• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ဓားကို ပြုပြင်ထိန်းသိမ်းထား

by ဧရာဝတီ
19 November 2021
in ဆောင်းပါး
A A
ဒေါ်အောင်ဆန်းစုကြည်ပိုင် ဓားကို ပြုပြင်ပြီးနောက် ၂၀၂၁ နိုဝင်ဘာ ၆ ရက်က မြင်ရစဉ် / Kyodo

ဒေါ်အောင်ဆန်းစုကြည်ပိုင် ဓားကို ပြုပြင်ပြီးနောက် ၂၀၂၁ နိုဝင်ဘာ ၆ ရက်က မြင်ရစဉ် / Kyodo

13.8k
VIEWS
Share on FacebookShare on Twitter

ယခုနှစ်အစောပိုင်းက အာဏာသိမ်းမှုတွင် ဖမ်းဆီးထားခံရပြီးနောက် ဖြုတ်ချခံမြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာသည် မရေမရာဖြစ်နေသော်လည်း ဂျပန်နိုင်ငံမှ လက်မှုပညာရှင်များသည် ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သော ဂျပန်ဓားတစင်းကို တနေ့တွင် သူ့ထံပြန်လည်ပေးအပ်နိုင်မည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ဂရုတစိုက် ဆက်လက်ပြုပြင်ထိန်းသိမ်းနေကြသည်။

ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုအတွင်း အဖမ်းမခံရမီက ဒေါ်အောင်ဆန်းစုကြည်သည် ထိုဓားကို ပြုပြင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် အီချီရို မာရူယာမကို ဆက်သွယ်ခဲ့သည်။ မာကူယာမက ဓားများအကြောင်းနားလည်သော နိပွန်ဖေါင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ယူဂျီမိုရီကို ထိုဓားပြင်ဆင်ရေးအတွက် အကူအညီတောင်းသည်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
10.7k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
2.9k
မြိတ်မြို့

မြိတ်မြို့

11 May 2025
573

မိုရီအကြောင်းကို သိရှိသွားသောအခါ ဒေါ်ဆောင်ဆန်းစုကြည်က မိုရီအနေဖြင့် ထိုဓားကို ကူညီပြင်ဆင်ပေးရန် ပြောပြီး နောက်ဆုံးတွင် ထိုဓားကို ဂျပန်နိုင်ငံ အနောက်ပိုင်း အိုကာယာမ ခရိုင် ဆီတိုအုချိမြို့မှ အလုပ်ရုံတခုတွင် ပြန်လည်ပြုပြင်ခဲ့သည်။

ဖေဖေါ်ဝါရီလ ဖမ်းဆီးမှုနောက်ပ်ိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ထံမှ မည်သည့်သတင်းမျှ မရတော့သောကြောင့် ထိုလက်မှုပညာရှင်များ စိတ်ပူနေကြသည်။ “ကျနော်တို့က သူ့ကို အန္တရာယ်ကင်းစေချင်တယ်” ဟု လက်မှုပညာရှင်များအနက် တဦးပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ပိုင် ဓား (အပေါ်) ကို ပြုပြင်ပြီးနောက် ၂၀၂၁ အောက်တိုဘာ ၂၆ ရက်က မြင်ရစဉ်/ Kyodo

နိပွန်ဖေါင်ဒေးရှင်း၏ အဆိုအရ ဂျပန်မှ အဓိက သတင်းစာတစောင်ဖြစ်သော အဆာဟိရှင်ဘွန်း၏ ဥက္ကဋ္ဌက ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်က ဂျပန်ကြည်းတပ် ဒုဗိုလ်ချုပ်ကြီး ရှိုဂျီရို အိဒသို့ လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။ သူသည် ထိုစဉ်က မြန်မာနိုင်ငံကို သိမ်းပိုက်သော ဂျပန်တပ်များ၏ တပ်မှူးအဖြစ် ခန့်အပ်ထားခံရသူဖြစ်သည်။

