နိုင်ငံပြင်ပကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေအနေနဲ့ ပြည်တွင်းကို ပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဖိတ်ခေါ်လိုက်ပါတယ်။
အစိုးရ တရပ်အနေနဲ့ အဝေးရောက်အစိုးရ ဖြစ်လို့ မရသလို အဝေးရောက် ခေါင်းဆောင်တွေအနေနဲ့လည်း မြေပြင်မှာ စုစည်းပြီး အင်အားတည်ဆောက်ရမယ်လို့ ယာယီသမ္မတက ဆိုပါတယ်။
NUG အစိုးရဟာ ဝန်ကြီးဌာနက ၁၇ ခုနဲ့ ဖွဲ့စည်းထားပြီး ဌာနဆိုင်ရာဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ လက်ရှိမှာ ဥရောပနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဩစတြေးလျ ၊ ဂျာမနီ၊ အင်္ဂလန်၊ ကနေဒါ စတဲ့နိုင်ငံတွေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ အများစုရောက်ရှိနေကြပြီး ထိုင်းနိုင်ငံနဲ့ လွတ်မြောက်နယ်မြေတွေမှာ အနည်းငယ်သော ဝန်ကြီးတချို့ပဲ ရှိနေကြပါတယ်။
ယာယီသမ္မတရဲ့ ဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကို ဧရာဝတီက သီးသန့် ဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ယာယီသမ္မတ #ဒူဝါလရှီးလ #NUG #အစိုးရအဖွဲ့ဝင် #ဥရောပနိုင်ငံ #သမ္မတရုံး #ဦးကျော်ဇော