ဝေးနိုင်သမျှ အဝေးဆုံးအထိ သွားရောက်စွန့်ပစ်ရသည်။
သူသည် အတွင်းခံအဝတ်အစားများကို နေလှန်းရန်အတွက်လည်း လွတ်လပ်သောနေရာ မရှိပေ။ ထို့ကြောင့် အတွင်းခံအဝတ်အစားများကို အခြားအဝတ်များအောက်တွင် နေလှန်းရပြီး မခြောက်သေးမီတွင် မကြာခဏ ဆိုသလို ပြန်လည် ဝတ်ဆင်နေရသည်။
“အရေပြား ယားယံတာတို့၊ မသက်မသာ ခံစားရတာတို့ကို လစဉ်ခံစားနေရတယ် ” ဟုလည်း သူက ပြောသည်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ထိုင်းနယ်စပ်အနီးမှ အမျိုးသမီးများကလည်း အလားတူ ပြဿနာများကို ပြောဆိုကြသည်။
ထိုဒေသသည် လွန်ခဲ့သောနှစ်အတွင်း တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသော နေရာလည်းဖြစ်ပြီး လူပေါင်း ၂၃၀,၀၀၀ ကျော်သည် ရေ၊ လောင်စာထင်းနှင့် အစားအစာအတွက် မျှော်လင့်ချက် ကင်းမဲ့နေသည်။
ထိုအကျပ်အတည်းသည် ကယားပြည်နယ်တွင် အထူးသဖြင့် ဆိုးရွားပြီး လူဦးရေထက်ဝက်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ စစ်ကောင်စီတပ်များကလည်း မြို့တော်ကိုသာမက ဘုရားကျောင်းများနှင့် စစ်ဘေးရှောင် စခန်းများကိုပါ ဗုံးကြဲတိုက်ခိုက်နေသည်။
ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှု မတိုင်မီက တက္ကသိုလ်ကျောင်းသူ ဖြစ်ခဲ့သော ထီးမားသည် လွန်ခဲ့သောနှစ် မေလက တိုက်ပွဲများကြောင့် ရွာမှထွက်ပြေးရသည်။ သူမသည် ထိုအချိန်မှစတင်ပြီး တနေရာမှ တနေရာသို့ ရွှေ့ပြောင်းနေရကာ အခြားသူများ၏ အိမ်များ သို့မဟုတ် သစ်တောများအတွင်း အိပ်စက်နေရသည်။
တခါတရံတွင် အမိုးအကာပင် မပါပေ။ မိုးရာသီအချိန်တွင် မကြာခဏ စက်စက်နစ်အောင် မိုးရေစိုနေသော်လည်း ယခုအခါတွင် ခြောက်သွေ့ရာသီသို့ ရောက်သည်မှာ ၇ လ ကြာပြီဖြစ်သောကြောင့် သန့်ရှင်းသောရေ ရရန် ရုန်းကန်နေရသည်။
တခါတရံတွင် အမိုးအကာပင် မပါပေ။ မိုးရာသီအချိန်တွင် မကြာခဏ စက်စက်နစ်အောင် မိုးရေစိုနေသော်လည်း ယခုအခါတွင် ခြောက်သွေ့ရာသီသို့ ရောက်သည်မှာ ၇ လ ကြာပြီဖြစ်သောကြောင့် သန့်ရှင်းသောရေ ရရန် ရုန်းကန်နေရသည်။
“ရေတွင်းတွေက ခမ်းခြောက်နေတယ်။ တောထဲမှာဆို ကျွဲတွေ၊ နွားတွေ ရေစိမ်တဲ့ကန်ထဲမှာပဲ ကျမတို့ ရေချိုးရပြီး အရေးပြား ယားယံတာနဲ့ အစက်အပြောက် ဖြစ်တာတွေ စတင်ခံစားနေရပြီ” ဟုလည်း သူက ပြောသည်။
“အနီးနားမှာ စမ်းချောင်းတွေ၊ ချောင်းတွေရှိပေမယ့်လည်း အဲဒီနေရာတွေမှာဆို စစ်သားတွေက ကျမတို့ကို အလွယ်တကူ ပစ်နိုင်လို့ မသွားရဲကြဘူး” ဟုလည်း သူမက ပြောသည်။
ပုဂ္ဂလိက လွတ်လပ်မှု မရှိခြင်းကိုလည်း သူက ပြောပြသည်။ “ကျမတို့ရဲ့ယာယီတဲမှာ တံခါးမရှိသလို စနစ်ကျတဲ့ အခန်းဖွဲ့စည်းမှုလည်း မရှိဘူး” ဟု သူက ပြောသည်။ “အမျိုးသမီးလစဉ်သုံးပစ္စည်း လဲဖို့လိုတဲ့အခါ အမျိုးသမီး မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို အပြင်ကနေ စောင့်ခိုင်းရတာ” ဟုလည်း သူက ပြောသည်။

