နေပြည်တော်ကိုတော့ နန်းကျမင်းသားကြီး ဦးခင်ညွန့် မပြောင်းခဲ့ပါဘူး။ ရန်ကုန် အိမ်မှာပဲ ဆက်နေပြီး အခုအချိန်မှာတော့ အယ်လ်ဇိုင်းမား ရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။
ဦးသန်းရွှေ၊ ဦးမောင်အေး နဲ့ ဦးတင်အောင်မြင့်ဦး တို့ကတော့ နေပြည်တော်ကို ရွှေ့ခဲ့ပါတယ်။
ငလျင် ဒဏ်ကို သူတို့လည်း ခံလိုက်ရပါတယ်။
အဲဒီ အချိန်မှာ ဦးခင်ညွန့် နေပြည်တော် စီမံကိန်း ကန့်ကွက်ခဲ့တာကို သတိရကောင်း ရနေနိုင်ပါတယ်။
ငလျင် ဒဏ်ကြောင့် နေပြည်တော် ပျက်စီးရခြင်းနဲ့ ပတ်သက်ပြီး စစ်ဆေးမယ် ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့ကိုပါ မဖြစ်မနေ ခေါ်ယူ စစ်ဆေးသင့်ပါတယ်။
အဲဒီ စစ်အာဏာရှင် ဟောင်းတွေရဲ့ ဘဝ နေဝင်ချိန်ဟာလည်း သံဝေဂ ရစရာတွေ၊ လေ့လာစရာတွေ အပြည့်နဲ့ပါပဲ…။
#မြန်မာ #ဧရာဝတီ #ဦးခင်ညွန့် #နေပြည်တော် #ငလျင် #MyanmarEarthquake
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR