အာဏာသိမ်း စစ်ကောင်စီဟာ လှည့်ကျစနစ်နဲ့ပေးနေတဲ့ လျှပ်စစ်မီးကိုတောင် မှန်အောင်မပေးနိုင်တော့ပါဘူး။ ရန်ကုန်မြို့မှာ အရင်က အလှည့်ကျ မီးရရှိမှုဟာ တရက်ကို ၁၂ နာရီ ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်ရဲ့ မီးပေးဝေမှု ဇယားမှာတော့ တရက်ကို ၈ နာရီသာ ရရှိတော့မှာဖြစ်ပြီး အဆိုးဝါး ဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။
အာဏာသိမ်းပြီးနောက် လျှပ်စစ်ကဏ္ဍရင်းနှီးမြုပ်နှံမှုတွေ နုတ်ထွက်သွားတာ၊ သဘာဝဘေးအန္တရာယ် တွေ နဲ့ သဘာဝဓါတ်ငွေ့ လျှော့နည်းလာမှု၊ ဓာတ်အားလိုင်းဖျက်ဆီးခံရမှုတွေကြောင့် လျှပ်စစ် ထုတ်လုပ်နိုင်မှုဟာ တနှစ်ထက်တနှစ်လျှော့နည်းလာနေတာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထား ပါတယ်။
လက်ရှိထုတ်လုပ်နိုင်မှုရဲ့ ၄၈ ရာခိုင်နှုန်းကို ရန်ကုန်၊ ၁၇ ရာခိုင်နှုန်းကို မန္တလေးနဲ့ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းတွေကို ၃၅ ရာခိုင်နှုန်း အချိုးကျ ခွဲဝေပေးနေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အရင်က ၂၄ နာရီ မီးရရှိနေတဲ့ နေပြည်တော်ဟာလည်း အခု ၂၀၂၅ မှာတော့ အလှည့်ကျ မီးပေးဝေတဲ့ စနစ်ထဲ ရောက်ရှိလာခဲ့ပါပြီ။
ဧရာဝတီ အယ်ဒီတာစကားဝိုင်း အစီအစဉ်ထဲက လျှပ်စစ်မီးကဏ္ဍကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။
#မြန်မာ #ဧရာဝတီ #Editorialtalk #အောင်ဇော် #လျှပ်စစ်မီး #စစ်ကောင်စီ #ဖယောင်းတိုင်