၁၀၂၇ စစ်ဆင်ရေး ၂ ကြော့လုံးမှာ စစ်ကောင်စီရဲ့ မဟာဗျူဟာကျတဲ့ လမ်းမကြီးတွေ၊ တပ်စခန်းတွေနဲ့ မြို့တွေကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဟာ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ရုတ်တရက် ထုတ်ပြန် ကြေညာပါတယ်။
ဒါဟာ တရုတ်က TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ်တပ်တွေအပေါ် အပြင်းအထန် အကြပ်ကိုင် ဖိအားပေးမှုတွေ အပြီးမှာ ထွက်ပေါ်လာတာ ဖြစ်သလို အာဏာသိမ်းခေါင်းဆောင်ရဲ့ ၁၀၄ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာ ထုတ်ပြန်တဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းအတွင်းမှာ TNLA ဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတွေကို တိုက်ခိုက်၊ သိမ်းပိုက်နိုင်တဲ့ အပြင် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါ မြို့တွေကိုပါ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ မြောက်ပိုင်း မဟာမိတ်ရဲ့ စစ်ဆင်ရေးတွေ ရပ်ပေးဖို့ စစ်ကောင်စီက တရုတ်ကို အပူကပ်ခဲ့သလို နယ်စပ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် စိုးရိမ်လာတဲ့ တရုတ်အစိုးရကလည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကို အကြပ်ကိုင် ဖိအားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy