ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ရေကြီး နစ်မြုပ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံတွေရဲ့ နေအိမ် အလုံးပေါင်း ၁၀၀ ကျော် ပျက်ဆီးသွားခဲ့ရတယ်လို့ သိရပါတယ်။
ရေစီးနဲ့အတူ မျှောပါသွားသူ ၃ ဦးရှိနေပြီး သေဆုံးသူအရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
လိုင်ဇာမြို့အနီး ချောင်း ၃ ခုရှိတဲ့အထဲ ဩဂုတ် ၄ ရက်နေ့ မနက်အစောပိုင်းမှာ ဂျေယန်ချောင်းနဲ့ မုန်းလွဲချောင်း ၂ ခုက တောင်ကျရေကြောင့် ရုတ်တရက်ရေလျှံတက်မှုဖြစ်ပြီး ရေကြီးနစ်မြုပ်ခဲ့တာလို့ သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













