ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး နဲ့ စစ်သံမှူးကို ရုတ်သိမ်းပြီး ဒါကာကို ပြန်ခေါ်လိုက်ပါတယ်။
သံအမတ်ကြီး မိုနိုဝါဟိုစိန်ကို ချက်ခြင်းပြန်ခေါ် အမိန့်ပေးထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့ မှာ အတည်ပြုခဲ့တယ်လို့ ဒါကာအခြေစိုက် Banglanews24.com သတင်းက ဖော်ပြပါတယ်။
ရခိုင်ပြည်နယ် တခုလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေအကြား ဆက်သွယ်မှုရှိနေတယ်ဆိုပြီး မြန်မာစစ်ကောင်စီက စွပ်စွဲ ကန့်ကွက်ခဲ့ပြီးနောက် အခုလိုဖြစ်လာခဲ့တာလို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်း ရေးထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဘင်္ဂလားဒေရှ့် #သံအမတ် #စစ်သံမှူး #ရခိုင်ပြည်နယ် #AA #စစ်ကောင်စီ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