တခါတရံတွင် အမျိုးသမီးလစဉ်သုံးပစ္စည်း ပြတ်လပ်သွားသည်။ “တခါတခါ လမ်းတွေပိတ်နေလို့ အမျိုးသမီး လစဉ်သုံးပစ္စည်းက မရှိတော့ဘူး” ဟု သူက ပြောသည်။ “အခု လောလောဆယ်တော့ တိုက်ပွဲတွေက ဆက်တိုက် ဖြစ်နေလို့ ဘယ်သူမှ အလုပ်မလုပ်နိုင်ဘူး။ အမျိုးသမီးလစဉ်သုံးပစ္စည်း သွားဝယ်ချင်ရင်တောင်မှ အန္တရာယ် အရမ်းများပြီး ဓာတ်ဆီဈေးကလည်း အရမ်းမြင့်တယ်” ဟု သူက ပြောသည်။
အဝတ်အစားများကို မဖြုန်းတီးလိုသောကြောင့် တခါတရံ၌ ရာသီသွေးပေါ်ချိန်တွင် သုံးရမည့် မည်သည့်ပစ္စည်းကိုမျှ မသုံးဘဲ နေခဲ့ကြောင်းလည်း သူကပြောသည်။
“အဲဒီလိုနေတော့ အတွင်းခံတွေ ညစ်ပတ်ကုန်ပြီး နေရထိုင်ရတာ မသက်မသာဖြစ်တယ်” ဟု သူကပြောသည်။
“အတွင်းခံရော အဝတ်အစားတွေအတွက်ပါ လျှော်စရာ ရေမရှိဘူး။ ဒါကြောင့် ရာသီသွေးပေါ်ချိန်မှာ လျှောက်လည်း မသွားရဲဘူး၊ တခြား စစ်ဘေးရှောင်တွေနဲ့လည်း စကားမပြောရဲဘူး”
“အတွင်းခံရော အဝတ်အစားတွေအတွက်ပါ လျှော်စရာ ရေမရှိဘူး။ ဒါကြောင့် ရာသီသွေးပေါ်ချိန်မှာ လျှောက်လည်း မသွားရဲဘူး၊ တခြား စစ်ဘေးရှောင်တွေနဲ့လည်း စကားမပြောရဲဘူး” ဟု ပြောသည်။
လိုအပ်ချက်အတွက် ဝိုင်းဝန်း ထောက်ပံ့ခြင်း
စစ်ဘေးရှောင်များအတွက် အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ဖြန့်ချိပေးရန် လုပ်ကိုင်နေသော အုပ်စုအများအပြား ရှိသော်လည်း အမျိုးသမီးလစဉ်သုံး ပစ္စည်းအနည်းငယ် သို့မဟုတ် လုံးဝ ရောက်လာခြင်း မရှိကြောင်း Al Jazeera က တွေ့ဆုံမေးမြန်းခဲ့သည့် အမျိုးသမီးများက ပြောသည်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် အခြေစိုက်ပြီး အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ဝယ်ယူဖြန့်ချိရန် အလှူခံနေသည့် စေတနာ့ဝန်ထမ်းတဦးက သူနှင့် အခြား စေတနာ့ဝန်ထမ်းများသည် ဝေးကွားသော နေရာများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များထံ ရောက်ရန် သွားလာရာတွင် အန္တရာယ်များကို အမြဲလိုလို ရင်ဆိုင်နေရကြောင်း ပြောသည်။
တိုက်ပွဲများကြောင့် ဒေသခံ ဆိုင်အများစု ပိတ်ထားသောကြောင့် အမျိုးသမီးလစဉ်သုံးပစ္စည်း ဝယ်ယူရာတွင်လည်း အခက်အခဲရှိကြောင်း စေတနာ့ဝန်ထမ်း အမျိုးသမီးက ပြောသည်။ အမျိုးသမီးလစဉ်သုံး ပစ္စည်းများကို ရန်ကုန်မှ မှာယူသောအခါ ပေးပို့မှုလည်း နှောင့်နှေးကြန့်ကြာနေကြောင်း သူကပြောသည်။
ထို့အပြင် ထိုပစ္စည်းများကို ဖြန့်ချိပေးသည် စေတနာဝန်ထမ်း အများစုသည် အမျိုးသားများ ဖြစ်နေသောကြောင့် အမျိုးသမီးများသည် လစဉ်သုံးပစ္စည်း တောင်းခံရန် တုံ့ဆိုင်းနေကြောင်းလည်း သူကပြောသည်။
စစ်ကိုင်းတိုင်းမှ မစန္ဒာကလည်း အလားတူ စိုးရိမ်ပူပန်မှုမျိုးကို ဖော်ပြသည်။
“စစ်ဘေးရှောင် စခန်းတွေကို စီမံသူ အများစုက အမျိုးသားတွေ ဖြစ်နေတော့ အမျိုးသမီးတွေက ရာသီသွေးပေါ်တဲ့ ကိစ္စတွေကို ပြောရမှာ ရှက်ကြတယ်။ စခန်းမန်နေဂျာ ဒါမှမဟုတ် တာဝန်ခံတွေက အမျိုးသမီးတွေ လစဉ်သုံး ပစ္စည်း လိုအပ်တာမျိုးကို မေ့နေကြတယ်”
