မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းကို ဩဂုတ်လ ၂ ရက်နေ့နံနက်ပိုင်းမှာ စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ သံဃာတော်တပါးအပါအဝင်အရပ်သား ၁၂ ဦး သေဆုံးခဲ့ရ တယ်လို့ သတင်းရရှိပါတယ်။
စစ်တပ်ဟာ မြို့ပေါ်လူသွားလူလာများတဲ့ နေရာကိုရည်ရွယ်ချက်ရှိရှိ ပေါင်၂၅၀ ဗုံး ၂ လုံးနဲ့ ဂျက်ဖိုက်တာနဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ပတ္တမြားထွက်ရှိရာဒေသတခုဖြစ်တဲ့ မိုးကုတ်မြို့နယ်ကို အခုလို ဗုံးကြဲတိုက်ခိုက်နေတာဟာတော်လှန်ရေးတပ်တွေရဲ့ အုပ်ချုပ်ရေး တည်ငြိမ်လာမှာမလိုလားတာနဲ့ပြည်သူတွေ မနေရဲအောင်ပြုလုပ်တာဖြစ်တယ်လို့ စစ်ရေးသုတေသီကဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #မိုးကုတ် #ဗုံးကြဲ #TNLA #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













