ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီး သတ္တုတွင်းက အရပ်သားတွေကို အာဏာသိမ်း စစ်တပ်က ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၂ ဦးထိ ရှိပြီလို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသူတွေနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) တို့ထံကသိရပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာမှာနေထိုင်တဲ့ ပြည်သူတချို့လည်းပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မော်ချီးဒေသဟာ စစ်ဆင်ရေးတွေရှိတဲ့ နေရာမဟုတ်ပေမယ့် စစ်တပ်က အရပ်သားနေအိမ်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်။ တော်လှန်ရေးတပ်တွေဘက်က မော်ချီးကို မသိမ်းယူမှီ ၂၀၂၄ ခုနှစ်အထိ မော်ချီးသတ္တုတွင်းတွေဟာ စစ်တပ်အတွက် ဝင်ငွေရလမ်းကြောင်းတခုဖြစ်ခဲ့တာပါ။
မော်ချီးဒေသကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကရင်နီတော်လှန်ရေးတပ်ဘက်က သိမ်းယူလိုက်ပြီး နောက်ပိုင်း မှာတော့ စစ်တပ်ဟာ မော်ချီး သတ္တုတွင်း ဆက်လက် လည်ပတ်နိုင်ခြင်း မရှိအောင် ခဲလုပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













