စစ်တပ်၏ တပခ စစ်ဌာနချုပ်အတွက်ဆိုလျှင် စစ်တောင်းမြစ်ဝှမ်းမှ အရှေ့မီးတောက်၊ ပြည်၊ ပန်းတောင်း စစ်မျက်နှာမှ အနောက်မီးတောက်အပြင် ပဲခူးရိုးမမှ အလယ်မီးတောက်ပါ ထပ်မံ ပေါင်းစပ်ပါက အရူးမီးဝိုင်း ဖြစ်၍နေပေလိမ့်မည်။
လက်ရှိ ရန်ကုန်တိုင်းတပ်များကို နောင်ချိုနှင့် ဧရာဝတီတိုင်းသို့ စစ်ကူပို့နေရသည့် စစ်တပ်အဖို့ ပဲခူးရိုးမအား စစ်ကူ ထပ်မံဖြည့်တင်းရန် ခက်ခဲ၏။ တပခ နယ်မြေရှိ တပ်မ ၆၆ နှင့် ၇၇ နောက်တန်း တပ်ရင်းဌာနချုပ်များအား တပ်သားသစ်များဖြင့် ဖြည့်တင်းရုံမှလွဲ၍ ထုတ်နုတ်ရန် အခြားတပ် မရှိပေ။
ယခုအခါ ပဲခူးရိုးမအရှေ့ခြမ်း စစ်တောင်းလွင်ပြင်တွင် PDF နှင့် KNU ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးလာနိုင်ခြင်း၊ ပဲခူးရိုးမ အနောက်ဘက် ရခိုင်ရိုးမတွင် AA နှင့် ပူးပေါင်းအင်အားများ ထိန်းချုပ်လာနိုင်ခြင်းတို့ကြောင့် ပဲခူးရိုးမစစ်မျက်နှာတွင် ၂၀၂၅ ခုနှစ်၌ စစ်ရေးလှုပ်ရှားမှုများ အားကောင်းလာမည်မှာ သေချာသလောက်ရှိပြီး မြန်မာပြည်၏ အသည်းနှလုံးဖြစ်သည့် ရန်ကုန်မြို့အား ကိုင်လှုပ်နိုင်မည်ဖြစ်၏။
ထို့ပြင် ရန်ကုန်အပါအဝင် အောက်ပြည်အောက်ရွာရှိ မြို့ကြီးများအား ခြိမ်းခြောက်နိုင်ပြီး မြို့ပြပြောက်ကျား လှုပ်ရှားမှုများကို အားကောင်းလာစေမည် ဖြစ်သည်။ စစ်တပ်အတွက်ဆိုလျှင် ၎င်းတို့ အားကောင်းစွာ ခြိမ်းခြောက်နိုင်သည့် စစ်မျက်နှာသစ်တရပ် တိုးလာပြီး စစ်အင်အား မလုံလောက်မှုကို ပိုမိုရင် ဆိုင်ရမည်ဖြစ်၏။
နွေဦးတော်လှန်ရေးအင်အားစုများအတွက်ဆိုလျှင် စစ်အင်အား မလုံလောက်သည့်အပြင် တိုက်ခိုက်ရေးအတွေ့အကြုံ မရှိသည့် တပ်သားသစ်များပါသော စစ်တပ်စစ်ကြောင်းများကို ကောင်းစွာ ချေမှုန်းနိုင်ပေလိမ့်မည်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
You may also like these stories:
“ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ” အပိုင်း-၁ (ရုပ်/သံ)













