• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယောဒေသ ကို ရဟတ်ယာဉ်များသုံး၍ တိုက်နေ၊ ဒေသကာကွယ်တပ်ဖွဲ့ဝင် ၁၄ ဦးကျဆုံး

by ဧရာဝတီ
19 November 2021
in သတင်း
A A
ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ရာတွင် အသုံးပြုနေသည့် စစ်ရဟတ်ယာဉ်  / ဓာတ်ပုံ - CJ

ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ရာတွင် အသုံးပြုနေသည့် စစ်ရဟတ်ယာဉ် / ဓာတ်ပုံ - CJ

11.1k
VIEWS
Share on FacebookShare on Twitter

မကွေးတိုင်း၊ ယောဒေသအတွင်း ထီးလင်း၊ ဆော၊ ကျောက်ထုဒေသများတွင် အာဏာသိမ်းစစ်ကောင်စီက စစ်ရဟတ်ယာဉ် များပါ အသုံးပြုပြီး ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်အကျဆုံးများနေကြောင်း ယောဒေသကာကွယ် ရေးတပ်ဖွဲ့(YDF) က ပြောသည်။

နိုဝင်ဘာ ၁၇ ရက်နေ့က ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် YDF ထီးလင်းနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်-CDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှာ YDF ထီးလင်းတပ် ဖွဲ့ဝင် ၁၃ ဦးနှင့် မင်းတပ် CDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယင်းအပြင် YDF ထီးလင်းတပ်ဖွဲ့ဝင် ၂ ဦးနှင့် မင်းတပ် CDF တပ်ဖွဲ့ဝင် ၁ ဦးတို့လည်း ဒဏ်ရာရရှိခဲ့ပြီး အာဏာသိမ်းစစ် ကောင်စီဘက်ကလည်း ၁၀ ဦးခန့်ကျဆုံးကာ ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။

YDF ပြောရေးဆိုခွင့်ရှိသူတဦးက “ စစ်ကောင်စီက ထိုးစစ်ဆင်နေတာများတယ်၊ စစ်ကူတွေလည်း ပို့နေတယ်၊ တကြောလုံးမှာ ထိုးစစ်ဆင်ခံနေရတယ်၊ လောလောဆယ် ဆောဘက်မှာဆို ရဟတ်ယာဉ်တွေပါ သုံးနေတယ်၊ စစ်မြေပြင်ဖြစ်နေသေးတော့ ထိခိုက်မှုအခြေအနေတွေ မသိရသေးဘူး” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များအနေဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့ကစပြီး ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ယောဒေသရှိ ထီးလင်း၊ ကျောက်ထု၊ ဆောမြို့နယ်များအတွင်း ထိုးစစ်ဆင်လာမှုကြောင့် နေ့စဉ်ထိတွေ့တိုက်ခိုက်မှုများ ရှိနေပြီး ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာလည်း ဆောမြို့နယ်အတွင်း တိုက်ခိုက်မှုများရှိနေကြောင်းလည်း သိရသည်။

ယောဒေသအတွင်း စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း စစ်ဘေးရှောင်ပြည်သူများ အသက်ခံရသည့် ဖြစ်စဉ် များလည်း ရှိနေပြီး ထီးလင်းမြို့နယ်အတွင်း နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ဘေးရှောင်ရွာသား ၂ ဦးအား သတ်ဖြတ်ခဲ့သည့်အ ပြင် နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း ၃ ဦးအား ထပ်မံသတ်ဖြတ်ခဲ့ကြောင်း YDF က ထုတ်ပြန်ထားသည်။

ထိုးစစ်ဆင်နေသည့် စစ်ကြောင်းများမှာ ပခုက္ကူဘက်မှ ဝင်ရောက်လာကြခြင်းဖြစ်ပြီး တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း များ ပါဝင်ကြောင်း သိထားရသော်လည်း မည်သည့် တပ်ရင်းများလှုပ်ရှားနေသည်ကို အသေးစိတ်မပြောနိုင်သေးကြောင်း ၎င်းတို့က ဆိုသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “စစ်ကောင်စီဘက်က ထိုးစစ်စပြီလိုတော့ ပြောလို့ရတာပေါ့၊ ကျနော်တို့ဘက်က လက်နက်ခဲယမ်း လိုအပ်ချက်တွေရှိနေ တော့ အကျအဆုံးလေးတွေ ရင်ဆိုင်နေရတာရှိတယ်၊ တကယ်လို့ လက်နက်တာပြည့်စုံနေရင် ဒီထိုးစစ်ကို ကျနော်တို့ တား ဆီးခုခံနိုင်မှာပါ” ဟုလည်း ပြောသည်။

လက်ရှိတွင် ယောဒေသနှင့် တဆက်တည်းရှိနေသည့် ကလေးမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီက ထိုးစစ်ဆင်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေရာ ကလေး PDF တပ်ဖွဲ့မှာ ဆေးတပ်ဖွဲ့မှ အမျိုးသမီးတဦးနှင့် တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးမှာ ဖမ်းဆီးခံထားရသည်။

ယင်းသို့ ဖမ်းဆီးခံထားရသည့် ဆေးတပ်ဖွဲ့ဝင်များ ပြန်လည်ကယ်ထုတ်နိုင်ရေး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြိုးပမ်းနေပြီး စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားလျှက်ရှိနေသည်။

လတ်တလောတွင် စစ်ရေးပြင်းထန်နေသည့် ယောဒေသအတွင်းနှင့် ချင်း-မကွေး-စစ်ကိုင်းတိုင်းဆုံရာ ဒေသအတွင်း ပြည်သူများအနေဖြင့် လမ်းအသုံးပြုမှုများ ရှောင်ကျဉ်ကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။

You may also like these stories:

တီးတိန်၌ စစ်ကောင်စီတပ်သားများ ကိုယ်ဝန်သည်တဦးကို ထပ်မံ အဓမ္မပြုကျင့်

စစ်ရှိန်မြင့်လာတဲ့ ချင်းတောင်တန်း

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
72
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
83

ဒီပဲယင်းနှင့် ရေဦးနယ် စစ်တပ်ဝင်စီး ဒေသခံ သောင်းချီ ထွက်ပြေးနေရ

စစ်ကောင်စီ မြေမြှုပ်မိုင်းများက အရပ်သားများကို ပစ်မှတ်ထား

Your Thoughts …
Tags: YPDFမကွေးတိုင်းယောဒေသ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

မြိုင်တွင် အမျိုးသမီးစစ်သည်များ သုံး၍ စစ်ကြောင်းထိုးဟုဆို

မြိုင်တွင် အမျိုးသမီးစစ်သည်များ သုံး၍ စစ်ကြောင်းထိုးဟုဆို

by ဧရာဝတီ
15 February 2024
9.8k

အရင်က စစ်ကြောင်းတွေမှာ အမျိုးသမီးစစ်သည်တွေ ပါတာမျိုး မရှိခဲ့ဘူး၊ အခုက ပထမဦးဆုံးပဲ၊ ကျနော်တို့ မျက်မြင်တွေ့ရတာကို အမျိုးသမီး စစ်သည် ၁၀ ယောက် အထက်ပဲ၊ အခုက စစ်တပ်မှာ လူမရှိတော့ဘဲ တပ်အင်အား တော်တော် ချိနဲ့နေတယ်ဆိုတာကို...

တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

by ဧရာဝတီ
11 February 2025
7.7k

လက်ရှိမှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ပြောလို့ရတယ်။ ရခိုင်-မကွေးနယ်စပ်မျဉ်းတလျှောက်နဲ့ ငဖဲမြို့နယ် အတွင်းမှာ နေ့စဉ်လိုလိုပဲ ဖြစ်ပွားနေတာမျိုးတွေရှိတယ်။ တဖွဲ့မဟုတ်တဖွဲ့နဲ့ တနေရာမဟုတ်တနေရာ ထိတွေ့မှုဖြစ်နေတာ တွေရှိတယ်။ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတာမျိုးတွေလည်း နေ့စဉ်ရှိနေတယ်

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

by မိုးစက်ငြိမ်းချမ်း
6 September 2023
7.2k

တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

ဂန့်ဂေါ အရှင်လတ်လတ် မီးရှို့သတ်မှု ဂယက်ရိုက်

ဂန့်ဂေါ အရှင်လတ်လတ် မီးရှို့သတ်မှု ဂယက်ရိုက်

by ဧရာဝတီ
9 February 2024
7.1k

၎င်းတို့ကို သစ်ပင်တွင် တွဲလောင်းချိတ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့သည်။

Next Post
ချင်းပြည်နယ်တွင်း စစ်ရှောင်ဒုက္ခသည်များ  / CDF

သားပျက်ကျလုမတတ် နာကျင်စွာ ခံစားရတယ်

ဖေဖော်ဝါရီ ၂ ရက် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦအနီး အာဏာသိမ်း စစ်တပ်က နေရာယူထားစဉ် / ဧရာဝတီ 

ရွေးကောက်ပွဲနိုင်ငံရေးမှ လက်နက်ကိုင်နိုင်ငံရေးသို့ မြန်မာ့အကူးအပြောင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved