အာရက္ခတပ်တော် (AA) ရဲ့ စစ်ဆင်ရေးတွေဟာ ရခိုင်ပြည်နယ် အပါအဝင် ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ဆက်လက် ဖြစ်ပွားနေတယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ဧရာဝတီကို အတည်ပြုပါတယ်။
ရခိုင်ပြည်နယ်ထဲမှာတော့ AA က သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့တော် စစ်တွေ အပါအဝင် တရုတ် စီမံကိန်းတွေရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာလည်း မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေသလို နေရာတချို့ကိုလည်း သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ဖော်ဆောင်နေတဲ့ စစ်ဆင်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













