စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်း အပါအဝင် စစ်တပ်က အရာရှိ ၂၃ ဦး ကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ဖေဖော်ရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဖမ်းဝရမ်းကိုနိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့နဲ့ နိုင်ငံတချို့ကို ပေးပို့ သွားမယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့ အင်တာပို လက်အောက်မှာ နိုင်ငံပေါင်း ၁၉၆ နိုင်ငံရှိပြီး ဒီနိုင်ငံတွေထဲ အာဆီယံနိုင်ငံတွေအပါအဝင် စစ်ကောင်စီကို ကျောထောက်နောက်ခံ အကူအညီတွေ ပေးနေတဲ့ တရုတ်နိုင်ငံလည်း ပါဝင်နေပါတယ်။
လက်ရှိမှာ စစ်ခေါင်းဆောင်အနေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လက်ခံတွေ့ဆုံဖို့ ခက်ခဲသွားနိုင်ပြီး ရွေးကောက်ပွဲကနေ နိုင်ငံရေး ထွက်ပေါက်ရှာဖို့ ပြင်ဆင်နေတဲ့ စစ်ခေါင်းဆောင်အတွက် သက်ရောက်မှုတွေ များစွာရှိနိုင်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ဖမ်းဝရမ်း #ရိုဟင်ဂျာ #မင်းအောင်လှိုင်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













