ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အခြေစိုက် စစ်ကောင်စီရဲ့ လေတပ်စခန်းကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေက တစ်ပတ်အတွင်း ၂ ကြိမ်တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်ရဲ့ တောင်ငူ ခရီးစဥ်မတိုင်ခင် သြဂုတ်လ ၂၀ ရက်နေ့မှာတကြိမ်၊ ခရီးစဥ်အပြီး သြဂုတ်လ ၂၆ ရက်နေ့မှာတကြိမ် NUG ရဲ့ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တောင်ငူလေတပ်စခန်းကို ၁၁၄ မမ ရှော့တိုက်ဒုန်း၊ကာမီကာဇဲ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #တောင်ငူလေတပ် #စစ်ခေါင်းဆောင် #တောင်ငူခရီးစဉ် #PDF #ထိခိုက်မှုရှိ