ကြားဝင်စေ့စပ်ပေးခြင်းသည် တင်းမာမှု လျှော့ချပေးပြီး ပဋိပက္ခမဖြစ်ပွားစေရန် တားဆီးသည့် မြင့်မြတ်သော အလေ့အထအဖြစ် နိုင်ငံတကာနိုင်ငံရေးတွင် ထုံးစံအားဖြင့် ပုံဖော်ကြသည်။ သို့သော် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးသူဖြစ် နေရာယူလာသောအခါ အခြေခံစဉ်းစားတွေးခေါ်မှုမှာ ပြောင်းလဲသွားသည်။
တရုတ်သည် ကြားဝင်စေ့စပ်ခြင်းကို ပြန်လည်သင့်မြတ်ရေး ကြားခံအဖြစ် အသုံးမပြုဘဲ သယံဇာတ ထုတ်ယူရေးနှင့် သေနင်္ဂဗျူဟာ ခိုင်မာရေး အသုံးချခံအဖြစ် လုပ်ဆောင်သည်။
တရုတ်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု ပုံစံသည် သဟဇာတဖြစ်ရေး စကားလုံးများဖြင့် အများအားဖြင့် ထုံမွှမ်းထားသော်လည်း ရလဒ်သည် ပဋိပက္ခတွင် ကြားညပ်နေသည့် လူမှုအသိုက်အဝန်းများကို ဦးစားမပေးဘဲ တရုတ်စီးပွားရေးနှင့် နိုင်ငံရေးသြဇာကို အမြဲတမ်း ဦးစားပေးသည်။
နယ်စပ်များမှသည် သယံဇာတ ရှေ့တန်းမျက်နှာစာများသို့
ဆယ်စုနှစ်တခုအတွင်း အဆိုးရွားဆုံးဖြစ်သည့် မကြာသေးမီက ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခသည် ကာလကြာမြင့်ပြီဖြစ်သည့် နယ်နိမိတ် တင်းမာမှုကြောင့် ဖြစ်သည်။ အရပ်သားအများစု ပါဝင်သော လူအနည်းဆုံး ၃၈ ဦး သေဆုံးပြီး သိန်းနှင့်ချီသောသူများ နေရပ်စွန့်ခွာရသည်။
ထိုသို့သော နောက်ခံအခြေအနေတွင် တရုတ်နိုင်ငံသည် နှစ်နိုင်ငံလုံးနှင့် စီးပွားရေးအရ ထဲထဲဝင်ဝင် ဆက်ဆံမှုများကြောင့် ပြင်ပကြားဝင်စေ့စပ်ပေးသူအဖြစ် ထွက်ပေါ်လာသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက တင်းမာမှုများကို ဓမ္မဓိဋ္ဌာန်ကျကျ မျှမျှတတ လျှော့ချရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို အားပေးရန်အတွက် ကူညီရန် ကမ်းလှမ်းပြီး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွင်း စိုက်ပျိုးရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက တင်းမာမှုများကို ဓမ္မဓိဋ္ဌာန်ကျကျ မျှမျှတတ လျှော့ချရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို အားပေးရန်အတွက် ကူညီရန် ကမ်းလှမ်းပြီး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွင်း စိုက်ပျိုးရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံသည်။
ထိုလုပ်ရပ်များကို တည်ငြိမ်ရေး အားထုတ်မှုများအဖြစ် တင်ပြသော်လည်း ထိုအားထုတ်မှုများကို အခြေခံအဆောက်အအုံ၊ ရထားလမ်းနှင့် ထောက်လှမ်းရေးတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုခြေလှမ်း တိုးချဲ့ရေး အကျိုးစီးပွားနှင့် သပ်ရပ်စွာ ကိုက်ညီအောင် ပြုလုပ်ထားသည်။
တရုတ်နိုင်ငံသည် ဘက်မလိုက်သောအမြင်ဖြင့် ကြားဝင်စေ့စပ်သူအဖြစ် မဆောင်ရွက်ဘဲ ၎င်း၏စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သည့်အမြင်ဖြင့် ဆက်ဆံရေးကို စီမံသည်။ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းသည် ဦးစားပေး မဟုတ်ပေ။ ဦးစားပေးမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရေး၊ သယံဇာတ ထုတ်လုပ်ခွင့်ရရေးနှင့် အခြေခံအဆောက်အအုံလမ်းကြောင်းများတို့ဖြစ်သည်။
ထိုတွက်ချက်မှုအရ တည်ငြိမ်မှုသည် အဓိက ရည်ရွယ်ချက် မဟုတ်ဘဲ တရုတ်၏ ရေရှည် ကူးသန်းရောင်းဝယ်ရေး ထိုးဖောက်မှုကို အာမခံရေးသည် အဓိက ရည်ရွယ်ချက်ဖြစ်နေသည်။
အာဖဂန်နစ္စတန်သည်လည်း အလားတူ ဇာတ်လမ်းတပုဒ်ကို ဖော်ပြနေသည်။ တာလီဘန်တို့ အာဏာပြန်လည်ရလာချိန်မှ စတင်ပြီး တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နှင့် နိုင်ငံတကာ အသိုက်အဝန်းအကြား ပေါင်းကူးတံတားအဖြစ် ပုံဖော်ပြီး တွေ့ဆုံဆွေးနွေးရေးနှင့် ဒေသတွင်း တည်ငြိမ်မှုကို ကတိကဝတ်ပြုသည်။
သို့သော် ထိုသို့ပြောဆိုချက်များ နောက်ကွယ်တွင် ရှင်းလင်းသော သေနင်္ဂဗျူဟာအစီအစဉ် ရှိနေသည်။ တရုတ်ကုမ္ပဏီများသည် အမူဒါယာမြစ်ဝှမ်းတွင် ရေနံတူးဖော်ခွင့်ရထားပြီး အာဖဂန်နစ္စတန်၏ ကြီးမားသော ကြေးနီ၊ လီသီယမ်သိုက်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ ပြန်လည်စတင်သည်။
အာဖဂန်နစ္စတန်တွင်လည်း ကြားဝင်စေ့စပ်မှုသည် ကမ္ဘာ့အစီအစဉ်အတွင်း ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး မဟုတ်ဘဲ တရုတ်သည် အာဖဂန်နစ္စတန်၏ သယံဇာတကဏ္ဍတွင် သြဇာလွှမ်းမိုးသည့် ပြင်ပသက်ဆိုင်သူဖြစ်ရေး ဖြစ်နေသည်။
တည်ငြိမ်မှုကို သယံဇာတထုတ်ယူရန် ကြိုတင်လိုအပ်ချက်အဖြစ် သတ်မှတ်ပြီး ရေရှည် ငြိမ်းချမ်းရေးအတွက် အာမခံချက်အဖြစ် မသတ်မှတ်ပေ။ တရုတ်နိုင်ငံအတွက် တွေ့ဆုံဆွေးနွေးရေးသည် လာမည့်ဆယ်စုနှစ်များတွင် ၎င်း၏စက်မှုလုပ်ငန်းများကို ဆက်လုပ်နိုင်မည့် တွင်းထွက်များ ရရှိရေးမှ ခွဲခြားမရပေ။
တည်ငြိမ်မှုကို သယံဇာတထုတ်ယူရန် ကြိုတင်လိုအပ်ချက်အဖြစ် သတ်မှတ်ပြီး ရေရှည် ငြိမ်းချမ်းရေးအတွက် အာမခံချက်အဖြစ် မသတ်မှတ်ပေ။ တရုတ်နိုင်ငံအတွက် တွေ့ဆုံဆွေးနွေးရေးသည် လာမည့်ဆယ်စုနှစ်များတွင် ၎င်း၏စက်မှုလုပ်ငန်းများကို ဆက်လုပ်နိုင်မည့် တွင်းထွက်များ ရရှိရေးမှ ခွဲခြားမရပေ။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ရေး အကျိုးစီးပွားသည် အနီးကပ် အိမ်နီးချင်းများထက် ကျော်လွန်သည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်သည် ဆော်ဒီအာရေးဘီးယားနှင့် အီရန်အကြား ပြန်လည်သင့်မြတ်ရေးကို ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုသို့လုပ်ခြင်းကို သံတမန်ရေး အောင်မြင်မှုအဖြစ် ဂုဏ်ယူသည်။
သို့သော် နောက်ကွယ်မှ စေ့ဆော်မှုမှာ ရှင်းလင်းသည်။ စွမ်းအင်ရင်းမြစ်များကို အပြတ်အတောက်မရှိ ရရှိရေးနှင့် ပင်လယ်ကွေ့တွင် မရှိမဖြစ်သော အင်အားကြီးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ပုံဖော်ရေးဖြစ်သည်။
ဒေသတွင်းတည်ငြိမ်ရေးအတွက် စံချိန်တင်သည့် အောင်မြင်မှု နိုင်ငံတကာတွင် ချီးကျူးဂုဏ်ပြုသည့် ကိစ္စသည်လည်း ရေနံနိုင်ငံရေးတွင် တရုတ်ကို အခြေခိုင်စေရန် သေနင်္ဂဗျူဟာကျသည့် လှုပ်ရှားမှု ဖြစ်သည်။
အာဖရိကတွင် တရုတ်နိုင်ငံသည် ဆူဒန်နှင့် တောင်ဆူဒန် နှစ်နိုင်ငံလုံးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကြားဝင်စေ့စပ်သူအဖြစ် နေရာယူသည်။ ထိုအခါတွင်လည်း ဇာတ်လမ်းမှာ တည်ငြိမ်မှုဖြစ်သော်လည်း အမှန်တရားမှာ ရေနံဖြစ်သည်။
တရုတ်အစိုးရပိုင်ကုမ္ပဏီများသည် ဆူဒန်ရေနံမြေများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံပြီး ကြားဝင်စေ့စပ်ခြင်းသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းရေးထက် တရုတ်စီးပွားရေးအတွက် အရေးပါသည့် ရေနံစိမ်းစီးဆင်းမှုကို ကာကွယ်ရန်ဖြစ်သည်။
ပိုမိုနီးကပ်သည့် မြန်မာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်၏ အခန်းကဏ္ဍသည် အလားတူစွာပင် ကိုယ်ကျိုးစီးပွားက တွန်းအားပေးသည်။ ကြားဝင်စေ့စပ်သူအဖြစ် နေရာယူပြီး ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို မတည်ငြိမ်မှုမှ ကာကွယ်ရန် ကြိုးစားသည်။
မြန်မာတွင် ကြားဝင်စေ့စပ်ခြင်းသည် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးမဟုတ်ဘဲ ပိုက်လိုင်းများ၊ အခြေခံအဆောက်အအုံ စင်္ကြံများနှင့် ထို့ထက် ပိုမိုအရေးကြီးသည်မှာ တရုတ်၏ တောင်ပိုင်းပြည်နယ်များအတွက် တည်ငြိမ်သော ပတ်ဝန်းကျင်ဖြစ်ရေး ဖြစ်သည်။
ငြိမ်းချမ်းရေးအပေါ်ယံအောက်မှ သယံဇာတ
ထိုသို့ အမြဲတမ်းဖြစ်နေသည်ပုံစံသည် ပိုမိုနက်ရှိုင်းသော ပြဿနာတခုကို ဖော်ပြနေသည်။ ကြားဝင်စေ့စပ်ခြင်းကို အငြင်းပွားမှု ဖြေရှင်းရေး ဘက်မလိုက်အားထုတ်မှုအဖြစ် မဖွင့်ဆိုဘဲ အင်အားနည်းသော နိုင်ငံများကို အချိုးအစား မညီသည့် ဆက်ဆံရေးတွင် ချောင်ပိတ်သည့် အပေးအယူအသုံးချခံအဖြစ် ပြန်လည်ဖွင့်ဆိုသည်။
ထိုသို့ အမြဲတမ်းဖြစ်နေသည်ပုံစံသည် ပိုမိုနက်ရှိုင်းသော ပြဿနာတခုကို ဖော်ပြနေသည်။ ကြားဝင်စေ့စပ်ခြင်းကို အငြင်းပွားမှု ဖြေရှင်းရေး ဘက်မလိုက်အားထုတ်မှုအဖြစ် မဖွင့်ဆိုဘဲ အင်အားနည်းသော နိုင်ငံများကို အချိုးအစား မညီသည့် ဆက်ဆံရေးတွင် ချောင်ပိတ်သည့် အပေးအယူအသုံးချခံအဖြစ် ပြန်လည်ဖွင့်ဆိုသည်။
အရှေ့တောင်အာရှတွင် အစိုးရများသည် တရုတ်ငွေရင်းစီးဆင်းမှုကို ထိန်းသိမ်းသည့်နည်းဖြင့် တင်းမာမှုများကို စီမံကြသည်။ အာဖဂန်နစ္စတန်တွင် ဖရိုဖရဲဖြစ်နေသောနိုင်ငံကို တခုတည်းသော ပြင်ပအင်အားကြီးနိုင်ငံအား မှီခိုစေရန် တွန်းအားပေးပြီး သယံဇာတများကို မည်သို့ထုတ်ယူမည် သို့မဟုတ် သာမန်အာဖဂန်ပြည်သူများ အကျိုးခံစားရမည်၊ မရမည်ကို တာဝန်ခံခြင်း မရှိပေ။
အန္တရာယ်မှာ တရုတ်၏ ကြားဝင်စေ့စပ်ရေး အမှတ်တံဆိပ်သည် ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွေးအခေါ်ကို ဖောက်ထုတ်လိုက်ခြင်းဖြစ်သည်။ ယုံကြည်မှုတည်ဆောက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် ပြန်လည်သင့်မြတ်ရေးအစား ဈေးကွက်ရရှိရေး၊ သယံဇာတထုတ်ယူရေးနှင့် သြဇာလွှမ်းမိုးရေးဖြစ်သည်။
သဟဇာတစကားနှင့် ဘုံကြွယ်ဝချမ်းသာရေးသည် ပိုမိုခက်ခဲသည့် အမှန်တရားကို ဖုံးကွယ်ထားသည်။ တရုတ်သည် ငြိမ်းချမ်းရေး တည်ဆောက်ရေးထက် ၎င်း၏ သေနင်္ဂဗျူဟာအကျိုးစီးပွားကို အကျိုးပြုသည့် သယံဇာတကို ခိုင်မာစေရေးကို ပိုမိုစိတ်ဝင်စားသည်။
ပိုမိုသေးငယ်သော နိုင်ငံများအနေဖြင့် ကြားဝင်စေ့စပ်ခြင်းကို ကမ်းလှမ်းသည့်နိုင်ငံ၏ ရည်ရွယ်ချက်များမှ ခွဲခြားမရနိုင်ကြောင်း သဘောပေါက်ရမည်ဖြစ်သည်။ စူးစမ်းလေ့လာမှုမရှိဘဲ တရုတ်ကြားဝင်စေ့စပ်မှုကို လက်ခံခြင်းသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သြဇာကို အလျှော့ပေးခြင်းဖြစ်သည်။
အန္တရာယ်မှာ ငြိမ်းချမ်းရေးသည် ဘေးထွက်ပစ္စည်း ဖြစ်လာရုံသာမကပေ။ ငြိမ်းချမ်းရေးကို တရုတ်၏ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို ရှေ့တန်းတင်ရေးအဖြစ် အသုံးချသည်ဆိုသည့် ကိစ္စဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Rishan Sen ၏ China’s Mediation Is About Leverage, Not Peace ကို ဘာသာပြန်သည်။ ရီရှန်းဆန်သည် တရုတ်နိုင်ငံခြားရေးမူဝါဒနှင့် အာရှမှ တရုတ်သေနင်္ဂဗျူဟာခြေလှမ်းများကို အထူးပြုလေ့လာသူ ဖြစ်သည်။)
You may also like these stories:
တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ
တရုတ်စီမံကိန်းများဖြင့် စီးပွားရေးမြှင့်တင်ရန် ဝပြည် မျှော်မှန်း
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ခရီးမရောက်
တရုတ်တို့၏ မြန်မာ့သမိုင်းဆိုင်ရာ ရပ်တည်ချက် အမှားများ
မြန်မာရွေးကောက်ပွဲကို တရုတ်ထောက်ခံမှု၏ နောက်ကွယ်
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ














