• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လေယာဉ်ပစ်ချခံရအပြီး ပုလဲနယ်ကို စစ်တပ်အငြှိုးထားနိုင်ဟု ပအဖ သတိပေး

by ဧရာဝတီ
13 June 2025
in သတင်း
A A
လေယာဉ်ပစ်ချခံရအပြီး ပုလဲနယ်ကို စစ်တပ်အငြှိုးထားနိုင်ဟု ပအဖ သတိပေး

ပုလဲမြို့နယ် စပါးစေ့ရွာအတွင်းပျက်ကျခဲ့သည့်တိုက်လေယာဉ်/ PLA

832
VIEWS
Share on FacebookShare on Twitter

စစ်တပ်က တိုက်လေယာဉ်ပစ်ချခံရသည့် စစ်ကိုင်းတိုင်း ပုလဲဒေသကို ဝေဟင်နှင့်မြေပြင်မှတိုးမြှင့် တိုက်ခိုက်လာနိုင်သဖြင့် ပြည်သူများ စစ်ရေးသတိရှိကြရန် ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ခေါင်းဆောင် ကိုဇော်ထက်က သတိပေး တိုက်တွန်းသည်။

ဇွန်လ ၁၀ ရက်က ပုလဲမြို့နယ် ကန့်ဒေါင့်နှင့် ဇီးဖြူကုန်းရွာတိုက်ပွဲများကို လေကြောင်းပစ်ကူပေးစဉ် တိုက်လေယာဉ်တစင်း ပစ်ချခံခဲ့ရပြီး ပုလဲ- ဂန့်ဂေါလမ်းမအနီးက စပါးစေ့ရွာအတွင်း ကျကာ မီးလောင်ပေါက်ကွဲခဲ့သည်။

ထိုဖြစ်ရပ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မဟုတ်သည့် တော်လှန်ရေးတပ်ဖွဲ့တခုက မြေပြန့်ဒေသ စစ်ကိုင်းတိုင်းအတွင်း တိုက်လေယာဉ်တစင်းအား ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ခြင်း ဖြစ် သည်။

ကိုဇော်ထက်က “ဂျက်ဖိုက်တာ ပစ်ချခံရတယ်ပြောပြော၊ ပျက်ကျတယ်ပဲဆိုဆို စစ်ကောင်စီအနေနဲ့ကတော့ သူတို့ရဲ့ ဂုဏ်သိက္ခာဆယ်နိုင်ရေးအတွက်ကတော့ ပုလဲနယ်ကို လေကြောင်းတိုက်ခိုက်မှုရော ခြေလျင်စစ်ကြောင်းပါ ချီလာနိုင် တယ်လို့ တွက်ဆထားတယ်။ ပြည်သူတွေအနေနဲ့ကတော့ စစ်ရေးသတိရှိပြီးတော့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့ အလှမ်း ဝေးတဲ့ နေရာတွေကို ရှောင်ရှားဖို့သတိပေးချင်ပါတယ်” ဟု ပြောသည်။

ထိုတိုက်လေယာဉ်သည် ကျသည့်နေရာမှ အလောင်း ၄ လောင်းတွေ့ရှိခဲ့ပြီး တိုက်လေယာဉ်အပိုင်းအစများ သွေးစွန်းနေ သော လေယာဉ်မှူး ဦးထုပ်နှင့် ဦးခေါင်းခွံတခုတွေ့ရှိရသည့် အတွက် လေယာဉ်မှူးသေဆုံးသည်အတည်ပြုနိုင်ကြောင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ပုလဲ ပအဖ တို့က ပြောထားသည်။

အလောင်းလေးလောင်းမှာ အမျိုးသမီးတဦးနှင့် အမျိုးသားသုံးဦးဖြစ်ပြီး လေယာဉ်ပျက်ကျအပြီး နာရီပိုင်း အတွင်းမှာ ပင် စစ်တပ်က လေယာဉ်ပျက်ကျရာအနီးသို့ လေကြောင်းဖြင့် ထပ်မံဗုံးကြဲသဖြင့် သေဆုံးခဲ့ရသ်ည့ စပါးစေ့ရွာခံ အမျိုးသား နှစ်ဦးလည်း ပါကြောင်း ကိုဇော်ထက်က ပြောသည်။

ကန့်ဒေါင့် ရဲစခန်းအား ဦးဆောင်ထိုးစစ်ဆင်နေသည့် PLA တပ်က တိုက်လေယာဉ်အား ၎င်းတို့ပစ်ချလိုက်ခြင်း ဖြစ် ကြောင်းပြောဆိုထားပြီး လေယာဉ်အပိုင်းအစ မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည့်အပြင် မြေပြန့်ဒေသတွင် စစ်တပ်လေတပ်အတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာကြောင်း PLA အထွေထွေ အတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောသည်။

၎င်းက “ဂျက်ဖိုက်တာကို ကျမတို့ PLA က ပစ်ချလိုက်တာပါ၊ ဘာနက်လက်ပစ်ချလဲဆိုတာတော့ ပြောလို့မသင့်လို့ မပြောတော့ပါဘူး။ မြေပြန့် စစ်ကိုင်းတိုင်းထဲမှာ ဂျက်ဖိုက်တာပစ်ချနိုင်တယ်ဆိုတော့ ရန်သူ့အတွက်တော့ ခြိမ်းခြောက်မှု တခုဖြစ်သွားတာပေါ့၊ ကျမတို့တင်မ ဟုတ်ဘဲ ကျန်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အစွမ်းကုန်ကြိုးစားပြီးတော့ လေကြောင်းရန်ကာကွယ်ဖို့၊ တိုက်ခိုက်ပစ်ချဖို့ နည်းလမ်းမျိုးစုံပေါ့နော်၊ လေယာဉ်တွေပျံမတက်ခင်ထဲကိုက ဘယ်လို နည်းတွေနဲ့ ထိန်းချုပ် ဖျက်ဆီးနိုင်မလဲဆိုတာ ကိုယ်ရဲ့အခြေအနေနဲ့ တွက်ဆပြီး လုပ်သင့်တယ်” ဟု ပြောသည်။

ပုလဲနယ် လေယာဉ်ပစ်ချခံရသည့် စပါးစေ့ရွာနှင့် တိုက်ပွဲဖြစ်ပွားသည့် ကန်ဒေါင့်ရွာ ပြ မြေပုံ (ဧရာဝတီ)

PLA ထုတ်ပြန်သည့် လေယာဉ်အပိုင်းအစ မှတ်တမ်းများအရ ပျက်ကျခဲ့သည့်တိုက်လေယာဉ်မှာ တရုတ်နိုင်ငံထုတ် F-7 အမျိုးအစား ဖြစ်ပြီး သက်တမ်းအားဖြင့် ကြာမြင့်နေပြီဖြစ်ကြောင်း လေတပ် CDM များက ပြောသည်။

ဆိုဗီယက်လုပ် MiG-21 အခြေခံပြီး တရုတ်က F-7 အဖြစ်ပြင်ပနိုင်ငံတွေ ထုတ်လုပ်ရောင်းချခဲ့ရာမှာ မြန်မာစစ်တပ် ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် ယင်းတိုက်လေယာဉ်အစင်း ၆၀ ခန့်အား ဝယ်ယူခဲ့ခြင်းဖြစ်သည်။

စစ်တပ်အနေဖြင့် ခေတ်ပေါ်နည်းပညာအရ နောက်ကျနေပြီး သက်တမ်းရင့်နေပြီဖြစ်သည့် F-7 ကြားဖြတ် တိုက်လေယာဉ် များအား ၂၀၂၀ ပြည့်နှစ်က အနားပေးရန်စီစဉ်ခဲ့မှုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့စစ်မျက်နှာဖွင့် ခုခံနေရချိန် တွင် F-7 လေယာဉ်များကိုပါ ထုတ်သုံးနေရသည့် အခြေအနေဖြစ်ကြောင်းလည်း လေတပ် CDM များက သုံးသပ်ထား ကြသည်။

သက်တမ်းလွန် F-7 တိုက်လေယာဉ်များ၏ ကြံ့ခိုင်မှုနှင့် နည်းပညာပိုင်းချို့ယွင်းမှု၊ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်မှုတို့နှင့် ပတ်သက်ပြီး စစ်တပ်အသိုင်းအဝိုင်းတွင် ဝေဖန်မှုထောက်ပြမှုများရှိနေပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းကလည်း F-7 တိုက်လေယာဉ်သုံးစင်း လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် ပျက်ကျမှုဖြစ်ပွားခဲ့သည်။

ယခုပုလဲမြို့နယ်အတွင်း ပစ်ချခံရခဲ့ရသည့် F-7 တိုက်လေယာဉ်မှာလည်း လေ့ကျင့်ပျံသန်းစဉ် ရုတ်တရက် စက်ချို့ယွင်းမှု ဖြစ်ကာ ပျက်ကျခဲ့ခြင်းသာဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်လေတပ်၏ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအား တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့သည်မှာ ၁၀ စင်းထက်မနည်းရှိခဲ့ပြီဖြစ်ပြီး ပြီးခဲ့သည့် မေလ ၂၀ ရက်က ဗန်းမော်တိုက်ပွဲသို့ စစ်ကူ၊ ရိက္ခာပို့သည့် Mi-17 ရဟတ်ယာဉ် သုံးစင်းအနက် နှစ်စင်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချရာတွင်လည်း စက်ချို့ ယွင်းမှုကြောင့်သာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းအပြီး လေယာဉ်အများဆုံးပစ်ချနိုင်သည့်အဖွဲ့သည် KIA ဖြစ်ပြီး ယခုနှစ် မေ ၂၀ ရက်တွင် ဗန်းမော်၌ Mi-17 နှစ်စင်း၊ ၂၀၂၁ ခုနှစ် မေလတွင် မိုးမောက်၌ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ဝိုင်းမော် နှင့် ကွတ်ခိုင်၌ Mi-17 ရဟတ်ယာဉ်တစင်းနှင့် FTC 2000 G တိုက်ခိုက်ရေး ဂျက်လေယာဉ်တစင်းတို့အား ပစ်ချနိုင်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇွန်လတွင် ကရင်နီတပ်ပေါင်းစု ရွာသစ်မြို့အနီးတွင် K-8W အပေါ့စား တိုက်လေယာဉ်တစင်း၊ နိုဝင်ဘာလတွင် ကရင်နီအမျိုး သားကာကွယ်ရေးတပ် (KNDF) တပ်ပေါင်းစုက ကရင်နီဒေသတွင်း K-8W တစင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က မြဝတီမြို့နယ်တွင် Eurocopter တစင်း၊ ၂၀၂၄ ခုနှစ် မေလတွင် ကရင်နီတပ်ဖွဲ့က ဖားဆောင်းမြို့နယ်၌ Mi-17 တစင်းတို့ ပစ်ချနိုင်ခဲ့သည်။

ပုလဲမြို့နယ် စပါးစေ့ရွာအတွင်းကျခဲ့သည့် တိုက်လေယာဉ်ပျက် အစိတ်အပိုင်းများ/ PLA

အချို့သော လေယာဉ်ပစ်ချမှုများတွင် သက်ဆိုင်ရာ တပ်ဖွဲ့များက သတင်း မထုတ်ပြန်မှုနှင့် လေယာဉ်အပျက်အစီးများ မတွေ့ရှိရမှုကြောင့် အတည်ပြုနိုင်ခြင်း မရှိသော်လည်း ၁၀၂၇ စစ်ဆင်ရေး ရက်တရာပြည့် သတင်းထုတ်ပြန်မှုတွင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရသည့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ပျက်တစင်း၏ ဓာတ်ပုံအား ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။

တိုင်းရင်းသားဒေသတွင်းပါမက မြေပြန့်စစ်ကိုင်းတွင်ပါ လေယာဉ်ပစ်ချခံခဲ့ရသော်လည်း နိုင်ငံအနှံ့ လေကြောင်းပစ်ကူ အားပြုနေရသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့်စစ်ကူ၊ရိက္ခာဖြည့်တင်းမှုများမှာ လျော့ပါးသွား နိုင်ဖွယ် မရှိသေးပေ။

ကိုဇော်ထက်က “ကျနော်တို့ဘက်က စစ်ကောင်စီလေကြောင်းကို နည်းနည်းဟန့်ရုံလောက်ပဲလုပ်နိုင်တာပါ၊ တကယ်ထိထိ ရောက်ရောက် မကာနိုင်သေးပါဘူး။ ရှိတာနဲ့ပဲ ပစ်နေကြတာပဲ၊ အဓိက ကျနော်တို့ဆန္ဒကတော့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ပျက်ကျဖို့ပဲအရေးကြီးတယ်၊ သူ့ဟာသူ လေနဲ့မှုတ်လို့ ပျက်ကျကျပေါ့” ဟု ပြောသည်။

လက်ရှိတွင်လည်း ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲနှင့် ဇီးဖြူကုန်ပျူရွာတိုက်ပွဲများ၌ စစ်တပ်ဘက်က လေကြောင်းပစ်ကူနှင့် ပုလဲမြို့နယ်အတွင်းသို့ လေကြောင်းက စစ်ကူအင်အားဖြည့်တင်းမှုများ ဆက်လက်ပြုလုပ်နေပြီး တိုက်ပွဲလည်း ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

PLA က ရဲဘော်နီနီကျော်က “လေယာဉ်ပျက်ကျတဲ့ရွာအပါအဝင်း အနီးအနားကရွာတွေ စစ်ရှောင်နေရတယ်၊ စတိုက်တဲ့ ရက်ကစပြီး လေကြောင်းက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာရှိတယ်။ လက်ရှိတိုက်ပွဲအခြေအနေက ကန့်ဒေါင့်ရဲစခန်းကို တော့ ဝိုင်းထားနိုင်တဲ့ အနေအထားရှိတယ်” ဟု ပြောသည်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
35
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
5
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
8

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်းထိုးလာနိုင်သည့်အခြေအနေများကြောင့် ကန့်ဒေါင့်ရွာနှင့် ဇီးဖြူကုန်းရွာအနီးအနားက ကျေးရွာ ၂၀ ကျော်မှ ဒေသခံများမှာလည်း အခြားသောဒေသများသို့ စစ်ဘေးရှောင်ထွက်ပြေး နေရသည်။

You may also like these stories:

ရဟတ်ယာဉ်နှစ်စင်း ပစ်ချပြီးနောက် ဗန်းမော်ထိုးစစ် KIA ပြန်မြှင့်

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

Your Thoughts …
Tags: PLAကန့်ဒေါင့်ရွာစစ်ကိုင်းတိုင်းတိုက်လေယာဉ်ပုလဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

နမ့်ခမ်းကို ဗုံးကြဲနေတဲ့ စစ်တပ်လေယာဉ် တရုတ် ပစ်ခတ်

နမ့်ခမ်းကို ဗုံးကြဲနေတဲ့ စစ်တပ်လေယာဉ် တရုတ် ပစ်ခတ်

by မိုင်းခြိူဝ်းဇာရ်
27 October 2024
21.5k

နမ့်ခမ်းမြို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံ နောင်တောင်းမြို့အခြေစိုက် နယ်စပ်၌တပ်ဖြန့်ထားသည့် တရုတ်စစ်တပ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်သို့ ကျည်များကျရောက်မှုရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

Next Post
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
872

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved