စစ်တောင်းမြစ်အရှေ့ဘက် KNU ထိန်းချုပ်လှုပ်ရှားရာ ဒေသများတွင် အခြေချသည့် PDF များ လှုပ်ရှားမှု အားကောင်းလာပြီး ပဲခူးရိုးမအနောက်ခြမ်း ပြည်နှင့်သာယာဝတီခရိုင်အတွင်း ပြောက်ကျားလှုပ်ရှားမှုများ အားကောင်းလာ၏။
ဧရာဝတီတိုင်း သာပေါင်း၊ ငါးသိုင်းချောင်းတို့တွင်လည်း အာရက္ခတပ်တော် (AA)၊ PDF နှင့် နွေဦးတော်လှန်ရေး အင်အားစုများ ၂၀၂၄ ခုနှစ် နှစ်ကုန်၊ ၂၀၂၅ ခုနှစ် နှစ်ဆန်းမှ စ၍ ထိုးဖောက် နေရာယူနိုင်ခဲ့ပြီဖြစ်၏။ ထိုဒေသများသည် ဧရာဝတီမြစ် အနောက်ခြမ်းဒေသများဖြစ်ပြီး ဧရာဝတီမြစ် အရှေ့ခြမ်း သာယာဝတီခရိုင်ရှိ နယ်မြေများနှင့် ဆက်စပ်လှုပ်ရှားနိုင်၏။
ပို၍ထူးခြားသည်မှာ ယခင် ပြည်တွင်းစစ်သမိုင်းတွင် မကြုံဖူးသေးသည့် စစ်မျက်နှာတခုသည် ရခိုင် တောင်ကုတ်တောင်ကြားတွင် ပေါ်လာ၍ ဖြစ်၏။ တောင်ကုတ်မြို့သိမ်းပြီးသည့် AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် တောင်ကုတ်တောင်ကြားအတိုင်း ဆက်လက် ချီတက်လာရာ တောင်ပုံကြီး၊ မိုးထိ၊ ပန်းကန်ကွဲစခန်းများအား သိမ်းပိုက်ပြီး ညောင်ကျိုးသို့ ဆက်လက် ဦးတည်လာပြီဟု ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် သိရှိရ၏။
သို့ဖြစ်ရာ ပြည်အနောက်ဘက်ကမ်း ပန်းတောင်းနယ်ရှိ ကပစ စက်ရုံများကို ခြိမ်းခြောက်နေပြီ ဖြစ်၏။ ဤသို့သောအခြေအနေတွင် ပဲခူးရိုးမ၏ စစ်ရေးအရ အရေးပါမှုသည် ပိုမို မြင့်တက်လာ၏။
ပဲခူးရိုးမ စစ်မျက်နှာသည် ကရင်၊ မန္တလေး၊ မကွေး၊ ရခိုင်၊ ဧရာဝတီ စစ်မျက်နှာတို့နှင့် ကောင်းစွာ ချိတ်ဆက်နိုင်သည်သာမက ရန်ကုန်တိုင်း စစ်မျက်နှာ ဖွင့်လှစ်ရေးအတွက်လည်း အရေးပါသည်။ ရန်ကုန်မြို့ကိုလည်း ကောင်းစွာ ခြိမ်းခြောက်နိုင်သည်။ သို့ဖြစ်ရာ ပဲခူးရိုးမ စစ်မျက်နှာသည် ၂၀၂၅ ခုနှစ်တွင် အရေးပါသည့် စစ်မျက်နှာတရပ်အဖြစ် ပေါ်ထွက်လာသည်ကို တွေ့ရ၏။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
You may also like these stories:
“ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ” အပိုင်း-၂ (ရုပ်/သံ)