• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၂)

by ကိုဦး
27 May 2023
in ဆောင်းပါး
A A
CNA တပ်ဖွဲ့ဝင်များ

CNA တပ်ဖွဲ့ဝင်များ

7.6k
VIEWS
Share on FacebookShare on Twitter

၃။ CDF- KKG (ကလေး၊ ကဘော်၊ ဂန့်ဂေါ)

CDF-KKG (ကလေး၊ ကဘော်၊ ဂန့်ဂေါ) တပ်ဖွဲ့ဝင်များ / CDF-KKG

ယောနယ်နှင့် ကလေး-ကဘော်ဒေသများတွင် နေထိုင်ကြသည့် ချင်းလူမျိုးများကို အခြေပြုဖွဲ့စည်းထားသည့် တပ်ဖွဲ့ဖြစ်၏။ အာဏာသိမ်းပြီး သပိတ်မှောက်စဉ်ကာလကတည်းက ကလေးမြို့မှ ချင်းလူမျိုး၏ တာဟန်းခံတပ်သည် အမည်ရသည်။ CDF-KKG ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ တပ်ရင်း ခြောက်ရင်း ဖွဲ့စည်းထားသည်ကို တွေ့ရပြီး ကလေး PDF ၊ ယော၊ ဂန့်ဂေါဒေသ PDF များနှင့် ပူးတွဲ လှုပ်ရှားသည်ကို တွေ့ရ၏။

၄။ CDF-  မင်းတပ်

CDF မင်းတပ် လက်မောင်းတံဆိပ်

CDF မင်းတပ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ပီပီပြင်ပြင် ဖွဲ့စည်းနိုင်ခဲ့သကဲ့သို့ ချင်းပြည်နယ်တွင် ပထမဆုံး လက်နက်ကိုင် ခုခံတိုက်ခိုက်ခဲ့သော တပ်ဖွဲ့လည်းဖြစ်၏။ CDF မင်းတပ်သည် လင်းယုန်တပ်ရင်း၊ သိန်းငှက်တပ်ရင်းစသည်တို့ဖြင့် တပ်မဟာတခု ဖွဲ့စည်းထား၏။

CDF မင်းတပ်၏ နှစ်နှစ်ပြည့် တိုက်ပွဲစာရင်းချုပ်အရ နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၂၁၈ ပွဲ ဖြစ်ခဲ့သည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၅၀ ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး CDF မင်းတပ်တပ်ဖွဲ့ဝင် ၅၅ ဦး ကျဆုံးခဲ့သည်ဟု သိရ၏။ CDF မင်းတပ်သည် ယောဒေသ PDF များနှင့် ပူးပေါင်း တိုက်ပွဲဝင်လေ့ရှိသည်။

CDF မင်းတပ်၏ နှစ်နှစ်ပြည့် တိုက်ပွဲစာရင်းချုပ်အရ နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၂၁၈ ပွဲ ဖြစ်ခဲ့သည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၅၀ ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး CDF မင်းတပ်တပ်ဖွဲ့ဝင် ၅၅ ဦး ကျဆုံးခဲ့သည်ဟု သိရ၏။ CDF မင်းတပ်သည် ယောဒေသ PDF များနှင့် ပူးပေါင်း တိုက်ပွဲဝင်လေ့ရှိသည်။

၅။ CDF-  ကန်ပက်လက်

CDF ကန်ပက်လက်ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ CDF ကန်ပက်လက်၏ ထုတ်ပြန်ချက်အရ နှစ်နှစ်အတွင်း တိုက်ပွဲ ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စကစ တပ်ဖွဲ့ဝင် ၂၀၀ ခန့် သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ CDF ကန်ပက်လက်မှ ၁၂ ဦး ကျဆုံး၍ ပြည်သူ ခြောက်ဦး ထိခိုက်သေဆုံးခဲ့သည်ဟု သိရ၏။ အနည်းဆုံး တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ CDF ကန်ပက်လက်သည်လည်း ယောဒေသ PDF များနှင့် ပူးပေါင်းဆောင်ရွက်မှုရှိ၏။

၆။ CDF-  မတူပီ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မတူပီပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မတ်လ ၃၁ ရက်နေ့တွင် ‘မတူပီတော်လှန်ရေးတပ်ဖွဲ့’ ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့၏။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ‘CDF မတူပီ’ ဟု ပြောင်းလဲဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့၏။ စတင်ဖွဲ့စည်းပြီး နှစ်နှစ်အကြာတွင် CDF မတူပီမှ ရဲဘော် ၂၄ ဦး တော်လှန်ရေးအတွင်း ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့၏။ CDF မတူပီတပ်ဖွဲ့များသည် မတူပီ-မင်းတပ် ကားလမ်း၊ မတူပီ-ပလက်ဝ ကားလမ်းများတလျှောက် လမ်းကြောင်းများကို ထိန်းချုပ်တိုက်ပွဲဝင်ခဲ့ကြသည်ကို တွေ့ရသည်။

၇။ CDF-   ပလက်ဝ

IKACC/ CDF- Paletwa တပ်ဖွဲ့ဝင်များ

Khumi Affairs Coordination Council (KACC) သည် ခူမီး (ချင်း) မျိုးနွယ်စုဝင်များ၏ အကျိုးစီးပွားဆိုင်ရာ နိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် မျိုးနွယ်စုဝင်များအားလုံး ကိုယ်စားပြုနိုင်ရေးအတွက် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၅ နှင့် ၂၆ တို့တွင် နှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် ခူမီးဖိုရမ်၌ စတင်ဖွဲ့စည်းသည့် အဖွဲ့အစည်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခူမီးမျိုးနွယ်စုဝင်များ၏ နိုင်ငံရေးဆိုင်ရာရပိုင်ခွင့်၊ ကာကွယ်ပိုင်ခွင့်နှင့် ရှင်သန်ရပ်တည်ခွင့်များကို ဦးဆောင်မှုပြုမည့် အဖွဲ့အစည်းတရပ် မဖြစ်မနေ လိုအပ်နေသည်ဖြစ်၍ KACC အနေဖြင့် အထူးအရေးပေါ် အစည်းအဝေးအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ခေါ်ယူကျင်းပခဲ့သည်။ ၎င်းအစည်းအဝေး၏ သဘောတူညီချက်များအရ ကြားကာလ ခူမီးမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (Interim Khumi Affairs Coordination Council- IKACC) ဟူ၍ ပြောင်းလဲဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် ကိုးမြို့နယ်အတွင်း မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Chinland Defense Force (CDF) များကို စတင်ဖွဲ့စည်းခဲ့ကြပါသည်။

၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် ကိုးမြို့နယ်အတွင်း မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Chinland Defense Force (CDF) များကို စတင်ဖွဲ့စည်းခဲ့ကြပါသည်။

ပလက်ဝမြို့နယ်ရှိ လူငယ်ခေါင်းဆောင်များ အနေဖြင့်လည်း မိမိတို့မြို့နယ် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်နိုင်ရေးကို ရည်ရွယ်လျက် ၂၀၂၁ ခုနှစ်၊ ဧပြီလ၂၈ ရက်နေ့တွင် ပြည်တွင်းပြည်ပရှိ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးကို Zoom meeting အစည်းအဝေးတရပ် ခေါ်ယူကာ သဘောထားစုစည်းပြီး ဧပြီလ ၂၉ ရက်နေ့တွင် CDF- Paletwa စတင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။

CDF ပလက်ဝ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှ နိုင်ငံရေးအရ အုပ်ချုပ်ရေးယန္တရားများကို ကိုင်တွယ်မည့် နိုင်ငံရေးဦးဆောင်မှု အဖွဲ့အစည်းတရပ် လိုအပ်ကြောင်း ပြန်လည်သုံးသပ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် IKACC နှင့် CDF- Paletwa တို့အကြား သုံးရက်ကြာ အထူးစုံညီအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။

ယခုအခါ ပလက်ဝမြို့နယ်အား Paletwa Autonomous District Council (PADC) ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီအဖြစ် ဖွဲ့စည်းအုပ်ချုပ်သွားမည်ဟု ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် IKACC က ထုတ်ပြန်ထား၏။ CDF- ပလက်ဝတွင် တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထားသည်ကို တွေ့ရ၏။

IKACC နှင့် CDF- Paletwa တို့အကြား ရှေ့လုပ်ငန်းစဉ်များနှင့် ပလက်ဝမြို့နယ်၏ နိုင်ငံရေးလမ်းပြမြေပုံများကို အောင်မြင်စွာ ဆွေးနွေးသဘောတူညီချက်များ ရရှိခဲ့ကြပြီး IKACC ၏ ဖွဲ့စည်းပုံ၊ နိုင်ငံရေးရည်မှန်းချက်များနှင့်စုဖွဲ့မှုများကို ပြန်လည်ပြုပြင် ပြောင်းလဲရန် အစရှိသည့် သဘောတူညီချက်များကို ရရှိခဲ့ကြပါသည်။ ထိုသဘောတူညီချက်များအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ အစည်းအဝေးတွင် အတည်ပြုပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြသည်ဟုသိရ၏။ ထိုအစည်းအဝေးတွင်ပင် IKACC / CDF – Paletwa ၏ ကြားကာလနိုင်ငံရေး အစီအမံနှင့် ရည်မှန်းချက် ရှစ်ချက်ကိုလည်း ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြပြီး IKACC နှင့် CDF ပလက်ဝတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြ၏။

IKACC နှင့် CDF ပလက်ဝတို့၏ ပထမအကြိမ် ညီလာခံကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ မှ ၂၄ အထိ ကျင်းပခဲ့ပြီး ကိုယ်စားလှယ် ၅၄ ဦး တက်ရောက်ခဲ့၏။

ယခုအခါ ပလက်ဝမြို့နယ်အား Paletwa Autonomous District Council (PADC) ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီအဖြစ် ဖွဲ့စည်းအုပ်ချုပ်သွားမည်ဟု ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် IKACC က ထုတ်ပြန်ထား၏။ CDF- ပလက်ဝတွင် တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထားသည်ကို တွေ့ရ၏။

၈။ CDF- ဟားခါး

CDF ဟားခါးကို ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့၏။ CDF ဟားခါးကောင်စီကို ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ဦးစွာဖွဲ့စည်းခဲ့၏။ Mie ဒေသ၊ ဆဲန်ထန် (Senthang) ဒေသ၊ Zokhua ဒေသ၊ ဟားခါးမြို့ပေါ်တို့နှင့် ပတ်သက်ပြီး ဟားခါးကောင်စီ အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ကာ CNF/CNA နှင့် ပူးပေါင်းဆောင်ရွက်သည်ဟု သိရသည်။ CDF- ဟားခါးတွင် တပ်ရင်း လေးရင်းခန့် ဖွဲ့စည်းထားရှိသည်ဟု သိရ၏။ ဟားခါးကောင်စီနယ်မြေအတွင်း CNA နှင့် CDF ဟားခါးသာ ရှိရမည်ဟု ကြေညာထားသဖြင့် ဟားခါးမြို့နယ်အတွင်းရှိ CDF ဆဲန်ထန်နှင့် ပဋိပက္ခရှိသည်။

၉။ CDF- တွန်းဇံ

CDF တွန်းဇံအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းသည်။ CDF- တွန်းဇံတွင် တပ်ရင်း သုံးရင်း ဖွဲ့စည်းထား၏။ CDF တွန်းဇံ ရင်း ၁ နှင့် ရင်း ၃ အား ဇိုမျိုးနွယ်စုဖြင့် ဖွဲ့စည်းထားပြီး ရင်း ၂ အား ထားဒို မျိုးနွယ်စုများဖြင့် ဖွဲ့စည်းထား၏။

၁၀။ CDF- ထန်တလန်

၂၀၂၁ နွေဦးတော်လှန်ရေးအတွင်း ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်၏။ စတင်ဖွဲ့စည်းသည့်ရက် စိစစ်ဆဲဖြစ်သည်။ ထန်တလန်မြို့တွင် ဆန္ဒပြသပိတ်မှောက်မှုများကို ၂၀၂၁ ခုနှစ်၊ မေလဆန်းအထိတွေ့ရပြီး ထန်တလန် CDF ၏ တိုက်ပွဲသတင်းများကို ဇွန်လဆန်းမှ စတင်တွေ့ရှိရ၏။ CDF- ထန်တလန်သည် အနည်းဆုံး တပ်ရင်း နှစ်ရင်းဖွဲ့စည်းထားသည်ဟု သိရှိရသည်။

ထန်တလန်သည် ချင်းပြည်နယ်အတွင်း မြို့လုံးကျွတ် ဖျက်ဆီးခံရသည့်မြို့ ဖြစ်၏

ထန်တလန်သည် ချင်းပြည်နယ်အတွင်း မြို့လုံးကျွတ် ဖျက်ဆီးခံရသည့်မြို့ ဖြစ်၏။

၁၁။ ZFU/PDF-  Zoland

Zomi Federal Union (ZFU) ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် PDF- Zoland ကို ဖွဲ့စည်းခဲ့၏။

ဇိုမီးဖက်ဒရယ်ယူနီယံက ဇိုမီဒေသအဖြစ် ZFU လှုပ်ရှားနယ်မြေကို တီးတိန်နှင့် တွန်းဇံမြို့နယ် နှစ်ခု သတ်မှတ်ထားသော်လည်း တွန်းဇံတွင် CDF တွန်းဇံကို သီးခြားဖွဲ့စည်းထားသည်

ZFU ၏ လှုပ်ရှားရာဒေသအဖြစ် ဇိုမီးအများစုနေထိုင်သည့် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် ဇိုမီအဖွဲ့အစည်းအနေနှင့် ဇိုမီး နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Zomi Political Coordinator Committee – ZPCC/ Zomi) ကိုလည်း ဇိုမီးနိုင်ငံရေးလှုပ်ရှားမှုတွင် တွေ့ရ၏။

ဇိုမီးဖက်ဒရယ်ယူနီယံက ဇိုမီဒေသအဖြစ် ZFU လှုပ်ရှားနယ်မြေကို တီးတိန်နှင့် တွန်းဇံမြို့နယ် နှစ်ခု သတ်မှတ်ထားသော်လည်း တွန်းဇံတွင် CDF တွန်းဇံကို သီးခြားဖွဲ့စည်းထားသည်ကို တွေ့ရ၏။

၁၂။ CDF-  ဒိုင်ရ် (ချင်း)

CDF – ဒိုင်ရ် Daai ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့၏။ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်များတွင် နေထိုင်ကြသည့် ဒိုင်ရ် (Daai) မျိုးနွယ်စုများကို ကိုယ်စားပြုသည်ဟု ဆိုပါသည်။ CDF တပ်ဖွဲ့အပြင် ဒိုင်ရ်မျိုးနွယ်များ၏ နိုင်ငံရေးရှေ့ဆောင်ရန် ကြားကာလ ဒိုင်ရ်မျိုးနွယ်စု အတိုင်ပင်ခံကောင်စီ (Interim Daai/Dai Consultative Council- IDCC) အား ၂၀၂၂ ခုနှစ်၊ မေ ၂၃ ရက်တွင် ဖွဲ့စည်းခဲ့သည်။

၁၃။ CDF- မရာ

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
17
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
20
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
147
CDF မရာ တပ်ဖွဲ့ဝင်များ

မရာတို့သည် ချင်းပြည်နယ်ရှိ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်တို့တွင် နေထိုင်သည်ကို တွေ့ရသည်။ မရာလူမျိုးများသည် ရှေးယခင်ကာလကတည်းက မိမိလူမျိုး၏စော်ဘွား၊ နယ်ပိုင်၊ ရွာပိုင်များဖြင့် နေထိုင်လာခဲ့ကြပြီး အင်္ဂလိပ်ကိုလိုနီခေတ် ၁၈၉၆ ခုနှစ် ချင်းအက်ဥပဒေ The Chin Hill Regulation Act ထွက်လာသည့်အခါတွင်လည်း မရာလူမျိုးများအပေါ် လွှမ်းခြုံနိုင်ခြင်းမရှိဘဲ ၎င်းတို့၏ ရိုးရာဓလေ့ထုံးတမ်းများအတိုင်း ဆက်လက် ရပ်တည်နေထိုင်လာခဲ့ကြသည်ဟု ဆိုသည်။

မရာလူမျိုးတို့ နေထိုင်ရာဒေသကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်မှစ၍ ၁၉၆၂ အထိ တိုက်နယ် လေးခုဖြင့် ခွဲခြားအုပ်ချုပ်ပြီး ၁၉၇၄ မှ ယခုအထိ မတူပီ၊ ထန်တလန်၊ ပလက်ဝ မြို့နယ် သုံးခုတွင် ပိုင်းခြားအုပ်ချုပ်ခံနေရသည်ဟု ဆိုသည်။

CDF မရာအား ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထား၏။ လက်ရှိ အချိန်တွင် CDF- မရာသည် CJDC နှင့် ချိတ်ဆက်ထားပြီး CNF/ CNA နှင့် အခြားCDF များနှင့် အတူတွဲ၍ ရပ်တည်သည်ဟု ထုတ်ပြန်ထား၏။ CDF မရာ နှင့်အတူ ကြားကာလ မရာနယ်ကောင်စီ (Interim Maraland Council)၊ CDF မရာ အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းထား၏။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထား၏။ လက်ရှိ အချိန်တွင် CDF- မရာသည် CJDC နှင့် ချိတ်ဆက်ထားပြီး CNF/ CNA နှင့် အခြားCDF များနှင့် အတူတွဲ၍ ရပ်တည်သည်ဟု ထုတ်ပြန်ထား၏။

သို့သော် မရာနယ်မြေတွင် MTA/MDF (Maraland Territorial Council / Maraland Defense Force) အမည်ဖြင့် သီးခြားတဖွဲ့ရှိနေပြီး CDF မရာနှင့် ပဋိပက္ခဖြစ်နေသည်ကို တွေ့ရသည်။

၁၄။ CDF- ဇိုဖေ

ထန်တလန်မြို့နယ် ဇိုဖေဒေသတွင် CDF ဇိုဖေအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှ စတင်လှုပ်ရှားဖွဲ့စည်းခဲ့၏။ CNF ၏ လမ်းညွှန်မှုကို ခံယူပြီး CNA, CDF, NUG/PDF များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့၏။ CDF- Zophei ၏ ပထမအကြိမ်ညီလာခံအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ မှ ၁၄ အထိ CNF ၏ အသိပေးလမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ရာ လူ ၁,၅၀၀ ခန့် တက်ရောက်ခဲ့၏။ ထိုညီလာခံတွင် ဇိုဖေဖွဲ့စည်းပုံ၊ အုပ်ချုပ်ရေးအက်ဥပဒေများ ပြဌာန်းခြင်း၊ ခေါင်းဆောင်များရွေးချယ်ခြင်းများ ပြုလုပ်ခဲ့၏။

CDF- Zotung (ဇိုတုန်)၊ CDF- Zophei (ဇိုဖေ)၊ CDF- Lautu (လောက်တူ)၊ CDF- Mara (မရာ)၊ CDF- Senthang (ဆဲန်ထန်) ငါးဖွဲ့သည် ZZLMS ဟူ၍ မဟာမိတ်ထပ်မံ ဖွဲ့စည်းရပ်ခံကြသည်ကို တွေ့ရသည်။

၁၅။ CDF- ဇိုတုန်

Zotung မျိုးနွယ်စုဒေသမှာ ဟားခါးနှင့် မတူပီကြားရှိ ရေဇွာဒေသဖြစ်၏။ ရေဇွာ၏ အရှေ့ဘက် တောင်ကြောများတွင် ဇိုတုန်မျိုးနွယ်စု နေထိုင်ကြ၏။ CDF ဇိုတုန်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၎င်းတို့၏ ဖွဲ့စည်းကြောင်း ကြေညာချက်တွင် CNA အား ချင်းပြည်နယ်၏ မိခင်တပ်အဖြစ် သဘောထားကြောင်းနှင့် NUG လမ်းညွှန်ချက်များကို လိုက်နာသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့၏။ CDF ဇိုတုန်သည် CJDC တွင် ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ နှင့် ၂၄ တွင်လည်း CDF ဇိုတုန်၊ ဇိုဖေ၊ မရာ၊ လောက်တူ၊ ဆဲန်ထန် အဖွဲ့ငါးဖွဲ့တွေ့ဆုံ၍ ZZLMS ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြ၏။

CDF ဇိုတုန်အပြင် ဇိုတုန်ဒေသလုံးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရှိသည်။ ဇိုတုန်ညီလာခံ နှစ်ကြိမ် ကျင်းပခဲ့ပြီးနောက် ဇိုတုန် အဓိပတိကောင်စီ (Supreme council) ဖွဲ့စည်းခဲ့သည်ကို တွေ့ရ၏။ သို့သော် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း ဇိုတုန် အဓိပတိကောင်စီနှင့် CDF- ဇိုတုန်တို့ နှစ်ဖွဲ့ကွဲသွားသည်

CDF ဇိုတုန်အပြင် ဇိုတုန်ဒေသလုံးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရှိသည်။ ဇိုတုန်ညီလာခံ နှစ်ကြိမ် ကျင်းပခဲ့ပြီးနောက် ဇိုတုန် အဓိပတိကောင်စီ (Supreme council) ဖွဲ့စည်းခဲ့သည်ကို တွေ့ရ၏။ သို့သော် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း ဇိုတုန် အဓိပတိကောင်စီနှင့် CDF- ဇိုတုန်တို့ နှစ်ဖွဲ့ကွဲသွားသည်ကို တွေ့ရ၏။

ဇိုတုန်အဓိပတိကောင်စီ ဆိုသည်ကလည်း CDF- Zotung organization ဟု ရပ်တည်နေ၏။ မူလ CDF- Zoutung က ၎င်းအမည်ဖြင့် ဆက်လက်ရပ်တည်နေပြီး CDF- Zotung သည် CJDC နှင့် ZZLMS တွင် ဆက်လက်ပါဝင်နေသကဲ့သို့ ဇိုတုန်ဒေသလုံးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း အသိအမှတ်ပြုထားသည်ကို တွေ့ရ၏။ CDF- Zotung တွင် အနည်းဆုံး တပ်ရင်းတရင်း ဖွဲ့စည်းထားသည်ကို တွေ့ရပြီး ဇိုတုန်အဓိပတိကောင်စီ အဖွဲ့တွင် တပ်အင်အား ရှိ၊ မရှိ မသိရပါ။

၁၆။ CDF- လောက်တူ

CDF လောက်တူတပ်ဖွဲ့ဝင်များ

Lautu ချင်းမျိုးနွယ်စုများသည် ထန်တလန်မြို့နယ်တွင်းတွင် အများစုရှိသည်ဟု သိရသည်။ မတူပီမြို့နယ်အတွင်းတွင်လည်း ရွာ သုံးရွာခန့်ရှိပြီး ရခိုင်တွင်လည်း Lautu မျိုးနွယ်စုအချို့ နေထိုင်ကြကာ ဘာသာစကား ကွဲပြားမှုရှိသည်ဟု သိရသည်။ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်က ထန်တလန်မြို့နယ်အတွင်းမှ မြို့အဆင့် သတ်မှတ်ခဲ့သည့် နှာရိန်းမြို့ (နှာဟရိန်မြို့) သည် Lautu တို့၏ မြို့ဖြစ်သည်ဟု သိရသည်။ Lautu မျိုးနွယ်စုများသည် နိုင်ငံရပ်ခြားတွင် ပြောင်းရွှေ့အခြေချသူ၊ အလုပ်လုပ်ကိုင်သူများပြားသည်ဟု ဆိုသည်။

CDF လောက်တူအား ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့၏။ CDF- လောက်တူသည် အင်အား ၅၀၀ ခန့်ရှိပြီး တပ်ရင်း နှစ်ရင်းခန့် ဖွဲ့စည်းထားရှိသည်ဟု ဆိုပါသည်။

၁၇။ CDF- ဟွာလ်ငိုရမ် (Hualngoram)

စတင်ဖွဲ့စည်းသည့်ရက် စိစစ်ဆဲဖြစ်သည်။ ယေဘုယျအားဖြင့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်၏။ နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းအဖြစ် Hualngoram Peoples Organization (HPO) ကို ဖွဲ့စည်းထား၏။ HPO သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိ ၎င်းတို့ ဌာနချုပ်၌ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံအစည်းအဝေးကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – ဟွားလ်ငိုးရမ်နှင့် ပြည်တွင်းပြည်ပကိုယ်စားလှယ် ၉၀ ကျော်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု သိရ၏။ HPO ၏ အထွေထွေအတွင်းရေးမှူးမှာ ဂျွန်ရိုဗာ (John Rova) ဖြစ်သည်။

ဟွာလ်ငို မျိုးနွယ်စုများသည် ဖလမ်းမြို့နယ်တွင် အများဆုံးနေထိုင်ကြပြီး တီးတိန်မြို့နယ်တွင်လည်း နေထိုင်ကြသည်။ CDF ဟွာလ်ငိုနှင့် CNDF တို့ကြား ဖလမ်းမြို့နယ်အတွင်း ပဋိပက္ခအနည်းငယ်ရှိသည်ကို တွေ့ရ၏။

ဟွာလ်ငိုမျိုးနွယ်စုများသည် တွန်းဇံမြို့နယ်တွင် ဒါလ်ခိုင်းရွာ၊ ဗပီးရွာ၊ ဇမ်းပီးရွာနှင့် အခြားကျေးရွာများတွင် အခြားသော မျိုးနွယ်စုများနှင့်အတူ ရောနှောနေထိုင်ကြသည်။ ဟွာလ်ငို မျိုးနွယ်စုများသည် ဖလမ်းမြို့နယ်တွင် အများဆုံးနေထိုင်ကြပြီး တီးတိန်မြို့နယ်တွင်လည်း နေထိုင်ကြသည်။ CDF ဟွာလ်ငိုနှင့် CNDF တို့ကြား ဖလမ်းမြို့နယ်အတွင်း ပဋိပက္ခအနည်းငယ်ရှိသည်ကို တွေ့ရ၏။

၁၈။ CDF- CDM- Siyin (စီရင်း)

တီးတိန်၊ တွန်းဇံ၊ ကလေးစသည့်မြို့နယ်များတွင် နေထိုင်ကြသည့် စီရင်း- ချင်းမျိုးနွယ်စုများကို ကိုယ်စားပြုသည့်တပ်ဖွဲ့ ဖြစ်၏။ CDF- CDM- Siyin ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့၏။ ထို့နောက် စီရင်း- ချင်းမျိုးနွယ်စုများကို နိုင်ငံရေးအရ ခေါင်းဆောင်မှုပေးရန် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့တွင် Central Committee for Siyin Affairs (CCSA) ကို ဖွဲ့စည်းခဲ့သည်ကို တွေ့ရ၏။ တပ်အင်အား စိစစ်ဆဲဖြစ်ပါသည်။

အထက်ပါ ချင်းလက်နက်ကိုင် တပ်ဖွဲ့ ၁၈ ဖွဲ့သည် လက်ရှိ CJDC တွင် ပါဝင်လှုပ်ရှားလျက်ရှိကြပါသည်။

(ဆက်လက်ဖော်ပြပါမည်)

(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၁)

စစ်အာဏာသိမ်းပြီးနောက်ပိုင်းရခိုင်နှင့် ချင်းတို့ကြား ဆက်ဆံရေး ပိုကောင်းလာ

လမ်းပန်းဆက်သွယ်ရေး ပြတ်နေသဖြင့် ဟားခါး၌ ကုန်ဈေးနှုန်းမြင့်လာ

ဟားခါး၊ ချွန်ကျုံးရွာ၌ တိုက်ပွဲ ဆက်ပြင်းထန်

စစ်ကောင်စီယာဉ်တန်း ဖလမ်း- ဟားခါး လမ်းပေါ်တွင် ချေမှုန်းခံရ

ဖလမ်း-ဟားခါး ကားလမ်းတလျှောက် တိုက်ပွဲများဆက်ဖြစ်နေ

ချင်းတောင်တန်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာမလား

Your Thoughts …
Tags: CDFCJDCCRPHICNCCIKACCKACCNUGကန်ပက်လက်ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီခူမီးချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ချင်းပြည်နယ်ချင်းလက်နက်ကိုင်တပ်ဖွဲ့စစ်ကောင်စီစစ်အာဏာသိမ်းမှုတူမီးသေနတ်နွေဦးတော်လှန်ရေးမင်းတပ်မြို့မတူပီယောဒေသဟားခါးအမျိုးသားညီညွတ်ရေးအစိုးရ
ကိုဦး

ကိုဦး

ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
...

ဒုံးကျည်နှင့်ဒရုန်း ရရှိရေး စစ်ကောင်စီက အီရန်ဘက် ခြေဦးလှည့်နေ

ယခုနှစ် ဧပြီလအတွင်းက စဉ့်ကူးမြို့နယ် စီပင်ကျွန်းရွာထဲ စစ်ကောင်စီတပ် ပစ်ခတ်စီးနင်းမှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးနေရစဉ် / ဂျက်

စဉ့်ကူးမြို့နယ်ကရွာများအား စစ်ကောင်စီ တိုက်ခိုက်ဖျက်ဆီး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved