စစ်ကောင်စီ တိုက်လေယာဉ် ပစ်ချခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ တော်လှန်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ် အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ပစ်ချခံခဲ့ရတဲ့ တိုက်လေယာဉ် ပေါက်ကွဲ ထိခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့ရပြီး အဲ့ဒီနေ့ ညနေမှာပဲ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား နောက်တဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ပုလဲမြို့ တောင်ဘက်ခြမ်းမှာရှိတဲ့ ကန်ဒေါင့်ရွာ ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်နေပြီး ဇီးဖြူကုန်းကျေးရွာမှာလည်း ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်တွေဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ကိုင်း #ပုလဲ #တိုက်လေယာဉ် #PLA #တိုက်ပွဲ #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












