ရခိုင်ပြည်နယ်ထဲမှာ အာရက္ခတပ်တော် (AA) အနေနဲ့ သိမ်းပိုက်၊ ထိန်းချုပ်နိုင်ဖို့ ကျန်ရှိနေတဲ့ မြို့နယ် ၃ ခုရှိပါတယ်။ ဒီမြို့နယ်တွေကတော့ စစ်ကောင်စီရဲ့ မြို့နယ်ရုံးတွေ အခြေစိုက်ရာမြို့တော် စစ်တွေ၊ တရုတ်ရဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့နဲ့ မာန်အောင်မြို့တွေ ဖြစ်ပါတယ်။
ဒီမြို့တွေထဲက ကျောက်ဖြူဟာ စစ်ကောင်စီ၊ တရုတ်နဲ့ AA တို့ အားလုံးအတွက် အရေးပါတဲ့ မြို့နယ်ဖြစ်ပါတယ်။ ကျောက်ဖြူမြို့ပြင်တဝိုက်ကို AA က စစ်အင်အား အများအပြားနဲ့ ဝိုင်းပတ် ပိတ်ဆို့ထားပြီး ကျောက်ဖြူမြို့ထဲကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားတာပါ။ လတ်တလော ကျောက်ဖြူမြို့ပြင် တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်က သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လက်ရှိမှာလည်း ကျောက်ဖြူမြို့ခံတွေဟာ လုံခြုံရေးအန္တရာယ်နဲ့ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုဒဏ်ကိုလည်း ရင်ဆိုင်နေကြရပြီး မြို့နယ်ပြောင်းရွှေ့နေထိုင်ဖို့အခက်အခဲရှိသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ မြို့တွင်းမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ တရုတ်စီမံကိန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် ကျောက်ဖြူမြို့ခံ ၂၅ ရာခိုင်နှုန်းလောက်သာ ကျောက်ဖြူမြို့နယ်အတွင်းမှာ ကျန်တော့တယ်လို့လည်း ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ကျောက်ဖြူ #AA #တရုတ် #စီမံကိန်းမြို့တော် #အထူးစီးပွားရေးဇုန် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













