မန္တလေးမြို့ပေါ်မှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) တွေက ဦးဆောင်ပြီး မန္တလေးမြို့ပေါ်နေရာတချို့မှာ ဩဂုတ်လ ၂၉ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
ဒီ ဆန္ဒထုတ်ဖော်ပွဲကို ပျူစောထီး ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ပေါက်ကိုယ်တော် ဦးဆောင်ပါဝင်ခဲ့ပြီး မန္တလေးမြို့ စစ်ဘေးမဖြစ်စေဖို့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ မဘသအင်အား ၁၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့တာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ကိုလာရောက်ပြီး ၂ရက်အကြာမှာ အခုလို စစ်ကိုမလိုလားကြောင်း ဆန္ဒပြပွဲဖြစ်လာခဲ့တာပါ။
#မြန်မာ #ဧရာဝတီ #မန္တလေးမြို့ #မဘသ #ပေါက်ကိုယ်တော် #ဆန္ဒပြ #စစ်ဘေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR