မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့ မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်ပြီး ၄နှစ်အတွင်းမှာ အင်အား ၁ထောင်ကျော်အထိ ရရှိခဲ့တယ်လို့ YPDF ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ဆိုပါတယ်။
ယောဒေသဟာ ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာ တည်ရှိပြီး ဒေသတွင်းမှာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၂၀ လောက်အထိ ရှိနေပါတယ်။
ယောအမျိုးသားနိုင်ငံရေးကို ဦးတည်ပြီးဆက်လက်လုပ်ဆောင်သွားဖို့ တပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ပေမယ့် တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဖျက်သိမ်းလိုက်တဲ့ YPDF က ယောတပ်မတော် (YA) နဲ့ ပူးပေါင်းလိုက်ပြီး ဒေသတွင်းပြန့်ကျဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း ပြန်လည်စုစည်းသွားမယ်လို့ သိရပါတယ်။
YPDF ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် YPDF အမည်နဲ့ စစ်ရေး၊ နိုင်ငံရေး စတဲ့ကိစ္စရပ်တွေအပြင် အလံ၊ အမည်၊ တံဆိပ် အလွဲသုံးစားပြုခြင်းဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တာဝန်ယူ ဖြေရှင်းသွားမှာ မဟုတ်တော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
YPDF စတင်ပေါ်ပေါက်လာပုံ၊ လေးနှစ်တာအတွင်း တပ်ဖွဲ့ရပ်တည်ခဲ့ရပုံနဲ့ ဘာကြောင့်ဖျက်သိမ်းခဲ့လဲဆိုတာတွေကို အရင် YPDF ဗဟိုအလုပ်မှုဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy