• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ရှိန်မြင့်လာတဲ့ ချင်းတောင်တန်း

by ဧရာဝတီ
13 November 2021
in ဆောင်းပါး
A A
ချင်းတောင်တန်းပေါ်က စစ်ရေးလှုပ်ရှားမှု မြင်ကွင်းများ  / CDF

ချင်းတောင်တန်းပေါ်က စစ်ရေးလှုပ်ရှားမှု မြင်ကွင်းများ / CDF

17.8k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်ကို အင်အားသုံးပြီး ထိုးစစ်ဆင်နေတာ ၁ လနီးပါး ရှိလာချိန်မှာ ချင်းတောင်ပိုင်း မတူပီမြို့က ပြန်ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေကို ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ CDF – Mindat နဲ့ CDF – Matupi တပ်ဖွဲ့တွေ ဟာ ပြီးခဲ့တဲ့တပတ်လုံး လိုက်လံပြီးတော့ ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အောက်တိုဘာ လကုန်မှာ မတူပီကနေ မင်းတပ်မြို့ကို ပြန်ဆင်းလာတဲ့ သံချပ်ကာ ယာဉ် ၂ စီး ဦးဆောင်တဲ့ စစ်ကား ၇၅ စီးခန့် ပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းကို နိုဝင်ဘာ ၂ ရက်နေ့ကစပြီး ၉ ရက်တိုင် မင်းတပ် CDF တပ်ဖွဲ့တွေက ကြား ဖြတ်တိုက်ခိုက်မှု အမြောက်အမြား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက “လမ်းတလျှောက် နောက်ကနေ လိုက်ပြီးတိုက်ခိုက်တာပေါ့။ ကျနော် တို့ အတတ်နိုင်ဆုံး လုပ်ကြတယ်။ ရှိတဲ့ဟာနဲ့ အကောင်းဆုံးအနေအထား လုပ်ကြတယ်။ နဂိုအနေအထားနဲ့ မတူတော့တာ က အတွေ့အကြုံအရကော၊ ဖွဲ့စည်းမှု၊ စည်းလုံးမှု တိုးတက်လာတယ်။ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြတယ်” လို့ ပြောပြ ပါတယ်။

နိုဝင်ဘာ ၁၁ ရက်က မင်းတပ် CDF တွေဟာ မတူပီ – မင်းတပ် လမ်းတလျှောက် မိုင်တိုင် ၅၀ ကစလို့ မင်းတပ်မြို့အနီး မိုင် တိုင် ၁၁ နားအထိ နောက်ကနေ လိုက်လံပြီး ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြသလို လမ်းတလျှောက် တိုက် ခိုက်မှုတွေမှာလည်း စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ CDF တွေက ထုတ်ပြန် ပြောဆိုထားပါတယ်။

မင်းတပ် CDF ရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၂ ရက်ကနေ ၁၀ ရက်အထိ မတူပီ – မင်းတပ် လမ်းတလျှောက် ကြားဖြတ် တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၇၀ ခန့် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိခဲ့တယ် လို့ သိရပါတယ်။

ချင်းတောင်တန်းပေါ်က စစ်ရေးလှုပ်ရှားမှု မြင်ကွင်းများ (ဓာတ်ပုံ – CDF)

သို့ပေမယ့် ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးသလို မေးမြန်းလို့လည်း မရတာကြောင့် စစ်ကောင်စီဘက်က သေဆုံးတဲ့ အရေအတွက်ကို သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
“စစ်ကောင်စီ ကျဆုံးတာက ပြောဖို့တော့ ခက်တယ်။ ကျဆုံးမှုကတော့ ရှိတယ်။ အလောင်းတွေ ပြန်သယ်ကြတာတွေ လည်း ရှိတယ်။ တချို့ မြေပုံအသစ်လေးတွေနဲ့ ရဲဘော်တွေကို ကျင်းတောင် မတူးဘူး။ မြေဇာလေးတွေနဲ့ ဖုံးခဲ့တာ နည်း နည်းပါးပါး ရှိတယ်။ အတိအကျ မပြောနိုင်ပေမယ့် CDF တွေ ထုတ်ပြန်တဲ့ အရေအတွက်က ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ဆိုပါတယ်။

စစ်ကောင်စီ ယာဉ်တန်းကို လိုက်လံတိုက်ခိုက်ခဲ့တဲ့ မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကတော့ မိုင်တိုင် ၃၁ နဲ့ ၂၇ အနီးမှာ စစ်ကောင်စီဘက်က သေဆုံးသူ အလောင်းတချို့ မြုပ်နှံခဲ့တာ တွေ့ရတယ်လို့ ထုတ်ပြန် ပြောဆိုထားပါ တယ်။

“လမ်းမပေါ်ရှိ သွေးကွက်များကို ဆေးခြင်း၊ မြေကြီးနှင့်ဖုံးခြင်း စသည်ဖြင့် သဲလွန်စများကို စကစ (စစ်ကောင်စီ) များ က ဖျောက်ဖျက် ကြသည်ကို တွေ့ရသည်” လို့ ၎င်းက ဆိုပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ မိုင်တိုင် ၁၉ အနီး တိုက်ပွဲမှာ သံချပ်ကာယာဉ်ပေါ်က စက်သေနတ်ကိုင်သူ အပါအဝင် ၁၀ ဦးကျော် သေဆုံးခဲ့ပြီး သံချပ်ကာယာဉ်လည်း ထိမှန်ကာ ရပ်တန့်သွားခဲ့သလို မင်းတပ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်တွေကလည်း ၁၁ မိုင်အထိ တက်လာပြီး လက်နက်ကြီး ပစ်ကူပေးခဲ့ရတယ်လို့လည်း ၎င်းက ပြောထားပါတယ်။

ဒီလို တိုက်ခိုက်မှုတွေကြောင့် မိုင် ၁၀၀ ခန့်သာ ကွာဝေးတဲ့ မတူပီ – မင်းတပ်လမ်းဟာ ပုံမှန်အားဖြင့် နေ့တဝက်ခန့်သာ သွားလာရတဲ့ ခရီးဖြစ်ပေမယ့် စစ်ကောင်စီ ယာဉ်တန်းဟာ ၁၀ ရက် ကြာမြှင့်ခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းမှသာ မင်းတပ်မြို့က တပ်ရင်းထဲကို ဝင်ရောက်နိုင်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ချင်းတောင်တန်းပေါ်က စစ်ရေးလှုပ်ရှားမှု မြင်ကွင်းများ (ဓာတ်ပုံ – CDF)

လမ်းတလျှောက် တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က အထိနာခဲ့သလို မင်းတပ် CDF တပ်ဖွဲ့ဝင်တွေ ဘက်ကလည်း ထိခိုက်ဒဏ်ရာရတာနဲ့ ကျဆုံးသူအချို့ ရှိခဲ့ပါတယ်။

စစ်ကောင်စီ ယာဉ်တန်းဟာ ရိုးရာတူမီးလက်နက်တွေနဲ့ အစောဆုံး ခုခံခဲ့ကြတဲ့ မင်းတပ်မြို့ အပါအဝင် ချင်းပြည်နယ်ကို ထိန်းချုပ်နိုင်ဖို့ အောက်တိုဘာ ဒုတိယပတ်ကစပြီး ဆော – ကျောက်ထုဘက်ကနေ မင်းတပ် – မတူပီအထိ စစ်အင်အား အများအပြားနဲ့ ထိုးစစ်ဆင် ဝင်ရောက် လာခဲ့ကြတာ ဖြစ်ပါတယ်။

စဝင်လာစဉ်က ရာသီဥတု အခြေအနေကြောင့် မင်းတပ်နဲ့မတူပီ CDF တပ်ဖွဲ့ဝင်တွေဟာ ကြားဖြတ်တိုက်ခိုက်မှု အချို့ကို သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ရာသီဥတု ကောင်းလာချိန်မှာတော့ စစ်ယာဉ်တန်း အပြန်လမ်းကို နေ့စဉ်ရက်ဆက် ဆိုသလို ကြားဖြတ် တိုက်ခိုက်ခဲ့ကြပါတယ်။

မတူပီကနေ ပလက်ဝဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကိုလည်း မတူပီ CDF တွေက နိုဝင်ဘာ ၃ ရက်မှာ မိုင်တိုင် ၆ အနီး ကြားဖြတ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၆ ဦးခန့် သေဆုံးပြီး ၁၄ ဦးခန့် ဒဏ်ရာ ရရှိခဲ့တယ်လို့ မတူပီ CDF က ထုတ်ပြန်ထားပါတယ်။

မတူပီ – ပလက်ဝ လမ်းတလျှောက် ဆင်းလာတဲ့ စစ်ကောင်စီ တပ်တွေအနေနဲ့ တွီရှစ်၊ ဝလံပီ၊ ကလား၊ ဝလံတဲ၊ လေဆင်း၊ ထယ်ဘွေး၊ ဗန်ကိုင်းကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီး ယူဆောင်တာတွေ ပြုလုပ်ခဲ့ကြသလို ပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့ကြတာကြောင့် ဒေသခံ ၁၈၀၀ ကျော်ဟာ တောထဲထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။

မတူပီ – မင်းတပ် လမ်းတလျှောက်က ရွာတွေမှာလည်း ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်တွေဟာ အိမ်တွေ ကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ် စားသောက်တာတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသ ခံတွေဟာ စစ်ဘေးရှောင်အနေနဲ့ တောတောင်တွေထဲ ထွက်ပြေးနေကြရပါတယ်။

အိမ်တွေ ဖျက်ဆီးခံလိုက်ရတဲ့ ဒေသခံ အချို့ကတော့ CDF တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တန်ပြန်တိုက်ခိုက် တာတွေ ရှိခဲ့တယ်လို့ CDF အဖွဲ့က ဆိုပါတယ်။

လတ်တလော ချင်းပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲတွေကြောင့် စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေသလို စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာလည်း မင်းတပ်မြို့နယ် တခုတည်းမှာပင် သောင်းဂဏန်းအထိ ရှိနေပါတယ်။

ချင်းတောင်တန်းပေါ်က စစ်ရေးလှုပ်ရှားမှု မြင်ကွင်းများ (ဓာတ်ပုံ – CDF)

စစ်ကောင်စီဘက်က လမ်းကြောင်း ဖြတ်တောက်ကာ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး ပြတ်လပ် မှုတွေ ရှိနေသလို ကုန်ဈေးနှုန်း ကြီးမြင့်မှုကိုပါ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မင်းတပ် ဒေသခံတဦးက “စစ်ဘေးရှောင်တွေ တုပ်ကွေးဖြစ်တာ ရှိနေတယ်။ ဆေးဝါး လိုအပ်ချက်တွေ ရှိနေတယ်။ တော ထဲမှာ ခြင်တွေလည်း ကိုက်တယ်။ အခက်အခဲ တော်တော်ဖြစ်တယ်။ အဓိက လိုနေတာ ဆေးဝါး။ ပြီးမှ အစားအစာနဲ့ အမိုး အကာတွေပေါ့” လို့ ပြောပြပါတယ်။

ထို့ပြင် ကုန်ဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေပြီး ဓာတ်ဆီ ၁ ဂါလံကို အရင်က ၃၀၀၀၊ ၄၀၀၀ ကျပ် ပေးဝယ် ရတာကနေ အခုဆို ၁၀၀၀၀ ကျပ်လောက်ထိ ပေးနေရသလို ဆန်ဆိုရင်လည်း ပိုက်ဆံရှိတာတောင် ဝယ်လို့မလွယ်ဘူးလို့ သူက ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ မင်းတပ်ဒေသကို ထိန်းချုပ်ကန့်သတ်တဲ့ အနေနဲ့ စားနပ်ရိက္ခာတွေ သယ်ယူပို့ဆောင် တာကို ကန့်သတ်ထားပြီး ဆန်ကိုလည်း စစ်တပ်မှာပဲ အကန့်အသတ်နဲ့ ရောင်းချပေးနေတယ်လို့ သူက ပြောပြပါတယ်။

စစ်ကောင်စီက စားနပ်ရိက္ခာနဲ့ ဆေးဝါး အပါအဝင် အသုံးအဆောင်တွေ သယ်ယူခွင့်ကို ဖြတ်တောက် ကန့်သတ်ထားတာ ၅ လခန့် ရှိလာပြီဖြစ်ပြီး မင်းတပ်မြို့နယ်အတွင်းက စစ်ဘေးရှောင်ရသူရော၊ မရှောင်ရသူတွေပါ စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲကို ရင်ဆိုင်နေရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

သူက “ဖြတ်လေးဖြတ်လို လုပ်ထားတာ အခု ၄ လကျော် ၅ လလောက်ရှိပြီ။ အသင့်စား အစားအစာတွေ ယူခွင့်မပေးဘူး။ အနည်းငယ်ကိုပဲ ဖြတ်သန်းသယ်ဆောင်ခွင့် ပေးနေတယ်။ အခုက ဝယ်ချင်လို့ ပိုက်ဆံရှိရင်တောင် ဝယ်စရာဆန်က မရှိ ဘူး” လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ အင်အား အများအပြားသုံးပြီး ထိုးစစ်ဆင်နေတာ ၁ လခန့် ရှိနေပြီ ဖြစ်ပြီး နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ချင်းဒေသခံ ပြည်သူအများအပြား နေအိမ်တွေ ဆုံးရှုံးရပြီး စစ်ဘေးရှောင်သူ ဦးရေကလည်း မြင့်တက်လာနေပါတယ်။

အောက်တိုဘာ ၂၉ ရက်မှာ ချင်းပြည်နယ် မြောက်ပိုင်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ထန်တလန်မြို့ ပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဘုရားကျောင်း ၂ ကျောင်းနဲ့ လူနေအိမ် ၁၆၀ ကျော် မီးလောင် ပျက်စီးခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေက စစ်ကောင်စီကို အပြင်းအထန် ရှုတ်ချခဲ့ပြီး လူသားမျိုးနွယ် အပေါ် ကျူးလွန်မှု အဖြစ်လည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

သို့ပေမယ့် စစ်ကောင်စီ ဘက်ကတော့ ထန်တလန်မြို့က အိမ်တွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက မီးရှို့တာသာ ဖြစ်တယ်လို့ ပြန်လည်စွပ်စွဲ ဖြေရှင်းထားပါတယ်။

ချင်းတောင်တန်းပေါ်က စစ်ရေးလှုပ်ရှားမှု မြင်ကွင်းများ (ဓာတ်ပုံ – CDF)

ချင်းဒေသ ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ Chinland Joint Defense Committee (CJDC) ကတော့ ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်း ယူဆောင်တာတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီအနေနဲ့ ဂျီနီဗာ ကွန်ဗန်းရှင်းကို လိုက်နာမှု မရှိတဲ့အပြင် စစ်ရာဇဝတ်မှုကိုပါ ချိုးဖောက်နေတဲ့အတွက် ပြည်သူလူထုနဲ့အတူ တိုက်ခိုက်ချေ မှုန်းသွားမယ်လို့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန် သတိပေးခဲ့ပါတယ်။

လက်ရှိအချိန် ချင်းပြည်နယ်မှာ ပလက်ဝနဲ့ တွန်းဇံမြို့နယ် နှစ်ခုသာ တိုက်ခိုက်မှုတွေ မရှိသေးတာဖြစ်ပြီး ကျန် ၇ မြို့နယ် မှာတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပွင့်လင်းရာသီ ရောက်လာတာနဲ့အမျှ တိုက်ပွဲတွေ ပိုမိုများပြား ပြင်းထန်လာဖွယ် ရှိတယ်လို့ လေ့လာသူတချို့က ဆိုပါတယ်။

“အခု ပလက်ဝဘက်သွားတဲ့ မတူပီမှာဆို တိုက်ခိုက်မှုတွေ ရှိလာတော့ နောက်ပိုင်း ဒီမြို့နယ်တွေလည်း မဖြစ်ဘူးလို့ ပြော လို့ မရနိုင်ဘူး။ ပွင့်လင်းရာသီ ရောက်လာရင် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး ခပ်စိတ်စိတ် ဖြစ်လာတတ်တာ သဘာဝပဲ မို့ ရှေ့လျှောက်လည်း တိုက်ခိုက်မှုတွေ ပိုပြီး ဖြစ်လာနိုင်ပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေ အနေနဲ့လည်း ပိုပြီး များလာ နိုင်ပါတယ်” လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ CNA ဌာနချုပ် တည်ရှိတဲ့ ထန်တလန်မြို့နယ် အပါအဝင် ချင်းပြည်နယ် မြောက်ပိုင်းကို ထိုးစစ်ဆင်ရာ မှာ ကလေး – ဖလမ်း၊ ဟားခါး – ထန်တလန် လမ်းကြောင်းကနေတဆင့် ချင်းတောင်တန်းပေါ်ကို အင်းအား အများအပြား ပို့ဆောင်နေတာဖြစ်ပြီး တိုက်ခိုက်မှုတွေလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ဟားခါမြို့လယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို CNA နဲ့ ဟားခါး CDF တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးခန့် သေဆုံးခဲ့တယ်လို့ CNA ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါ တယ်။

“စစ်အာဏာရှင် ပြုတ်ကျရေးကို သံန္နိဋ္ဌာန် ချထားတယ်ဆိုတော့ အဆုံးထိ တွန်းလှန်တိုက်ခိုက်သွားမှာပါ။ တိုက်ပွဲတွေ ဖြစ်ပြီ ဆိုရင်တော့ ပြည်သူတွေ ထိခိုက်မှုက အနည်းနဲ့အများ ရှိမှာပါပဲ။ ပြည်သူတွေအနေနဲ့ လုံခြုံရေးကို သတိရှိရှိ ကြို တင်ပြင်ဆင်ကြဖို့၊ ထိခိုက်မှု ရှိခဲ့ရင်လည်း ကျနော်တို့ကို နားလည်ပေးကြပါလို့ ပြောချင်ပါတယ်” လို့လည်း သူက ဆိုပါ တယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း ချင်းပြည်နယ် မြောက်ပိုင်းကို ကလေးမြို့ဘက်ကနေ တက်လာတဲ့ စစ်ကားအကြီး ၂ စီးနဲ့ အသေး ၂ စီးကို သိုင်းငင်းရွာနဲ့ ဟိန်ဇိန်ရွာအကြားမှာ CNA နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ချုံခိုတိုက်ခိုက်ခဲ့သလို နိုဝင် ဘာ ၅ ရက်ကလည်း တီးတိန်မြို့နယ်၊ ကနေဒီတောင်ခြေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကနေဒီတောင်ခြေ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး သေနတ် ၂ လက်ကို ဒေသကာကွယ်ရေး အဖွဲ့တွေက ရရှိခဲ့ပေမယ့် သူတို့ဘက်က တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ပေါင်ဂင့်ထန်ဆိုသူလည်း ကျဆုံးခဲ့ပါ တယ်။

“ကျနော်တို့ ဘယ်တော့မှ လက်မလျှော့ပါဘူး။ အာဏာရှင်ကို ပြုတ်ကျရေး၊ အပြစ်ပေးနိုင်ရေး အားလုံး ပူးပေါင်းပါဝင်ပေး ကြပါလို့ ပြောချင်ပါတယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက သတင်းစကား ပါးပါတယ်။ ။

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
105
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
388
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

ချင်းတောင်တန်းအတွက် တာဝန်ကျေခဲ့တဲ့ ဦးနိန်ကီးယော

ချင်းတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေပြီလား

Your Thoughts …
Tags: CDFချင်းပြည်နယ်စစ်ကောင်စီ ယာဉ်တန်းမတူပီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်

မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်

by စောလွင်
19 June 2024
13.2k

စစ်ကောင်စီ၏ စစ်ဗျူဟာရှိရာ မတူပီမြို့ကို ထိုးစစ်ဆင်နေသည့် ချင်း တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ သေဆုံး ဒဏ်ရာရမှုများ ရှိကြောင်း

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

by Zachary Abuza
31 January 2024
9.7k

ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.8k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

by အေးချမ်းဆု
19 October 2023
7.6k

ကချင်ပြည်နယ်အတွင်းရှိ PDF များကို ကချင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) များအဖြစ် ဖွဲ့စည်းပြီး KIA က ဌာနတခုအသစ်ဖွင့်၍ တိုက်ရိုက် ကိုင်တွယ်သည်။

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

by မိုးစက်ငြိမ်းချမ်း
2 May 2024
7.5k

ဤသုံးပွင့်ဆိုင်နယ်မြေတွင် တဖွဲ့တဖွဲ့ ကျောချင်းကပ်ကာ ရင်ဆိုင်၍ရသည့် အခြေခံဒေသတခု တည်ဆောက်ရန် တော်လှန်ရေးတပ်ဖွဲ့များ ကြိုးစားနေပုံရ၏။

Next Post
၂၀၁၆ ဇူလိုင်လအတွင်း ကချင်ပြည်နယ်တွင် ကျင်းပခဲ့သော တိုင်းရင်းသားထိပ်သီးအစည်းအဝေးတွင် တွေ့ရသော တရုတ်အထူးသံတမန် ဆွန်ကော့ရှန်  / ဧရာဝတီ

တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော့ရှန် မြန်မာနိုင်ငံသို့ ရောက်နေ

ဒလန်ရှင်းလင်းရေး NUG လူ့အခွင့်အရေးဝန်ကြီးရဲ့ ရှုမြင်ချက် (ရုပ်/သံ)

ဒလန်ရှင်းလင်းရေး NUG လူ့အခွင့်အရေးဝန်ကြီးရဲ့ ရှုမြင်ချက် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved