တိုင်းပြည်ဒုက္ခရောက်နေချိန်မှာ တာဝန်ကျေတဲ့ နိုင်ငံသားကောင်းတယောက်ဖြစ်ချင်တယ်လို့ Hip Hop အဆိုတော် ရန်ရန်ချမ်းက ပြောလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို လက်မခံတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်ရန်ရန်ချမ်းဟာ တဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။
အခုချိန်မှာတော့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်ကာ တော်လှန်ရေးရန်ပုံငွေပွဲတွေမှာ တဖက်တလမ်းက ပါဝင်နေပြီး စစ်ကောင်စီကို ဆန့်ကျင်နေပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ အိမ်နီးချင်းတရုတ်နိုင်ငံကို မြန်မာ့အရေးမှာ ပါဝင်စွက်ဖက်တာတွေ မလုပ်ဖို့ ဆန့်ကျင်ဆန္ဒပြမှုတွေမှာလဲ ပါဝင်နေသူတဦးဖြစ်ပါတယ်။
အဆိုတော်ရန်ရန်ချမ်းဟာ စစ်ကောင်စီရဲ့ ကွပ်မျက်ခြင်းခံခဲ့ရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် နဲ့အတူ Acid အဖွဲ့ကို ဖွဲ့စည်းထူထောင်ခဲ့သူ တဦးဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကျွမ်းကျင်ရာ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ အနုပညာ အလုပ်တွေကို လုပ်ကိုင်နိုင်ခြင်းမရှိပဲ မနေချင်တဲ့နေရာမှာ နေထိုင်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်လို့ သူက ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













