စစ်ကောင်စီက သူ့ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင် နှောင့်ယှက်ဖျက်ဆီးတာကနေ ကာကွယ်ဖို့ ကြီးလေးတဲ့ပြစ်ဒဏ်တွေကနေ သေဒဏ်အထိချမှတ်နိုင်တဲ့ ဥပဒေတရပ်ကို ဇူလိုင် ၂၉ ရက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။
စစ်ကောင်စီ ပြဋ္ဌာန်းလိုက်တဲ့ “ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ ပြဋ္ဌာန်းချက်ထဲက တခုခုကို ချိုးဖောက်ခဲ့ရင် အနိမ့်ဆုံး ထောင်ဒဏ် ၃ နှစ်နဲ့ လူသေဆုံးမှုဖြစ်ခဲ့ရင် သေဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေကို ထည့်သွင်း ရေးဆွဲထားတာပါ။
ဒီဥပဒေဟာ ရွေးကောက်ပွဲကို ဝေဖန်တာ၊ ဟန့်တားတာနဲ့ နှောင့်ယှက်မှုတွေ မလုပ်နိုင် အောင် ဥပဒေ ထုတ်ပြီး ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













