ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ဒီကနေ့ ဇူလိုင် ၂၈ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီသန်းခေါင်အချိန်က စလို့ အပစ်ရပ်ဖို့ သဘောတူလိုက်ပြီလို့ ကွာလာလမ်ပူမြို့ ဝန်ကြီးချုပ် အိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် မနက်ဖြန် ဇူလိုင် ၂၉ ရက် မနက် ၇ နာရီအချိန်မှာ ထိုင်း အမှတ် (၁) စစ်ဒေသနဲ့ အမှတ် (၂) စစ်ဒေသရဲ့ စစ်တပ်နဲ့ ကမ္ဘောဒီးယားဘက်ခြမ်း အမှတ် (၄) နဲ့ (၅) စစ်ဒေသတွေရဲ့ စစ်တပ်တွေ တရားဝင်တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း မလေးရှားဝန်ကြီးချုပ် အန်နဝါကပြောပါတယ်။
လာမယ့် ဩဂုတ်လ ၄ ရက်နေ့မှာတော့ အာဆီယံကဦးဆောင်ပြီး ကမ္ဘောဒီးယားနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အထွေထွေနယ်စပ်ရေးရာကော်မတီ (GBC) နဲ့ အစည်းအဝေးပြုလုပ်သွားဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
#ဧရာဝတီ #ထိုင်း #ကမ္ဘောဒီးယား #အပစ်ရပ် #မလေးရှား