နောက်ပိုင်းနှစ်များတွင် ထိုဓား မည်သည့်နေရာတွင် ရှိနေသည်ကို မည်သူမျှ မသိရတော့သော်လည်း နောင်တွင် ထိုဓားကို ဗိုလ်ချုပ်အောင်ဆန်း ပိုင်ဆိုင်နေကြောင်း သိခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် ပထမ အင်္ဂလိပ်နှင့် နောင်တွင် ဂျပန်သိမ်းပိုက်မှုကို တိုက်ခိုက်သည့် မြန်မာ့လွတ်လပ်ရေး သူရဲကောင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သည်။

ဂျပန်ဓားကိုင် ဗိုလ်ချုပ်အောင်ဆန်း တပ်စစ်နေစဉ်

၁၉၄၇ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခံရသော ဗိုလ်ချုပ်အောင်ဆန်းက ထိုဓားသည် ဂျပန်စစ်သားတယောက်၏ လက်ဆောင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့သည်။

လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလက မိုရီသည် ထိုဓားကိုပြင်ဆင်ရန် မြန်မာမှ ဒေါ်အောင်ဆန်းစုကြည်၏ လူယုံ ဝန်ကြီးတဦးနှင့်တွေ့ဆုံပြီး လွန်စွာ သံချေးတက်နေသော ထိုဓားကို ဂျပန်သို့ ယူဆောင်လာခဲ့သည်။ ထိုဓားကို အပ်နှံခံရသော နိပွန်ဖေါင်ဒေးရှင်းသည် ဓားကို ပြုပြင်ရန်အတွက် ဓားထုတ်လုပ်မှုတွင် ကျော်ကြားသော နေရာတခုဖြစ်သည့် ဆီတိုအုချီမှ ဘိုင်ဇန်အိုစဖူးနဲ့ ဓား ပြတိုက်မှ အလုပ်ရုံတွင် ပြုပြင်ရန် စီစဉ်ခဲ့သည်။

အသက် ၄၉ နှစ်အရွယ် ဓားထုတ်လုပ်သူ တိုမိုနိုဘူ ယိုကိုယာမနှင့် သူ၏လက်ထောက်များသည် ၂၀၂၀ အောက်တိုဘာလတွင် ထိုဓား ပြုပြင်ခြင်းလုပ်ငန်းများ စတင်သည်။

ထိုဓားကို ဖန်တီးခဲ့သူမှာ ကွယ်လွန်သူ ဓားပညာရှင် ဆာဒါဆုဂု တာကာဟာရှီဖြစ်ပြီး သူသည် သက်ရှိအမျိုးသား ရတနာအဖြစ် ဂျပန်အစိုးရ၏ သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

အသက် ၄၉ နှစ်အရွယ် ဓားထုတ်လုပ်သူ တိုမိုနိုဘူ ယိုကိုယာမနှင့် သူ၏လက်ထောက်များသည် ၂၀၂၀ အောက်တိုဘာလတွင် ထိုဓား ပြုပြင်ခြင်းလုပ်ငန်းများ စတင်သည်/ Kyodo

စနစ်တကျထိန်းသိမ်းထားခြင်း မရှိသောကြောင့် ဓား၏ အခြေအနေမှာ သိသိသာသာ ပျက်စီးယိုယွင်းနေပြီး သံချေးများက သတ္တုအတွင်း နက်ရှိုင်းစွာ လှိုက်စားနေသည်။ ဓားသွားသည်လည်း ပျက်စီးယိုယွင်းနေသည်။

ဓားသွားကို ပြုပြင်ပြီးသွားသောအခါ အခြားလက်မှု ပညာရှင် ၃ ဦးက လက်ကိုင်ကို ပြုပြင်ရသည်။ ဓားကို တိုက်ချွတ်လိုက်သောအခါ ဖန်တီးသူ တာကာဟာရှီ၏ ကျော်ကြားလှသော ပုံစံဖြစ်သည် ဟာမွန် ဓါးသွားပုံစံသည် သံမဏိတွင် ပြန်ပေါ်လာကြောင်း ယိုကိုယာမ ပြောသည်။

သို့သော် ယိုကိုယာမသည် မူရင်းပုံစံပြောင်းလွဲမသွားစေရန် ဓားကို အပြင်းအထန် တိုက်ချွတ်ခြင်း မပြုဘဲ သံချေးအနည်းငယ် ကျန်နေစေသည်။

တိုမိုနိုဘူ ယိုကိုယာမက နိပွန်ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ယူဂျီမိုရီကို ဓားကို မည်သို့ပြုပြင်ခဲ့ကြောင်း ရှင်းပြစဉ်/ Kyodo

ယိုကိုယာမ၏ အဖိုးသည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် တိုက်ခိုက်ရင်း ၁၉၄၅ ခုနှစ်တွင် သေဆုံးခဲ့သည်။ “ဒီဓားနဲ့ကျနော်နဲ့က ထူးထူးခြားခြား ဆက်စပ်နေတယ်လို့ ခံစားရတယ်” ဟု သူပြောသည်။ မြန်မာတွင် စစ်အာဏာသိမ်းသည့်အကြောင်း သိရသောကြောင့် စိတ်ပူသော်လည်း သူသည် ထိုဓါးကို ဆက်လက်ပြုပြင်ခဲ့သည်။

“ဒီဓားကို (ဒေါ်အောင်ဆန်းစုကြည်ထံ) ပြန်ပေးနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်” ဟု သူပြောသည်။

ထိုဓားကို နိပွန်ဖေါင်ဒေးရှင်းသို့ အလုပ်ရုံက ဆီတိုအုချီတွင် နိုဝင်ဘာလ ၆ ရက်နေ့က အခမ်းအနားဖြင့် ပြန်လည်ပေးအပ်ခဲ့သည်။

“ကျနော်အံ့သြသွားတယ်။ ဓားက အခုမှလုပ်ထားတဲ့ ဓားလို တောက်ပနေတယ်” ဟု မီုရီပြောသည်။ “ဒီဓားက ဂျပန်နဲ့ မြန်မာအကြား သမိုင်းကို ပြသတဲ့ အရေးပါတဲ့မှတ်တမ်းဖြစ်တယ်” ဟုလည်း သူပြောသည်။

မြန်မာနိုင်ငံအခြေအနေ မရေရာသောကြောင့် ဖေါင်ဒေးရှင်းက ဓားကို လတ်တလော စောင့်ရှောက်ထားမည်ဖြစ်ကြောင်း မိုရီပြောသည်။

(Kyodo သတင်းဌာနမှ Ousted Myanmar leader Suu Kyi’s Japanese sword restored ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မစ္စတာ ဆာဆာကာဝါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်

တရားဝင်မှုအတွက် စစ်ကောင်စီ သံတမန်ရေး အားကိုးရှာလာ

မန္တလေး နန်းမြို့ရိုးနှင့်ကျုံးသည် အာဏာရှင် အဆက်ဆက် အသုံးချခံ မဟုတ်

ဒေသတွင်း ကုန်သွယ်ရေးစာချုပ် RCEP စတင် သက်ဝင်ရာတွင် မြန်မာ ချန်လှပ်ထားခြင်း ခံရ

Your Thoughts …
Tags: ဂျပန်ဓားဒေါ်အောင်ဆန်းစုကြည်နိပွန်ဖောင်ဒေးရှင်းပြုပြင်ထိန်းသိမ်းထားဗိုလ်ချုပ်အောင်ဆန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.1k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ရာတွင် အသုံးပြုနေသည့် စစ်ရဟတ်ယာဉ်  / ဓာတ်ပုံ - CJ

ယောဒေသ ကို ရဟတ်ယာဉ်များသုံး၍ တိုက်နေ၊ ဒေသကာကွယ်တပ်ဖွဲ့ဝင် ၁၄ ဦးကျဆုံး

ချင်းပြည်နယ်တွင်း စစ်ရှောင်ဒုက္ခသည်များ  / CDF

သားပျက်ကျလုမတတ် နာကျင်စွာ ခံစားရတယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate