မလေးရှားနိုင်ငံအတွင်း အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ အော်ပရာစီ စီမံချက် ကြောင့် ဖေဖော်ဝါရီ ၂၂ ရက် နဲ့ ၂၄ ရက်နေ့ ၂ ရက်အတွင်း မြန်မာနိုင်ငံသားပေါင်း ၁၀၀၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်တာကာလအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားပေါင်း ၁၅၀၀ ကျော် ဖမ်းဆီးခံထားရပြီးဖြစ်တယ်လို့ မလေးရှားရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ဧရာဝတီကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့က မြန်မာနိုင်ငံသား အများအပြားရှိတဲ့ မဲရူးဈေးကို အာဏာပိုင်တွေက ဝင်ရောက်ရှာဖွေခဲ့ရာ တရက်တည်းမှာပဲ မြန်မာနိုင်ငံသား ၅၀၀ ဝန်းကျင် ဖမ်းဆီးမိခဲ့တယ်လို့ မလေးရှားနိုင်ငံ၊လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း မလေးရှားနိုင်ငံက လျှပ်စစ်စက်ရုံ ၁၂ ရုံကို ဝင်ရောက်စစ်ဆေးရာ အထောက်အထားမဲ့ အလုပ်သမား ၄၀၀ ကျော် ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ တရုတ်၊ နီပေါ၊ ကမ္ဘောဒီးယားနဲ့ ဆူဒန်နိုင်ငံသားတွေပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













