ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA က ဧရာဝတီကို ပြောပါတယ်။
နောင်ချိုမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ဉာဏ်တောကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကတည်းက လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လခန့်ကစပြီး နောင်ချိုကို အင်အား အများအပြားနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
#မြန်မာ #ဧရာဝတီ #နောင်ချို #ရှမ်းပြည်နယ် #TNLA #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