“စစ်ဘေးရှောင် စခန်းတွေကို စီမံသူ အများစုက အမျိုးသားတွေ ဖြစ်နေတော့ အမျိုးသမီးတွေက ရာသီသွေးပေါ်တဲ့ ကိစ္စတွေကို ပြောရမှာ ရှက်ကြတယ်” ဟု သူက ပြောသည်။
“စခန်းမန်နေဂျာ ဒါမှမဟုတ် တာဝန်ခံတွေက အမျိုးသမီးတွေ လစဉ်သုံး ပစ္စည်း လိုအပ်တာမျိုးကို မေ့နေကြတယ်” ဟုလည်း သူက ဆက်ပြောသည်။
အမျိုးသမီး အတော်များများသည် လက်နက်ကိုင် တော်လှန်ရေး အုပ်စုများအတွင်း ဝင်ရောက်သွားပြီး ဝေးကွာသော စခန်းများတွင် နေထိုင်ကာ တောတွင်းတွင် လှုပ်ရှားနေကြသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်ကို ဆန့်ကျင်ရန် လက်နက်ကိုင် တိုက်ပွဲဝင်ပြီးနောက် ရာသီးသွေးပေါ်သည့် ကိစ္စကို စီမံရသည်မှာ ခက်ခဲလာကြောင်း ရှမ်းပြည်နယ်၊ မိုးဗြဲမှ အသက် ၁၉ နှစ်အရွယ် ဂလိုရီယာက ပြောသည်။
“တခါတခါ အမျိုးသမီးလစဉ်သုံးပစ္စည်းကို တရက်တည်းနဲ့ မလဲနိုင်ဘူး။ သုံးလို့ရသရွေ့ ဆက်သုံးနေရတယ်” ဟု သူကပြောသည်။
“အမျိုးသမီး လစဉ်သုံး ပစ္စည်း မရှိတဲ့အခါတွေဆို ဘာမှမလုပ်ဘဲ စခန်းထဲမှာပဲနေပြီး အိပ်နေရတယ်” ဟုလည်း သူကပြောသည်။
သူမသည် အမျိုးသား ၁၀၀ ခန့်ရှိသော တပ်ဖွဲ့တွင် နေထိုင်ရသည့် အမျိုးသမီး ၁၀ ဦးအနက် တဦးဖြစ်ပြီး အမျိုးသမီးများအတွက် သီးခြားအဆောင်နှင့် သန့်စင်ခန်းရှိသော်လည်း ရေချိုးသည့်နေရာမှာမူ အမျိုးသားများနှင့် အတူတူသာ ဖြစ်နေသည်။ ဆပ်ပြာ တတုံးသာရှိပြီး ရေရှားသောကြောင့် ဂလိုရီယာသည် တလလျှင် ၂ ကြိမ်ခန့်သာ ရေချိုးရသည်။
ရှေ့တန်းစစ်မျက်နှာသို့ သွားသောအခါ အဝတ်တစုံ၊ အတွင်းခံတစုံတည်းဖြင့် ရက်ပေါင်းများစွာ နေရသည်။ သူမသည် အသုံးပြုပြီးသော အမျိုးသမီးလစဉ်သုံးပစ္စည်းများကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်း သို့မဟုတ် အိတ်တွင်ထည့်ပြီး ကာလအတန်ကြာ သယ်သွားနေရကာ သောက်သုံးရေသာ ရသောကြောင့် ရေမချိုးနိုင်ပေ။
သို့သော် သူမသည် ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
“ကျမက ရာသီသွေးပေါ်ချိန်ဆို ဗိုက်အရမ်းနာတာတွေ ရှိတယ်။ တခြားရဲဘော်တွေ ချီတက်နေတာကို အမီလိုက်ရင်း သေနတ်နဲ့ လေးလံလှတဲ့ အိတ်ကိုလည်း သယ်ရသေးတယ်။ ဒီလိုအခက်အခဲတွေ ရှိပေမယ့်လည်း ဒီမိုကရေစီကို လိုချင်လို့ ကျမ ဆက်လက်တိုက်ပွဲဝင်မယ်” ဟု ဂလိုရီယာက ပြောသည်။
(Al Jazeera မှ Emily Fishbein နှင့် Nu Nu Lusan တို့၏ Period pain: Women in Myanmar struggle with menstrual hygiene ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
တော်လှန်ရေးမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေပါ ပြောင်းလဲပစ်ကြ
နွေဦးတော်လှန်ရေးလှိုင်းလုံးထဲက LGBTIQ များ
စစ်တပ်ကို ဦးမညွှတ်သူ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်
သတို့သမီးလောင်း တဦး၏ မလေးရှားသို့ ခရီးကြမ်း
ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး