အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ဩဂုတ်လ ၃၁ ရက်နေ့ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ တရုတ်ကို သွားမယ်လို့သိရပါတယ်။
SCO ဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား ဒေသတွင်းလုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှု ပိုမြှင့်တင်ဖို့နဲ့ အားကောင်း လာစေဖို့ရည်ရွယ်ကာ ၂၀၀၁ ခုနှစ်က တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတို့က ရှန်ဟိုင်းမှာ စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ ဒီ SCO အဖွဲ့အစည်းရဲ့ အပြည့်အဝ အဖွဲ့ဝင်မဟုတ်ပေမယ့် ဆွေးနွေးဖော် Dialogue Partner အဖြစ်ရှိနေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က တရုတ်ပြည်၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို တရုတ်ဖိတ်ကြားမှုနဲ့ စစ်ခေါင်းဆောင် သွားတက်ခဲ့ပါသေးတယ်။ ဒီခရီးစဉ်က
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းပထမဆုံးအကြိမ်တရုတ်ခရီးစဉ်ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့် အခုလကုန်မှာ သွားရောက်မယ့် စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ကဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #မင်းအောင်လှိုင် #SCO #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













