မိုးဗြဲဆည် ရေကာတာ ဖောက်ချမှုကြောင့် ဒီးမော့ဆိုမြို့က ဖောင်းတောကျေးရွာ၊ ဘုရားနီ၊ ဘုရားဖြူ၊ပလဖ ကျေးရွာတွေဟာ ပြီးခဲ့တဲ့ တလကျော်ကြာထဲက ရေနစ်မြုပ်မှု ကြုံနေရပြီး သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပါတယ်။
အခု ရေနှစ်မြုပ်တဲ့ ကျေးရွာတွေဟာ အရင်နှစ်တွေက စစ်ဘေးရှောင်နေရပြီး နေအိမ်တွေ မီးရှို့ခံထားရတဲ့ ကျေးရွာတွေဖြစ်ပါတယ်။
လက်ရှိမှာ ရေနစ်မြုပ်မှု အချိန်ကြာလာပြီဖြစ်တာကြောင့် စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေပါ လိုအပ်နေတာပါ။
#မြန်မာ #ဧရာဝတီ #ဒီးမော့ဆို #မိုးဗြဲဆည် #ရေနစ်မြုပ် #စားနပ်ရိက္ခာ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR