ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အကျဥ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေအနေနဲ့ လုံခြုံစွာရှိနေပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခံထားရတယ်လို့ သူတို့ရဲ့မိသားစုဝင်တွေက ဧရာဝတီကို အတည်ပြုပြောဆိုပါတယ်။
အကျဥ်းသားတွေ လွတ်မြောက်သွားခဲ့ပေမယ့် မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရခဲ့ကြသလို MNDAA က အကျဥ်းသားတွေကို တပ်သားသစ်စုဆောင်းနေတယ်ဆိုတဲ့ ရေးသားမှုတွေလည်း လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမှုတွေ ရှိနေပါတယ်။
မိသားစုဝင်တွေအနေနဲ့ ဒီပြောဆိုမှုတွေက မမှန်ကန်ဘူးလို့ ငြင်းဆိုကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အကျဥ်းသားတွေ ဘေးကင်းတယ်လို့ မီဒီယာတွေမှာ ပြောဆိုထားပါတယ်။
#မြန်မာ #ဧရာဝတီ #လားရှိုး #နိုင်ငံရေးအကျဉ်းသား#ရှမ်းပြည်နယ် #MNDAA #NUG
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR