အာဏာသိမ်း စစ်တပ်ကို ကျောထောက်နောက်ခံပေးနေတဲ့ တရုတ်အစိုးရဟာ တရုတ်-မြန်မာ နယ်စပ်မှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ (EAOs) အပေါ် ဖြတ် ၅ ဖြတ် ဒဏ်ခတ်မှုတွေပြုလုပ်သလို ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းတာနဲ့ ဖမ်းဆီးအကျပ်ကိုင်မှုတွေကိုပါ လုပ်ဆောင်ပြီး ဖိအားပေးတာတွေရှိနေပါတယ်။
တရုတ်ဖိအားပေးတဲ့ အဓိကရည်ရွယ်ချက်ကတော့ အာဏာသိမ်း စစ်တပ်အပေါ် စစ်ဆင်ရေးတွေ ဆက်လက် မလုပ်ဆောင်ကြဖို့နဲ့ သိမ်းထားတဲ့ မြို့တွေ စစ်တပ်လက်ထဲ ပြန်အပ်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တွေကို ကူညီထောက်ပံ့မှုတွေ မပြုလုပ်ဖို့ ဖြစ်ပါတယ်။
တရုတ်ရဲ့ ဒီလိုဖိအားပေး အကျပ်ကိုင်မှုတွေကြောင့် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် တပ်တွေ စစ်ဆင်ရေးတွေ ရပ်ခဲ့ရသလို မြို့တချို့လည်း ပြန်ပေးထားရပါတယ်။ လက်ရှိအချိန်မှာလည်း စစ်တပ်နဲ့ သဘောတူညီမှုတွေ ရတဲ့ အထိဆွေးနွေးဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအပေါ် ဖိအားပေးမှုတွေရှိနေပါတယ်။
တရုတ်ရဲ့ ဖိအားပေးမှုကြောင့် စစ်ဆင်ရေးတွေရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေဟာ နွေဦးတော်လှန်ရေးမှာ လက်နက်ဆွဲကိုင် တော်လှန်နေကြတဲ့ PDF အဖွဲ့တွေအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိနေသလို အရပ်သား ပြည်သူတွေပါ ဗုံးကြဲတိုက်ခိုက်မှုတွေ ခံနေကြရပါတယ်။
တရုတ်ရဲ့ အကျပ်ကိုင်ဖိအားပေးမှုတွေကြောင့် မြန်မာ့တော်လှန်ရေး အပေါ် ရိုက်ခတ်နေတဲ့ အကြောင်းတွေအပါအဝင် လက်ရှိ ရင်ဆိုင်ကျော်ဖြတ် နေကြရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ရဲ့ စစ်ဆင်ရေးနဲ့စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်း ကို ဧရာဝတီ အယ်ဒီတာ ကျော်ခက မေးမြန်းထားတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













