တနင်္သာရီတိုင်းထဲကနေ ထိုင်းနိုင်ငံအတွင်းကို သွယ်တန်းထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်မှု အောက်မှာ ရှိနေတာကြောင့် လုံခြုံရေး စိုးရိမ်စရာ မရှိဘူးလို့ KNU က ပြောပါတယ်။
ထိုင်းအစိုးရပိုင်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ကုန်သွယ်ရေးလုပ်ငန်း (PTTEP) ကုမ္ပဏီကပိုင်တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေရဲ့ ကီလိုမီတာ ၄၀ ကို စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA) ပိုင်ဆိုင်ထားပြီး ဒီပိုက်လိုင်းတွေဟာ စစ်တပ်ကို အကျိူးပြုနေတာကြောင့် ပိုက်လိုင်းတွေကို ပိတ်သိမ်း၊ ဖျက်ဆီးဖို့ စဉ်းစားနေတယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းစာကို ဖြေဆိုခဲ့တဲ့အပေါ် KNU က အခုလို တုန့်ပြန်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။
ဒီသဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေရှိတဲ့ တပ်မဟာ (၄) နယ်မြေထဲက စစ်တပ်ရဲ့ စခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒီသဘာဝဓာတ်ငွေ့ ဂတ်စ်ပိုက်လိုင်းတွေ အရေး ထိုင်းနိုင်ငံဘက်က စိုးရိမ်မှုတွေ ရှိနေတာလို့လည်း ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













