ကရင်အမျိုးသားအစည်းရုံး (KNU) ၊ တပ်မဟာ (၇) နယ်မြေအတွင်း နှစ်ပေါင်း ၄၀ ကျော် အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ မော်ဖိုးကေစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် တပ်မဟာ ၇ နယ်မြေ ၊ ပိုင်ကျုံမြို့နယ်ထဲမှာတည်ရှိတဲ့မော်ဖိုးကေ စခန်းမကျရေး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ကာကွယ်ခဲ့ပေမယ့် မေလ ၁၉ ရက်နေ့ တရက်ထဲမှာပဲ သိမ်းပိုက်နိုင်ခဲ့တာပါ။
မော်ဖိုးကေစခန်းဟာ တပ်မဟာ (၇) နယ်မြေအတွင်း KNLA နဲ့ ပူးပေါင်းတပ်တွေ ၈ ခုမြောက် သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီ အခြေချစခန်းဖြစ်ပြီး နောက်ဆုံးကျန်ရှိနေတဲ့ နော်တယာ စခန်းကိုသိမ်းပိုက်ဖို့အတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီ လို့လည်း သိရပါတယ်။
#မြန်မာ #ဧရာဝတီ #KNU #KNLA #တပ်မဟာ၇ #မော်ဖိုးကေ #ပိုင်ကျုံ #နော်တယာ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













