စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ အဆိုးဆုံး အခြေအနေထိ ကျဆင်းသွားပြီး ပြည်သူတွေဟာလည်း သတင်းအမှောင်ချခံထား ရပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံပါဝင်ပြီး ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲက အဆင့် ၁၆၉ နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။
အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာတော့ အဆင့် ၁၃၉ ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၅ နှစ်အတွင်း အဆင့် ၃၀ ကွာဟလာခဲ့တာပါ။
တကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ၂၀၂၅ ခုနှစ်မှာ သတင်းလွတ်လပ်ခွင့်တွေ ကျဆင်းသလို အာဏာရှင်စနစ်အောက်က မြန်မာနိုင်ငံအတွက်တော့ ပိုဆိုးမယ့် အခြေအနေသာရှိတယ်လို့ သတင်းစာပညာရှင်တွေက သုံးသပ်ပါတယ်။
ဒီလိုအခြေမနေတွေ ရှိနေပေမယ့်လည်း လွတ်လပ်တဲ့ မြန်မာ သတင်းထောက်တွေဟာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်က CCTV တွေ၊ ထောက်လှန်းရေးနဲ့ သတင်းပေးတွေရဲ့ အန္တရာယ်တွေ ကြားမှာ သတင်းလုပ်ငန်းတွေ လုပ်ကိုင်နေကြသလို စစ်မြေပြင်ပဋိပက္ခတွေကြားမှာလည်း စွန့်စွန့်စားစား လုပ်ကိုင်နေကြတာရှိပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ကောင်စီ #သတင်းလွတ်လပ်ခွင့် #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













