ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း ကျားဖြန့်နှိမ်နင်းရေးမှာ ဖမ်းဆီးရမိထားတဲ့ ကျားဖြန့်ခေါင်းဆောင်တွေဟာ တရုတ်လူမျိုးတွေ ဖြစ်တယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဧရာဝတီကို အတည်ပြုပါတယ်။
လက်ရှိမှာ ၆ ဦးဖမ်းဆီးရမိထားတာကိုသာ အတည်ပြုထားပြီး သူတို့ကအရေးကြီးတဲ့ တရားခံတွေဖြစ်တဲ့အတွက် လွှဲပြောင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းတွေက ဖမ်းဆီးရမိသူတွေဟာ နိုင်ငံပေါင်းစုံကဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံတွေက ခေါ်ဆောင်မှုမရှိသေးတဲ့အတွက် မြန်မာဘက်ခြမ်းမှာ ထိန်းသိမ်းထားတာဖြစ်လို့ အစားအသောက်နဲ့ အခြားအခက်အခဲတွေကို ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy