• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

UWSA နှင့်ထိပ်တိုက်မတွေ့ရန် ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်ပြော

by ဧရာဝတီ
26 November 2024
in သတင်း
A A
UWSA နှင့်ထိပ်တိုက်မတွေ့ရန် ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်ပြော

UWSA နှစ် ၃၀ ပြည့်အခမ်းအနားတွင် စစ်ရေးပြနေသည့် ဝတပ်ဖွဲ့များ (ဓာတ်ပုံ -ဧရာဝတီ)

9.5k
VIEWS
Share on FacebookShare on Twitter

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်းများဆုတ်ခွာရန် ထိုင်းဘက်မှ တောင်းဆိုပြီးနောက် စစ်ရေးတင်းမာနေချိန်တွင် ထိပ်တိုက်တွေ့မည့်အန္တရာယ်မရှိစေရန် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pana Klaewplodtuk က ညွှန်ကြားထားကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာန၌ ယနေ့ ဖော်ပြသည်။

နယ်စပ်အရေးတင်းမာမှုနှင့် ပတ်သက်ပြီး ထိပ်တိုက်တွေ့မည့်အန္တရာယ် မရှိစေရကြောင်း ပြည်သူများအား အသိပေးရန် ၎င်းက ယနေ့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုလည်း ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Thirat Sombatsiri ၏ ပြောကြားချက်ကို ကိုးကားပြီး Khaosod သတင်းဌာနက ဖော်ပြထားခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၈ ရက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်တာဝန်ရှိသူများနှင့် UWSA အမှတ် ၁၇၁ စစ်ဒေသ ခေါင်းဆောင်များ တွေ့ဆုံးဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် ထိစပ်နယ် စပ်မျဉ်းပေါ် မှ UWSA တပ်စခန်း ၉ ခုအား ဆုတ်ခွာသွားရန် ထိုင်းဘက်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုတောင်းဆိုချက်နှင့် ပတ်သက်ပြီး UWSA ဘက်က လက်ခံခြင်းမရှိဘဲ နှစ်နိုင်ငံနယ်နိမိတ်ကိစ္စသည် နှစ်နိုင်ငံဆွေးနွေးရမည့် ကိစ္စသာဖြစ်ပြီး ၎င်းတို့အနေဖြင့် ဖြေရှင်း၍မပြီးနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး နယ်စပ်မျဉ်းအနီး တပ်စခန်းများဝန်းကျင်၌ UWSA နှင့် ထိုင်းစစ်တပ် နှစ်ဖက်စလုံးက လက်နက်ကြီးများ အသင့်ပြင်ကာ စစ်ရေးပြင်ဆင်မှုများရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ထိုင်းစစ်တပ်အနေဖြင့် ၎င်းတို့တပ်စခန်း ၉ ခုအား ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ပြီး ထိုင်းဘက်မှ စစ်အင်အား တိုးချဲ့မှုများရှိကြောင်း သိထားရသည်ဟု ဧရာဝတီကို ပြောသည်။

ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားသည့် အငြင်းပွားနေသည့်နေရာပြမြေပုံ / Khaosod

၎င်းက “တပ်စခန်း ၉ ခုကို သူတို့ ဖယ်ခိုင်းတာတော့မှန်တယ်။ ဒီကိစ္စက နိုင်ငံအချင်းချင်း ဖြေရှင်းရမယ့်ကိစ္စရပ်ဖြစ်တယ် ဆိုတာလည်း ကျနော်တို့ အကြောင်းပြန်ထားတယ်။ ဒီကိစ္စရပ်မျိုးက ကျနော်တို့လည်း မပြီးဘူးလေနော်။ ဒီကိစ္စကို နိုင်ငံအတော်အကြီးပိုင်းတွေကို သတင်းပို့ပြီးပါပြီ။ ထိုင်းဘက်က အင်အားတိုးချဲ့တာတော့ သိရတယ်။ ကျနော်တို့ ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ” ဟု ဆိုသည်။

လက်ရှိ UWSA နှင့် ထိုင်းစစ်တပ်ကြား စစ်ရေးတင်းမာမှုများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် Phumtham Wechayachai က ပြဿနာ ပိုမိုကြီးထွားမလာစေရန် ဆက်လက်ညှိနှိုင်းဆောင်ရွက်မှုများရှိနေပြီး UWSA အနေဖြင့် လက်ရှိထက် ပိုမိုနယ်မြေကျော်လွန်တပ်ဖြန့်လာမှသာ ထိုင်းဘက်မှ အလွတ်သဘောသတ်မှတ်ထားသည့် မျဉ်းတဖက်သို့ ဖိအားပေးတွန်းထုတ်သွားမည်ဟု ယနေ့ ပြောကြားခဲ့ကြောင်းလည်း ထိုင်းအခြေစိုက် Thai Enquirer သတင်းဌာနက ဖော်ပြသည်။

စစ်တပ်အင်အားဖြည့်တင်း ပြင်ဆင်မှုများနှင့် ပတ်သက်ပြီးလည်း နှစ်ဖက်စလုံး စစ်လက်နက်များ ပိုင်ဆိုင်ထားကြောင်း မှတ်ချက်ပြုခဲ့ပြီး ယနေ့ နံနက်ပိုင်းအထိ အခြေအနေ တည်ငြိမ်မှုရှိနေကြောင်း ၎င်းက ပြောထားသည်။

UWSA ၁၇၁ စစ်ဒေသ မိုင်းတုံနှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ကြား နယ်စပ်မျဉ်းပေါ်ရှိ UWSA တပ်စခန်းများအား ထိုင်းနယ်နိမိတ် ကျော်လွန်နေသည်ဟုဆိုကာ ဖယ်ရှားရေး ထိုင်းဘက်က တောင်းဆိုနေသည်မှာ ဆယ်စုနှစ်ခန့် ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ UWSA က တပ်စခန်းများ နေရာယူထားနိုင်ဆဲ ဖြစ်သည်။

ဝ” လူငယ်အသံကွန်ရက်က ဖော်ပြထားသည့် ၁၇၁ ဒေသ နေရာပြမြေပုံ / ဝ” လူငယ်အသံကွန်ရက်ကို

ထိုဒေသသည် ထိုင်းနှင့် မြန်မာနိုင်ငံကြား နယ်နိမိတ်မျဉ်း သတ်မှတ်အတည်ပြုနိုင်ခြင်း မရှိသေးသည့် ဒေသတခုလည်း ဖြစ်သည်။

၁၉၉၀ ပြည့်လွန်နှစ်များက UWSA ရခဲ့သည့် “ဝ” ပြည် တောင်ပိုင်း (၁၇၁ စစ်ဒေသ ) သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ အပါအဝင် မြို့နယ်ခုနှစ်မြို့နယ် သတ်မှတ်ထိန်းချုပ်ထားခြင်း ဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
52

အဆိုပါ မြို့နယ်များသည် “ဝ” မြောက်ပိုင်း၊ ပန်ဆန်းဒေသကဲ့သို့ သီးခြားရှိမနေဘဲ စစ်ကောင်စီထိန်းချုပ်နယ်မြေများ၊ တပ်များနှင့် ရောယှက်နေပြီး ခေတ်အဆက်ဆက် အစိုးရဖွဲ့စည်းပုံ၌လည်း မိုင်းဆတ်ခရိုင်နှင့် မိုင်းဆတ်၊ မိုင်းတုံမြို့နယ်များ ပါဝင်သည်ကို တွေ့ရသည်။

၁၇၁ စစ်ဒေသတွင် တပ်မဟာ ၅ ခု ဖွဲ့စည်းထားပြီး တပ်မဟာတခုလျှင် တပ်ရင်း ၆ ရင်း ပါဝင်ကာ တပ်မဟာများ၌ လက်နက်ကြီးတပ်ခွဲများ ထည့်သွင်းဖွဲ့စည်းထားသလို ၁၇၁ စစ်ဒေသဌာနချုပ်တွင်လည်း ကင်းတပ်နှင့် အမြောက်တပ် ဖွဲ့စည်းထားရှိသည်။

You may also like these stories:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

Your Thoughts …
Tags: ၁၇၁ စစ်ဒေသUWSAစစ်ရေးတင်းမာထိုင်းစစ်တပ်နယ်နိမိတ်ရှမ်းပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.7k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

Next Post
ကြံနှင့်ပြောင်း သယ်ယူနိုင်ရေး နယ်စပ်ဂိတ်တချို့ တရုတ် ပြန်ဖွင့်

ကြံနှင့်ပြောင်း သယ်ယူနိုင်ရေး နယ်စပ်ဂိတ်တချို့ တရုတ် ပြန်ဖွင့်

မြောက်ပိုင်းတွင် အပစ်ရပ်ပြီး ဆွေးနွေးညှိနှိုင်းရေး တရုတ် တိုက်တွန်းထား 



မြောက်ပိုင်းတွင် အပစ်ရပ်ပြီး ဆွေးနွေးညှိနှိုင်းရေး တရုတ် တိုက်တွန်းထား 



No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved