သီလဝါနှင့် သာကေတမှာရှိတဲ့ ဓာတ်အားပေးစက်ရုံ ၂ ခုအတွက် ဂက်စ်ပေးမည့် LNG သင်္ဘောကြီး ပြန်လာနေပြီဟု သတင်းများက ဆိုနေကြပါတယ်။ တရုတ်သင်္ဘောကုမ္ပဏီ Singhai Marine Services Yangon မှ သင်္ဘောသား ၁၄ ယောက်ဟာ ထိုသင်္ဘောကြီးကို သွားယူနေကြပြီ ဖြစ်သည့်အကြောင်း ထိုကုမ္ပဏီမှ ၎င်းတို့၏ Facebook စာမျက်နှာမှာ မေလ ၉ ရက်နေ့က တင်ထားခဲ့တာဖြစ်ပါတယ်။ ထိုသတင်းတခုတည်းကိုပဲ သတင်းဌာနပေါင်းများစွာက ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။
ထူးဆန်းသည်က အာဏာသိမ်း စစ်ကောင်စီဖက်မှ တရားဝင်ကော၊ တိုးတိုးတိတ်တိတ်ကော မည်သည့်သတင်းမျှ မထွက်ပေါ်ပဲ တရုတ်သင်္ဘောကုမ္ပဏီတခု၏ သတင်းကသာ အင်တာနက်ပေါ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေတာ ဖြစ်ပါတယ်။ ပို၍ ထူးဆန်းသည်က ထိုသင်္ဘောကုမ္ပဏီမှ ၎င်းတို့၏ ပို့စ်ကို နာရီပိုင်းအတွင်းမှာ ဖြုတ်ချသွားတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီနှင့် ၎င်းတို့၏ လျှပ်စစ်ဝန်ကြီးဌာနသည် လျှပ်စစ်နှင့်ပါတ်သက်၍ လေအား၊ ရေအား၊ နျူကလီးယား စသည်တို့ကို ရုရှားနှင့် ဘယ်လို၊ တရုတ်နှင့် ဘယ်ပုံ ထုတ်လုပ်မည် မဂ္ဂါဝပ်ဘယ်လောက်ထွက်မည် စသဖြင့် လက်တွေ့မဖြစ်နိုင်တာတွေကို မစားရဝခမန်း အမြဲပြောကြားတတ်ပေမည့် ကျသလောက် ဒေါ်လာနဲ့ပေးမည်ဟု သဘောတူလိုက်သည်နှင့် ရက်ပိုင်း လပိုင်းအတွင်း မီးရမည့် အနှီ LNG စီမံကိန်းအကြောင်းကိုတော့ တလုံးမှ မဟခဲ့ကြတာ တွေ့ရပါတယ်။
အာဏာသိမ်း စစ်ကောင်စီနှင့် ၎င်းတို့၏ လျှပ်စစ်ဝန်ကြီးဌာနသည် လျှပ်စစ်နှင့်ပါတ်သက်၍ လေအား၊ ရေအား၊ နျူကလီးယား စသည်တို့ကို ရုရှားနှင့် ဘယ်လို၊ တရုတ်နှင့် ဘယ်ပုံ ထုတ်လုပ်မည် မဂ္ဂါဝပ်ဘယ်လောက်ထွက်မည် စသဖြင့် လက်တွေ့မဖြစ်နိုင်တာတွေကို မစားရဝခမန်း အမြဲပြောကြားတတ်ပေမည့် ကျသလောက် ဒေါ်လာနဲ့ပေးမည်ဟု သဘောတူလိုက်သည်နှင့် ရက်ပိုင်း လပိုင်းအတွင်း မီးရမည့် အနှီ LNG စီမံကိန်းအကြောင်းကိုတော့ တလုံးမှ မဟခဲ့ကြတာ တွေ့ရပါတယ်။
ဒီစီမံကိန်းဟာ ဟောင်ကောင်က V Power ကုမ္ပဏီနှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီကြီးဖြစ်သည့် CNTIC (China National Technical Import & Export Corporation) တို့ ပူးပေါင်းရင်းနှီးမြှုပ်နှံခဲ့ကြတာဖြစ်ပြီး NLD လက်ထက်က LNG to power စီမံကိန်းအဖြစ် ခွင့်ပြုအကောင်အထည်ဖေါ်ခဲ့တာ ဖြစ်ပါတယ်။
စက်တပ်ဆင်အင်အား စုစုပေါင်း 750 MW ရှိပြီး ဓာတ်အားခ တယူနစ်ကို အမေရိကန် ၁၂.၅၀ ဆင့်ခန့် ပေးရတယ်ဟု ကြားသိရဖူးပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စကစဖက်က ဓာတ်အားခတွေ မပေးနိုင်တော့သည့်အတွက်ကြောင့်၎င်း၊ ကိုဗစ်အပြီးမှာ ဂက်စ်ဈေးတွေ အဆမတန်တက်သွားသည့်အတွက်ကြောင့်၎င်း ၂၀၂၃ မတ်လကုန်မှာ သင်္ဘောကြီး ပြန်လည်ထွက်ခွါသွားကာ စီမံကိန်းလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ ဒေါ်လာသန်း ရာချီတဲ့ V Power နှင့် CNTIC တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာလည်း မရေမရာအဖြစ်ကို ရောက်ရှိသွားပါတယ်။
နိုင်ငံရေးအနေအထားအရ ထိုအချိန်က တရုတ်အစိုးရက မြန်မာစစ်ကောင်စီကို အဆက်အဆံမလုပ်ပဲ ထားနေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်အစိုးရက စကစကို ထိထိရောက်ရောက် မပြောပေးနိုင်သည့်အနေအထားဟု သုံးသပ်ရပါတယ်။ ဒီကြားထဲမှာ တရုတ်ကုမ္ပဏီကတော့ သူတို့ သန်းရာနှင့်ချီ ရင်းနှီးမြှုပ်နှံထားမှုတွေ မဆုံးရှုံးရလေအောင် စီမံကိန်းပြန်လည် လည်ပတ်နိုင်ဖို့ သက်ဆိုင်ရာ မြန်မာအဖွဲ့များထံ ဆက်သွယ်ကြိုးပမ်းနေမည်သာ ဖြစ်ပါတယ်။
အခုတော့ ကိုဗစ်အပြီး တက်သွားခဲ့သည့် ဂက်စ်ဈေးတွေလည်း ပုံမှန်ပြန်ဖြစ်တာကြာခဲ့ပြီ ဖြစ်သလို တရုတ်အစိုးရရဲ့ ဆက်ဆံရေးဟာလည်း အားလုံးသိကြသည့်အတိုင်း ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။ ရှီကျင့်ဖျင်ဟာ မြန်မာစစ်ခေါင်းဆောင်နဲ့တောင် လူချင်းလက်ဆွဲနှုတ်ဆက်ခဲ့ပြီးပြီဖြစ်ပါတယ်။ အဲ့ဒီတွေ့ဆုံမှုအတွင်းမှာ တရုတ်သမ္မတက မြန်မာစစ်ခေါင်းဆောင်ကို သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ အလေးထားပြောကြားထားတာ ရှိပါတယ်။
အခုတော့ ကိုဗစ်အပြီး တက်သွားခဲ့သည့် ဂက်စ်ဈေးတွေလည်း ပုံမှန်ပြန်ဖြစ်တာကြာခဲ့ပြီ ဖြစ်သလို တရုတ်အစိုးရရဲ့ ဆက်ဆံရေးဟာလည်း အားလုံးသိကြသည့်အတိုင်း ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။ ရှီကျင့်ဖျင်ဟာ မြန်မာစစ်ခေါင်းဆောင်နဲ့တောင် လူချင်းလက်ဆွဲနှုတ်ဆက်ခဲ့ပြီးပြီဖြစ်ပါတယ်။ အဲ့ဒီတွေ့ဆုံမှုအတွင်းမှာ တရုတ်သမ္မတက မြန်မာစစ်ခေါင်းဆောင်ကို သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ အလေးထားပြောကြားထားတာ ရှိပါတယ်။
ကာကွယ်ပေးဖို့ဆိုရာမှာ လုံခြုံရေးအရအပြင် ယခုလိုမျိုး စာချုပ်ချုပ်ဆိုပြီး အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပြီးမှ ရပ်ထားရသည့်အဖြစ်မျိုး မဖြစ်အောင်ဆိုတာလည်း ပါဝင်ပါတယ်။ ဒါကြောင့် စကစဖက်က မဖြစ်မနေ လုပ်ပေးရမည့် တာဝန်ဖြစ်လာပါတယ်။ တကယ်တော့ မြန်မာပြည်မီးမလောက်တာ ကြာခဲ့ပါပြီ။ ဒီစီမံကိန်းကို ပြန်စပြီး မီးပေးမည်ဆိုလျင် အကောင်းကျန်နေသေးသည့် မြို့များက ပြည်သူတွေလည်း အနည်းငယ်အသက်ရှူချောင်မှာ ဖြစ်ပါတယ်။
သို့သော် စကစရဲ့ ပြဿနာက နိုင်ငံခြားငွေ ဖြစ်ပါတယ်။ စစ်တိုက်ရာမှာ သုံးရသည့် အရာမှန်သမျှ လူကလွဲ၍ နိုင်ငံခြားက ဝယ်ရတာမို့ နိုင်ငံခြားငွေ လိုပါတယ်။ စစ်တိုက်တယ်ဆိုတာလည်း အင်မတန် အကုန်အကျများတာမို့ ရေနံသိုက်၊ ဂက်စ်သိုက်၊ သတ္တုသိုက်တွေပေါ် ဖင်ခုထိုင်ထားတဲ့ ပူတင်လို လူမျိုးသာ မိုက်မိုက်ကန်းကန်း လုပ်နိုင်တာ ဖြစ်ပါတယ်။
ဟိုတပတ်က ထချကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကိုကြည့်ပါ၊ ခေါင်းဆောင်တွေ အာသာပြေအောင်လေး၊ သဘောထားတင်းမာတဲ့ သူ့ပြည်သူတွေ ကြေနပ်သွားအောင်လေး ချကြတာ။ ပြီးတာနဲ့ ရပ်ပြီး ပါးစပ်နဲ့ပဲ ဆက်တိုက်နေကြတာပါ။ စစ်တိုက်တယ်ဆိုတာ တိုင်းပြည်ရဲ့ မွဲဆေးဆိုတာ သူတို့ခေါင်းဆောင်တွေ ကောင်းကောင်းသိကြပါတယ်။
ယခု LNG to power စီမံကိန်းပြန်လည်စတင်ပါက ပေးရမည့် ဓာတ်အားခကို တွက်ကြည့်ပါမည်။
စက်အင်အား၏ ၇၅ ရာခိုင်နှုန်းကို မောင်းနှင်မည်ဆို 750 MW x 75% = 562.5 MW ဖြစ်ပြီး တနာရီကို 562,500 ယူနစ် (kWh) ထုတ်လုပ်နိုင်ပြီး တနှစ်ကို ယူနစ်သန်းပေါင်း ၅,၀၀၀ နီးပါးဖိုး ပေးချေရမှာ ဖြစ်ပါတယ်။ တယူနစ်ကို အမေရိကန် ဆင့် ၁၂.၅၀ ဆင့်ဖြစ်သောကြောင့် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့် ပေးရမည်ဖြစ်ပါတယ်။ နည်းလှ သန်း ၅၀၀ ပေါ့။ ဒိထက်နည်းရင် V Power ဖက်က တွက်ချေမကိုက်ပါ။
စကစက ပြည်သူတွေကို မီးပေးဖို့ တနှစ် အမေရိကန်ဒေါ်လာသန်း ၅၀၀- ၆၀၀ အကုန်အကျမခံပါ။ ဒါကြောင့်လည်း ဟိုက ပြန်ထွက်သွားခဲ့တာဖြစ်ပါတယ်။ မီးနဲ့ပတ်သက်ရင် မဖြစ်နိုင်တဲ့ စီမံကိန်းတွေကို သတင်းစာနဲ့ တီဗီမှာ မိုးတလုံးလေတလုံး လျှောက်ပြောထားပြီး ပြည်သူကို ဆိုလာနဲ့ ကိုယ့်ဖါသာ စီစဉ်ခိုင်းကာ စစ်တိုက်ဖို့ပဲ နိုင်ငံခြားငွေ သုံးမည်ဆိုတာ စကစရဲ့ လျှပ်စစ်စွမ်းအင်မူဝါဒ ဖြစ်ပါတယ်။
စကစက ပြည်သူတွေကို မီးပေးဖို့ တနှစ် အမေရိကန်ဒေါ်လာသန်း ၅၀၀- ၆၀၀ အကုန်အကျမခံပါ။ ဒါကြောင့်လည်း ဟိုက ပြန်ထွက်သွားခဲ့တာဖြစ်ပါတယ်။ မီးနဲ့ပတ်သက်ရင် မဖြစ်နိုင်တဲ့ စီမံကိန်းတွေကို သတင်းစာနဲ့ တီဗီမှာ မိုးတလုံးလေတလုံး လျှောက်ပြောထားပြီး ပြည်သူကို ဆိုလာနဲ့ ကိုယ့်ဖါသာ စီစဉ်ခိုင်းကာ စစ်တိုက်ဖို့ပဲ နိုင်ငံခြားငွေ သုံးမည်ဆိုတာ စကစရဲ့ လျှပ်စစ်စွမ်းအင်မူဝါဒ ဖြစ်ပါတယ်။ ရန်ကုန်တဝိုက်က စက်မှုဇုံတွေကို တယူနစ် ၈၀၀, တထောင် ကောက်မည်ဆိုပါက သဘောတူလား စသည့် စစ်တမ်းတွေကောက်နေသည်လည်း သိရပါတယ်။ သို့သော် ဒါတွေက ကျပ်ငွေတွေသာဖြစ်ပြီး ပေးရမည်က ဒေါ်လာ သို့မဟုတ် ယွမ် ဖြစ်ပါတယ်။
အခုတော့ သူတို့အားကိုးတဲ့ ရှီရဲ့ ဖိအားနဲ့ ဒီဟာကြီး ပြန်စရတော့မည့်အဖြစ် ဖြစ်နေပါတယ်။ သူတို့ မလုပ်ချင် လုပ်ချင်နဲ့ စမ်းတဝါးဝါး လုပ်နေရတာမို့ တကယ်လုပ်ဖြစ်မည်လား၊ စစ်ခေါင်းဆောင်က တကယ်တမ်း သဘောတူပါ့မလား စသည့် လက်တွေ့ အကောင်အထည်ဖေါ်ဖို့ ဆွေးနွေးနေကြရသည့် အဆင့်မှာ မရေရာ မသေချာမှုများကြောင့် ၎င်းတို့ဖက်က ဘာသတင်းမှ မထွက်၊ ဘာမှပြောစရာမရှိ ဖြစ်နေသည် ယူဆရပါတယ်။
သတင်းဌာနတခုကတော့ “LNG ဓာတ်အားပေးစက်ရုံများ လည်ပတ်နိုင်ရေး ဆောင်ရွက်နေဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြော” ဆိုတဲ့ ဘာမှ အချက်အလက် မပါသည့် သတင်းတခုသာ တက်လာတာ တွေ့ရပါပါတယ်။ သူတို့လောက်ကြွားတာ သူတို့ပဲရှိတာမို့ တကယ်သာလုပ်နေရင် “နိုင်ငံတော်ရဲ့ စေတနာတွေ၊ နိုင်ငံတော်အကြီးအကဲရဲ့ စေတနာတွေ” ဆိုတဲ့ စကားတွေ စကစ တီဗီနဲ့ သတင်းစာတွေမှာ တချိန်လုံးတွေ့နေရမှာ ဖြစ်ပါတယ်။
ခုတော့ ဘာသတင်းမှ မကြားရတဲ့ ထူးဆန်းတဲ့ သင်္ဘောကြီး ဖြစ်လို့ နေပါတယ်။
(စာရေးသူသည် ဩစတြေးလျနိုင်ငံတွင် ယာယီနေထိုင်နေသူ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။)
You may also like these stories:
မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး
ရန်ကုန်မြို့ခံတွေရဲ့ လျှပ်စစ်မီးဒုက္ခ (ရုပ်/သံ)
ထားဝယ်စီမံကိန်းကို ရုရှားနဲ့ လုပ်မယ်ဆိုပါလား
ဘာမှ ဖြစ်မလာမယ့် လေထဲက ထားဝယ်စီမံကိန်း
နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်













