• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ပြင်သစ်လုပ် လေယာဉ်များက မြန်မာစစ်တပ် ရာဇဝတ်မှုများကို အားပေးကူညီနေ

by ဧရာဝတီ
29 August 2024
in Military, သတင်း
A A
ပြင်သစ်လုပ် လေယာဉ်များက မြန်မာစစ်တပ် ရာဇဝတ်မှုများကို အားပေးကူညီနေ

မြန်မာစစ်တပ်က သုံးနေသည့် ပြင်သစ်လုပ်လေယာဉ်တစင်း။ စစ်တပ်တံဆိပ်ကို လေယာဉ်အမြီးပိုင်းတွင် တွေ့နိုင်သည် / မြဝတီ

1.3k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ ဆက်လက် လုပ်ဆောင်နေစဉ် ပြင်သစ်လုပ် လေယာဉ်များသည် စစ်ပွဲအတွက် တပ်ဖွဲ့၊ လက်နက်နှင့် ရိက္ခာပို့ဆောင်ရေးတွင် စစ်ကောင်စီအတွက် အရေးပါနေကြောင်း Justice for Myanmar က မကြာသေးမီက စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြလိုက်သည်။

ထိုအစီရင်ခံစာတွင် မြန်မာစစ်တပ်သို့ ရောင်းချမှု ပိတ်ပင်ထားသော်လည်း မြန်မာစစ်တပ်က လွန်ခဲ့သော ၁၄ နှစ်အတွင်း ပြင်သစ်လုပ် တာဘိုလေယာဉ် အနည်းဆုံး ၁၀ စင်းကို ဝယ်ယူ၊ မောင်းနှင်၊ ဝန်ဆောင်မှုများရစေသည့် ကမ္ဘာ့ကုမ္ပဏီများ ကွန်ရက်ကို ဖော်ထုတ်ထားသည်။

ထိုလေယာဉ်များကို ရောမအခြေစိုက် အာကာသလေကြောင်းကုမ္ပဏီ Leonardo ပိုင် ပြင်သစ်အခြေစိုက် Avions de Transport Regional (ATR) က ထုတ်လုပ်သည်။

လေယာဉ်ကိုယ်ထည်နှင့် အမြီးကို အီတလီတွင် ထုတ်လုပ်ပြီး အတောင်ပံများကို ပြင်သစ်တွင် ထုတ်လုပ်ကာ အင်ဂျင်များကို ကနေဒါမှ Pratt & Whitney Canada က ထုတ်လုပ်သည်ဟု ATR ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ “မိမိတို့၏ လေယာဉ်များသည် ပြည်သူများ၊ အတွေးအခေါ်များ၊ ကုန်ပစ္စည်းများနှင့် ဈေးကွက်များကို ဆုံစည်းစေသည်” ဟု ထိုဝက်ဘ်ဆိုက်က ဖော်ပြသည်။

အာဏာသိမ်းပြီးနောက် ဘဏ္ဍာရေးနှစ်အတွက် ပေါက်ကြားလာသည့် မြန်မာစစ်တပ် အသုံးစရိတ် စာရွက်စာတမ်းများတွင် လေတပ်၏ ATR လေယာဉ်အုပ်အတွက် အစိတ်အပိုင်း ဒေါ်လာ ၁၉ သန်းဖိုးနီးပါး ဝယ်ယူမည့် အစီအစဉ်နှင့် ထိုအစိတ်အပိုင်းများတွင် ဘက်စုံသုံး ကွန်ပျူတာများ၊ အင်ဂျင် အီလက်ထရွန် ထိန်းချုပ်ရေး စနစ်များ၊ ဆင်းသက်သည့် ကိရိယာများနှင့် ရေဒါအစိတ်အပိုင်းများ ပါဝင်ကြောင်း ဖော်ပြထားသည်။

“မြန်မာစစ်အုပ်စုက လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပြစ်ပေး အရေးယူခံရခြင်း လုံးဝမရှိဘဲ ကျူးလွန်နေခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ သူတို့အနေနဲ့ ATR လေယာဉ်တွေ၊ အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေကို လက်လှမ်းမီ ရရှိနေနိုင်ခဲ့တာကတော့ လက်ခံနိုင်ဖွယ်မရှိတဲ့ကိစ္စ ဖြစ်ပါတယ်” ဟု Justice for Myanmar မှ ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
52

နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိက လက်နက်ပွဲစားများနှင့် စီးပွားရေးလေကြောင်းလိုင်းများသည် မြန်မာစစ်အုပ်စုထံ ATR လေယာဉ်များကို လွှဲပြောင်းရောင်းချခဲ့ကြောင်းနှင့် ရောင်းချမှုအချို့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန်ကြိုးပမ်းသည့်အနေဖြင့် နောက်ဆုံးလက်ဝယ်အသုံးပြုသူအား ဖုံကွယ်ပေးထားမှုများ ရှိနေကြောင်း Justice for Myanmar ၏ သုတေသနလေ့လာမှုအရ သိရသည်။

“မြန်မာနှင့် နိုင်ငံတကာ ကုမ္ပဏီများသည် လေယာဉ်အပိုပစ္စည်းများ ဝယ်ယူပေးခြင်း၊ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့်လည်း စစ်အုပ်စုကို ကူညီခဲ့သည်” ဟု ထို အစီရင်ခံစာတွင် ဖော်ပြသည်။

“စစ်အုပ်စုက နိုင်ငံအနှံ့ ၎င်းတို့ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် စစ်သည်တွေနဲ့ စစ်လက်နက်တွေ သယ်ယူပို့ဆောင်ရာမှာ ဒီလေယာဉ်တွေကို အသုံးပြုနေတာဖြစ်ပြီး ဒါဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပံ့ပိုးကူညီနေတာပဲ ဖြစ်ပါတယ်” ဟု မရတနာမောင်က ပြောကြားသည်။

“ATR နဲ့ အခြားနိုင်ငံတကာကုမ္ပဏီတွေအနေနဲ့သူတို့ရဲ့ ထုတ်ကုန်တွေကို မြန်မာစစ်အုပ်စုက အသုံးပြုနေတာ ကာကွယ်ဖို့အတွက် လုံလောက်တဲ့ တင်ကြိုစိစစ်မှုတွေ မလုပ်ဆောင်ခဲ့ကြပါဘူး။ ဒါဟာ သူတို့ရဲ့ လူ့အခွင့်အရေးတာဝန်ဝတ္တရားကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ATR လေယာဉ်ကို အသုံးပြု၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ပို့နေကြောင်း TikTok တွင် တင်ထားစဉ်

ATR, ပြင်သစ်မှ Sabena Technics နှင့် သြစတြီးယားမှ Axis Flight Simulation Systems အပါအဝင် ဥရောပသမဂ္ဂတွင် အခြေစိုက်သော ကုမ္ပဏီများသည် အဓိက အစိတ်အပိုင်းများ၊ အပိုပစ္စည်းများကို ပြုပြင်ပေးခြင်းနှင့် လေတပ်လေယာဉ်မှူးများကို လေ့ကျင့်နိုင်စေခြင်းဖြင့် မြန်မာစစ်တပ်၏ ATR များ ဆက်လက် ပျံသန်းနိုင်စေရန် လုပ်ဆောင်ပေးနေကြောင်း ထိုစုံစမ်းစစ်ဆေးမှုတွင် တွေ့ရသည်။ ထိုသို့ လုပ်ဆောင်ရာ၌ မြန်မာတွင် ATR လေယာဉ်များ ပိုင်ဆိုင်ပြီး စစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် အရပ်ဘက် လေကြောင်းလိုင်းများကို မကြာခဏ အသုံးပြုသည်ဟု Justice for Myanmar က ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုတွင် ရှင်းပြထားသည်။

မြန်မာမှ အစိတ်အပိုင်းများ ပြုပြင်ပေးသော၊ ရောင်းချသော၊ လေတပ်လေယာဉ်မှူးများကို လေ့ကျင့်ပေးသော ဥရောပသမဂ္ဂ လုပ်ငန်းများသည် ထိုပစ္စည်းများ မြန်မာတွင် အဆုံးသတ်သည်ကို သိရှိရန် လုံလောက်သော လုံ့လစိုက်ထုတ်မှုလုပ်ရန် ပျက်ကွက်သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာ၊ အမေရိကန် ပြည်ထောင်စု၊ အစ္စရေးနှင့် စင်ကာပူမှ ကုမ္ပဏီများသည် အစိတ်အပိုင်းများနှင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုပေးကြပြီး အချို့ကို အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုပ်ဆောင်ပေးကြောင်း စုံစမ်းစစ်ဆေးမှုအရ သိရသည်။

“မြန်မာစစ်အုပ်စုက ကလေးငယ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ရပ်ရွာတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ရာမှာ အားကိုးအားထားပြုနေတဲ့ ဆယ်စင်းထက်မနည်းရှိတဲ့ ATR လေယာဉ်တွေကို ဆက်လက် အသုံးမပြုနိုင်အောင် အစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု မရတနာမောင်က ပြောသည်။

“အရေးယူဆောင်ရွက်မှုတွေမှာ စစ်အုပ်စုရဲ့ ATR လေယာဉ်တွေအတွက် အပိုပစ္စည်းတွေ၊ လေ့ကျင့်သင်ကြားမှုတွေနဲ့ နည်းပညာအကူအညီတွေ ရရှိနေတာတွေကို ဖြတ်တောက်ပစ်ဖို့ ပါဝင်ရမှာ ဖြစ်ပါတယ်” ဟုလည်း မရတနာမောင်က ပြောကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

“နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ပြင်သစ်လေယာဉ်တွေကို မြန်မာစစ်အုပ်စုက အသုံးပြုနေခြင်းက ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ၎င်းတို့ရဲ့ ကန့်သတ်ပိတ်ပင်ထားတဲ့ အရေးယူဆောင်ရွက်ချက်တွေကို တိုးမြှင့်ချမှတ်ဖို့နဲ့ ပိုမို အသက်ဝင်စေဖို့ လိုအပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ စင်ကာပူနိုင်ငံအနေနဲ့လည်း စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေကို မြန်မာစစ်အုပ်စု ရရှိအသုံးပြုနေမှုတွေကို ၎င်းတို့နယ်မြေ ပိုင်နက်အတွင်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားတာတွေကို ရပ်တန့်ဖို့တွေအတွက် အခုထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟု မရတနာမောင်က ပြောသည်။

မြန်မာတွင် စစ်တပ်သည် ATR များ ဝယ်ယူရန်နှင့် ဆက်လက် ပျံသန်းနိုင်စေရန် အရပ်ဘက် လေကြောင်းလိုင်းများနှင့် ခရိုနီကုမ္ပဏီများကို အသုံးပြုသည်။

24 Hour Group က ပိုင်ဆိုင်သည့် Air KBZ (ယခု မင်္ဂလာလေကြောင်း) သည် ATR နှစ်စီးကို လေတပ်သို့ လွှဲပြောင်းပေးပြီး လက်နက်ပွဲစား International Gateways Group က ဗီယက်နမ်လေကြောင်းလိုင်းမှ နောက်ထပ် ATR နှစ်စီးဝယ်ယူရာတွင် ၎င်း၏ အမည်ကို အသုံးပြုခွင့်ပေးခဲ့သည်။

စစ်တပ်နှင့်ပတ်သက်သည့် လုပ်ငန်းစု KT Group သည် ၎င်း၏ ဗြိတိသျှ ဗာဂျင်ကျွန်းစု လုပ်ငန်းခွဲ MWG လီမိတက်မှတဆင့် စစ်တပ်အတွက် ATR နှစ်စီးဝယ်ယူရန် ပွဲစားလုပ်ပေးသည်ဟု Justice for Myanmar က ဖော်ပြသည်။

အခြား ATR လေယာဉ်များကို ခရိုနီလုပ်ငန်းစု ထူးအုပ်စုက ဝယ်ပေးပြီး လေတပ်၏ ATR အနည်းဆုံး ခြောက်စင်းကို ပြုပြင်ထိန်းသိမ်းရေး လုပ်ပေးကြောင်း အထက်ပါ စုံစမ်းစစ်ဆေးမှုအရ သိရသည်။

အပိုပစ္စည်းများနှင့် အစားထိုး အစိတ်အပိုင်းများကို မြန်မာလေတပ်နှင့် ၎င်း၏ပွဲစားများ ရရှိခြင်း၊ ပျံသန်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လေ့ကျင့်မှုများ ရရှိခြင်း၊ ATR လေယာဉ်များ ဆက်လက် ပျံသန်းနိုင်ရေးအတွက် လိုအပ်သော ညွှန်ကြားချက်များ ရရှိခြင်းတို့ကို အရေးပေါ် ပိတ်ပင်ရန် Justice for Myanmar က အစိုးရများကို တောင်းဆိုသည်။

24 Hour Group, KT Group, International Gateways Group နှင့် ထူးအုပ်စု အပါအဝင် စစ်တပ်၏ ATR လေယာဉ်အုပ်စုကို ပံ့ပိုးသည့် မြန်မာကုမ္ပဏီများ အားလုံးကို ပစ်မှတ်ထား ညှိနှိုင်းအရေးယူမှုများ တိုးချဲ့သင့်သည်။

နိုင်ငံတကာ ကုမ္ပဏီများသည် မြန်မာစစ်တပ်ကို ပံ့ပိုးနေသည့် မြန်မာလက်နက်ပွဲစားများနှင့် အရပ်ဘက် လေကြောင်းလိုင်းများနှင့် စီးပွားရေး လုပ်ငန်းများအားလုံရပ်တန့်သင့်ကြောင်း၊ တိုက်ခိုက်မှုများအတွက် အားထားနေရသည့် ATR လေယာဉ် အနည်းဆုံး ၁၀ စင်းကို မြန်မာလေတပ်က ဆက်လက် အသုံးမပြုနိုင်အောင် အစိုးရများအနေဖြင့် အရေးပေါ် အရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း Justice for Myanmar က ဖော်ပြသည်။

အထက်ပါ စုံစမ်းစစ်ဆေးမှုသည် ဓာတ်ပုံများ၊ ဘဏ္ဍာငွေ အသုံးစရိတ် စာရွက်စာတမ်းများ၊ လေယာဉ်ဝယ်ယူသည့် ကန်ထရိုက်စာချုပ်များ၊ ပြုပြင်ထိန်းသိမ်းရေး မှတ်တမ်းများ၊ အစည်းအဝေးမှတ်တမ်းများ၊ အများပြည်သူ သတင်းအချက်အလက်များ၊ ကိုယ်တွေ့သိရှိသူများထံမှ အသေးစိတ်များကို အခြေခံကြောင်း သိရသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ French Aircraft Are Abetting War Crimes in Myanmar: Report ကို ဘာသာပြန်သည်။)

You may also like these stories:

အိန္ဒိယလေပိုင်နက်အတွင်း မြန်မာစစ်လေယာဉ်များ ဝင်ခွင့်မပေးရန် တိုက်တွန်း

ရုရှား စစ်လေယာဉ်မှူးများ ပါသော ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်နေ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)

Your Thoughts …
Tags: Air KBZATR လေယာဉ်Justice for Myanmarခရိုနီစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်သုံးစရိတ်စစ်အာဏာသိမ်းမှုပြင်သစ်လက်နက်ပွဲစားလူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများလေယာဉ်ရောင်းချမှုအရေးယူပိတ်ဆို့မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြင်းခြံခရိုင် စစ်ရေးအခြေအနေကြောင့် မိတ္ထီလာ၌ လုံခြုံရေးတိုးမြှင့်

မြင်းခြံခရိုင် စစ်ရေးအခြေအနေကြောင့် မိတ္ထီလာ၌ လုံခြုံရေးတိုးမြှင့်

စစ်တပ်က ပြည်သူကြားထဲ ပြန်ဝင်ပုန်းတာ (ရုပ်/သံ)

စစ်တပ်က ပြည်သူကြားထဲ ပြန်ဝင်ပုန်းတာ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved