စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှုကို လက်မခံကြတဲ့ ပြည်သူတွေ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြရာမှာ ဆရာတော်၊ သံဃာတော်တွေလည်း ပါဝင်ခဲ့ကြပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်က စစ်မြေပြင်သုံးလက်နက်တွေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့ချိန်မှာတော့ လူငယ်တွေဟာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတော့တယ်။
လူငယ်တွေရွေးချယ်လိုက်ကြတဲ့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်မှာ လူငယ်၊ လူရွယ်တွေအပြင် ဆရာတော်၊ သံဃာတော်တွေလည်း သင်္ကန်းကို စွန့်ပြီး ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို လက်မခံနိုင်တာနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေကို လျစ်လျူ မရှုနိုင်တာကြောင့်သာ လူဝတ်လဲ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ငယ်ဖြူဆရာတော်တွေအတွက် ရုတ်တရက် လူဝတ်ကြောင်လဲပြီး လက်နက်ကိုင်ခဲ့ရတဲ့ ဘဝမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ကြရပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်မယ့် တနေ့မှာတော့ လူဝတ်ကြောင်ဘဝကို စွန့်ပြီး သင်္ကန်းပြန် ဝတ်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။
#မြန်မာ #ဧရာဝတီ #အာဏာသိမ်း #စစ်ကောင်စီ #သံဃာ #လက်နက်ကိုင် #တော်လှန်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy