• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တီးတိန်၌ စစ်ကောင်စီတပ်သားများ ကိုယ်ဝန်သည်တဦးကို ထပ်မံ အဓမ္မပြုကျင့်

by ဧရာဝတီ
18 November 2021
in သတင်း
A A
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့  / ဧရာဝတီ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ / ဧရာဝတီ

19.6k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ အပ်လွယ်ကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးဖွားပြီးကာစ မိခင်တဦးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားပြီးနောက် ကိုယ်ဝန်ဆောင်မိခင် တဦးကိုလည်း ထပ်မံ အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်လာခဲ့သည်။

နိုဝင်ဘာလ ည ၁၁ နာရီခွဲတွင် အယ်လွယ်ကျေးရွာရှိ အသက် ၃၅ နှစ်အရွယ်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး နေ အိမ်သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး ရောက်ရှိလာကာ တံခါး မဖွင့်ပေးသဖြင့် ရေချိုးခန်းတံခါးကို ဖောက်ဝင်ပြီး အဆိုပါ အမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ရာတွင် အတူပါသူ ၁ ဦးက တားမြစ်သဖြင့် မဖြစ်မြောက်ခဲ့ကြောင်း ကာယကံ ရှင်က ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

သို့သော် ၁၂ နာရီ ၄၅ မိနစ်တွင် ပထမ ပြုကျင့်ရန် ကြံစည်သူ၂ ဦး ပြန်လည်ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူကို ရိုက် နှက် ကန်ကျောက်ကာ ကိုယ်ဝန်ဆောင် အမျိုးသမီးကို မုဒိမ်းကျင့်၍ နားကပ်များ ချွတ်ယူသွားကြောင်း သိရသည်။

“သူ့ယောက်ျားကိုလည်း သေနတ်နဲ့ ချိန်ပြီးတော့ ကြမ်းပြင်မှာ ဝပ်ခိုင်းတယ်။ မျက်နှာကိုထိုးတာ နှာခေါင်းတောင် ရွဲ့သွား တယ်လို့ ကိုယ်တိုင်သွားကြည့်တဲ့သူက ကျနော့်ကို ပြောတယ်။ ခေါင်းကို ခြေထောက်နဲ့ ပိတ်ကန်တယ်။ သေနတ်နဲ့ အမျိုးသားကို ထောက်ပြီး အမျိုးသမီးကို ရေချိုးခန်းထဲမှာ အဓမ္မ ပြုကျင့်တယ်” ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့ တဖွဲ့ဖြစ် သည့် Civic Defense Milita – CDM – Siyin က ပြောသည်။

နစ်နာသူတဦး ဖြစ်ခဲ့သည့် အသက် ၃၅ နှစ်အရွယ် မရိုင်ဗန်း (အမည်လွှဲ) တွင် ၇ လသား ကိုယ်ဝန်လွယ်ထားသည့် အပြင် သားသမီး ၄ ဦးလည်း ရှိပြီး အဆိုပါ ကလေးများနှင့် အမျိုးသားရှိသည့် အိမ်ထဲတွင်ပင် စစ်ကောင်စီ တပ်သား များက အဓမ္မပြုကျင့်ခဲ့ပြီးနောက် ခြိမ်းခြောက်မှုများလည်း ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် အဓမ္ဓပြုကျင့်ခြင်းအပြင် မရိုင်ဗန်း (အမည်လွှဲ)၏ အမျိုးသမီးအင်္ဂါကိုပါ ကိုက်ဖြတ် ခဲ့သည့် ဒဏ်ရာကိုပါ ခံစားနေရပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ကျမလို အမျိုးသမီး ထပ်မရှိဖို့နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်း ဖက် ကျူးလွန်နေမှုတွေကို ရပ်တန်းက ရပ်နိုင်ဖို့အတွက် ထိရောက်တဲ့ တုံ့ပြန်မှုတွေကို အမြန်ဆုံး ပြုလုပ်ပေးပါလို့ ပြော ချင်ပါတယ်” ဟု မရိုင်ဗန်း က ပြောသည်။

ဆက်လက်ပြီး ၎င်းက “စစ်ကောင်စီတပ်သားတွေအနေနဲ့ ခန္ဓာကိုယ် အစိတ်စိတ် အမွှာမွှာဖြစ်ပြီး ဒီလိုမျိုး အကြမ်းဖက် လုပ်ရပ်တွေ ထပ်ပြီးတော့ မကျူးလွန်နိုင်အောင်လို့ ဘုရားသခင်အနေနဲ့ သူတို့တွေရဲ့ ခန္ဓာကိုယ်နဲ့ သူတို့တွေ့ရဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေကို အမြန်ဆုံး ဖယ်ရှားပေးပြီး သူတို့ ရောက်တဲ့ နေရာတိုင်းမှာ များများကျဆုံးဖို့ ခံစားရ တယ်” ဟု ဆိုသည်။

ထိုနေ့ တရက်ထဲတွင်ပဲ အပ်လွယ်ကျေးရွာ နေအိမ်တအိမ်ရှိ ကလေး မီးဖွားထားသည်မှာ ၁ လခွဲသာ ရှိသေးသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦးကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးက အလှည့်ကျ အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ည ၁၂ နာရီကျော်တွင် အဆိုပါ အဓမ္မပြုကျင့်သူ ၃ ဦးအနက် ၂ ဦး ပြန်လည် ရောက်ရှိလာပြီး ထပ်မံကာ အလှည့်ကျ အဓမ္မပြုကျင့်ခဲ့ကြောင်း ဖြစ်ကြောင်း အဓမ္မပြုကျင့်ခံရသူ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အဓမ္မပြုကျင့်ခံရသူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးက “ပြောရမယ့် စကားတောင် ကုန်နေတယ်။ အဲဒီစစ်သားတွေက သူတို့ မိဘတွေ မောင်နှမတွေ ရှိမှာပဲ။ သူတို့ မောင်နှမလို ကိုယ်ချင်းစာပေးပါ” ဟု ပြောသည်။

အိမ်ခြေ ၂၀ ခန့်သာ ရှိသည့် အဆိုပါ ကျေးရွာတွင် နေထိုင်သည့် အဓမ္မကျင့်ခံရသူ နှစ်ဦးမှာ သမီးယောင်းမ တော်စပ် သူများလည်း ဖြစ်သည်။

ကျူးလွန်သူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝတ်ဆင်ထားသည့် ယူနီဖောင်း လက်မောင်းဘတ်တံဆိပ်တွင်၂၂ ဟု ရေးထိုး ထားကြောင်း မျက်မြင်တွေ့ရှိသူ နစ်နာသူ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ကျူးလွန်ခံရသူများနှင့် မိသားစုဝင်များကို အိန္ဒိယနယ်စပ်ရှိ လုံခြုံရာနေရာတခုသို့ Civic Defense Milita – CDM – Siyin ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်များကို တော်လှန်တိုက်ခိုက်မှု ပြင်းထန်နေသည့် ချင်းပြည်နယ်ကို စစ်ကောင်စီတပ်ဖွဲ့က အင်အား တိုးချဲ့ ရာမှ ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လွယ်ရွာသို့လည်း တမခ ၂၂ ရောက်ရှိလာပြီး ၅ ရက်မြောက်နေ့တွင် အဆိုပါ အဖြစ်အပျက်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်တလောတွင် အပ်လွယ်တွင် စခန်းချခဲ့သည့် စစ်ကောင်စီတပ်များသည် နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းကတည်းက တီးတိန်နှင့် ဖလမ်းလမ်းဆုံရှိ သိုင်းငင်ရွာသို့ ပြောင်းရွှေ့သွားပြီးနောက် ကလေးမြို့သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရ သည်။

You may also like these stories:

စစ်ရှိန်မြင့်လာတဲ့ ချင်းတောင်တန်း

ဒီပဲယင်းနှင့် ရေဦးနယ် စစ်တပ်ဝင်စီး ဒေသခံ သောင်းချီ ထွက်ပြေးနေရ

တီးတိန်မှာ စစ်တပ်က မုဒိန်းကျင့်ပြီး လုယက်

စစ်ကောင်စီ မြေမြှုပ်မိုင်းများက အရပ်သားများကို ပစ်မှတ်ထား

Your Thoughts …
Tags: ကိုယ်ဝန်ဆောင်စစ်ကောင်စီတပ်တီးတိန်အဓမ္မမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

by မိအိသဉ္ဇာမြင့်
25 April 2024
9.5k

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှစပြီး အင်အား ၃၀၀ ခန့်ဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

by ဧရာဝတီ
5 January 2024
9.4k

အာဏာသိမ်းစစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေးအင်အား ခမ်းခြောက်လာပြီး စစ်မတိုက်ဖူးသော လက်ရုံးတပ်ဖွဲ့ဝင်များအား စစ်မြေပြင်သို့ စေလွှတ်နေရပြီ

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

by ဧရာဝတီ
23 May 2024
9.2k

ဒီလို အဖြစ်ဆိုးကြီးနဲ့ ကြုံရတဲ့ လက်ထုတ္တောရွာခံတွေအဖို့ အရာရာကို မျက်စေ့သူငယ် နားသူငယ်နဲ့ ကြောက်ရွံနေပြီး အမြဲတမ်းစိုးရိမ်ပူပန်မှုကြီးတခု သူတို့ ရင်ထဲမှာ စွဲကပ်နေသလို ခံစားနေရပါတယ်။

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

Next Post
ဒေါ်အောင်ဆန်းစုကြည်ပိုင် ဓားကို ပြုပြင်ပြီးနောက် ၂၀၂၁ နိုဝင်ဘာ ၆ ရက်က မြင်ရစဉ် / Kyodo

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ဓားကို ပြုပြင်ထိန်းသိမ်းထား

ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ရာတွင် အသုံးပြုနေသည့် စစ်ရဟတ်ယာဉ်  / ဓာတ်ပုံ - CJ

ယောဒေသ ကို ရဟတ်ယာဉ်များသုံး၍ တိုက်နေ၊ ဒေသကာကွယ်တပ်ဖွဲ့ဝင် ၁၄ ဦးကျဆုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved