မြင့်မားသော ငွေကြေးဖောင်းပွမှု၊ ကျဆင်းနေသော ကျပ်ငွေတန်ဖိုးနှင့် ဝင်ငွေလျော့ကျခြင်းတို့နှင့်အတူ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စီးပွားရေးတိုးတက်မှု ရရန်နှင့် စစ်ကောင်စီနှင့် ပတ်သက်သည့် တရုတ်၏ ရေရှည် ကတိကဝတ်များကို ခိုင်မာစေရန် တရုတ် ကျောထောက်နောက်ခံပြု စီမံကိန်းကြီး အချို့ကို မျှော်လင့်နေနိုင်သည်။
သြဂုတ်လတွင် မင်းအောင်လှိုင်သည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ကုန်သေတ္တာဆိပ်ကမ်း ပြီးစီးရေးကို တောင်းဆိုပြီး ကျောက်ဖြူမှ မြန်မာ-တရုတ်နယ်စပ် မူဆယ်သို့ ကီလိုမီတာ ၈၁၀ ရှည်သည့် ရထားလမ်း တည်ဆောက်ရေး အင်ဂျင်နီယာလုပ်ငန်းများ စတင်သည်။
၂၀၁၁ ခုနှစ်တွင် ကူမင်း-ကျောက်ဖြူ ရထားလမ်းအတွက် နားလည်မှုစာချွန်လွှာသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက် ကြီးမားသည့် ဒေါ်လာ ၁ ထရီလီယံတန် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) အောက်မှ စီမံကိန်း အများအပြားကို ပေါ်ပေါက်စေပြီးနောက် မြန်မာနိုင်ငံနောက်ပိုင်းမှ ထိုစီမံကိန်းသည် ဖြစ်ပေါ်တိုးတက်ပြီး အစိတ်အပိုင်းအမျိုးမျိုး ပါဝင်လာသည်။
အောက်တိုဘာလတွင် ဘေဂျင်း၌ BRI ၁၀ နှစ်ပြည့် အခမ်းအနားကျင်းပရန် ပြင်ဆင်နေချိန်တွင် တရုတ်သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အကောင်အထည်ဖော်မှု နှေးကွေးခြင်းကြောင့် စိတ်မချမ်းမမြေ့ဖြစ်ပြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်ကာ သူငမ်းငမ်းတက် လိုချင်နေသည့် တရားဝင်မှုပေးမည့် အလားအလာ မရှိ ဖြစ်နေသည်။
အောက်တိုဘာလတွင် ဘေဂျင်း၌ BRI ၁၀ နှစ်ပြည့် အခမ်းအနားကျင်းပရန် ပြင်ဆင်နေချိန်တွင် တရုတ်သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အကောင်အထည်ဖော်မှု နှေးကွေးခြင်းကြောင့် စိတ်မချမ်းမမြေ့ဖြစ်ပြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်ကာ သူငမ်းငမ်းတက် လိုချင်နေသည့် တရားဝင်မှုပေးမည့် အလားအလာ မရှိ ဖြစ်နေသည်။
မြန်မာမှ တရုတ်စီမံကိန်းများသည် နိုင်ငံ၏ ရွေးကောက်ခံအစိုးရကို မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်မချမီကပင် ပြဿနာများ ရင်ဆိုင်နေရသည်။ ယခုအခါ ထိုစီမံကိန်းသည် မတည်ငြိမ်မှုများ၊ ဓာတ်အား မလုံလောက်မှုများနှင့် သယ်ယူပို့ဆောင်ရေး ပြဿနာများကို ရင်ဆိုင်နေရသည်။
ကျောက်ဖြူသည် ကမ်းလွန်နှင့် ပြည်ပမှတင်သွင်းသည့် ရေနံအတွက် ဆိပ်ကမ်းငယ်နှင့် ရွှေဓာတ်ငွေ့ လုပ်ကွက်အတွက် ကုန်းတွင်းစမှတ်ဖြစ်သည်။ တရုတ်အမျိုးသား ရေနံကုမ္ပဏီ (CNPC) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့အကြား ၅၁-၄၉ အချိုးအစား ဖက်စပ်လုပ်ငန်းသည် ဆိပ်ခံတံတား တခုနှင့် ဆီသိုလှောင်ကန်ကြီး ၁၂ ခုကို တည်ဆောက်ပြီး ၂၀၁၃ ခုနှစ်တွင် လုပ်ငန်းများ စတင်လည်ပတ်သည်။
ကူမင်းသို့ တည်ဆောက်သည့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် ကီလိုမီတာ ၇၅၀ (၄၆၆ မိုင်ကျော်) ရှည်လျားသည့် ရေနံပိုက်လိုင်းနှင့် ကီလိုမီတာ ၇၇၀ (၄၇၈ မိုင်ကျော်) ရှည်သည့် ဓာတ်ငွေ့လိုင်းများသည် ၂၀၁၇ ခုနှစ် လုပ်ငန်းများ အပြည့်အဝ လည်ပတ်သည်။ ထိုနှစ်တွင်ပင် PetroChina သည် ကူမင်းတွင် ရေနံချက်စက်ရုံ တည်ထောင်ပြီး ထိုစက်ရုံသည် တရုတ်နိုင်ငံ ရေနံချက်လုပ်မှု စုစုပေါင်း၏ ၇ ရာခိုင်နှုန်းကို ကိုင်တွယ်နိုင်သည်။
ထိုပိုက်လိုင်းများသည် တရုတ်၏ သေနင်္ဂဗျူဟာ ဦးစားပေးများ ဖြစ်သော်လည်း ဘေဂျင်းသည် ကုန်းတွင်းပိတ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ပေးလိုသည့် အခြား ရည်မှန်းချက်များလည်း ရှိနေသည်။ တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းမှုနှင့် ကုန်သွယ်ရေး သုံးပုံ နှစ်ပုံ ဖြတ်သန်းနေရသည့် အရှေ့တောင်အာရှ ရေကြောင်း ပိတ်ဆို့မှု ထိခိုက်လွယ်သည့် “မလက္ကာ အကျပ်အတည်း” ဟု ၂၀၀၃ ခုနှစ်တွင် တရုတ်သမ္မတ ဟူကျင်တောင်း ပြောခဲ့သော ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းဟုလည်း ထိုစီမံကိန်းကို တရုတ်က မြင်သည်။
၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံတို့သည် သမ္မတ ရှီကျင့်ဖျင်၏ သင်္ကေတ စီမံကိန်းဖြစ်သော BRI အစိတ်အပိုင်း စီမံကိန်းများကို စတင်ရန် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ထူထောင်ကြသည်။
၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံတို့သည် မစ္စတာ ဟူကျင်တောင်းကို ဆက်ခံသူ သမ္မတ ရှီကျင့်ဖျင်၏ သင်္ကေတ စီမံကိန်းဖြစ်သော BRI အစိတ်အပိုင်း စီမံကိန်းများကို စတင်ရန် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ထူထောင်ကြသည်။ အစိုးရနှင့် ပဋိပက္ခ နှစ်ပေါင်းများစွာ အဆုံးသတ်ရန် ၂၀၁၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသောအခါ ဘေဂျင်းကလည်း ထောက်ခံသည်ဟု မြင်သည်။
လက်ရှိ မြန်မာစီမံကိန်းအားလုံးကို CMEC တွင် ထည့်သွင်းထားပြီး လှုပ်ရှားမှု အနည်းငယ်သာ ရှိသည်။ ပထမဆုံး နားလည်မှုစာချွန်လွှာများအနက် နှစ်ခုမှာ အထက်ပါ ရထားလမ်း စီမံကိန်း ပထမဆင့်အတွက် ဖြစ်နိုင်ခြေ လေ့လာရန်နှင့် ကျောက်ဖြူ၏ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့မှု အကျိုးသက်ရောက်မှု လေ့လာရန် ဖြစ်သည်။
ရည်မှန်းချက်ကြီးမားသော စီမံချက်များ
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ခေါင်းဆောင်ဟောင်း ဦးသိန်းစိန်အစိုးရနှင့် တရုတ်နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (CITIC) ဦးဆောင်သည့် တရုတ်ကော်ပိုရေးရှင်းများအုပ်စု တင်ဒါတခုဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း ထူထောင်သည်။ ထိုဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်သည့် စီမံကိန်း၏ ၈၅ ရာခိုင်နှုန်းကို တရုတ်လုပ်ငန်းစုက ပိုင်ဆိုင်သည်။
အဆင့်လိုက် အကောင်အထည်ဖော်မည့် ထိုစီမံကိန်းတွင် ၁,၇၃၆ ဟက်တာ (၄,၂၉၀ ဧကနီးပါး) ကျယ်သော ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ထို့နောက် မဒေးကျွန်းနှင့် ရမ်းဗြဲကျွန်းများတွင် ကုန်သေတ္တာဆိပ်ကမ်းများ တည်ဆောက်ရန် ပါဝင်သည်။ ၂၇၀ နှင့် ၂၃၇ ဟက်တာကျယ်သော ထိုဆိပ်ကမ်းများသည် သင်္ဘော ၁၀ စီး တချိန်တည်းတွင် ဆိုက်ကပ်နိုင်ပြီး နှစ်စဉ်ကုန်သေတ္တာ ၄ ဒသမ ၉ သန်းအတွက် စီမံခန်ခွဲနိုင်သည်။
နှစ်စဉ် စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) သို့ ဒေါ်လာ ၁၀ ဘီလီယံ တိုးလာစေပြီး အလုပ်အကိုင်သစ် တသိန်း ဖန်တီးပေးမည်ဆိုသည့် CITIC ၏ ရက်ရောသော ကတိများရှိသည်။ သို့သော် မည်သည်မျှ ဖြစ်မလာသလောက်ပင်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထံမှ ပြန်လည် တွန်းလှန်မှုများလည်း ရှိနေသည်။ သီရိလင်္ကာနိုင်ငံကို တရုတ်အကြွေးပိပြီး ဖြစ်ရသည့် အခြေအနေများကို စိုးရိမ်သောကြောင့် ၂၀၁၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရက ထိုသဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းပြီး တရုတ်၏ ပိုင်ဆိုင်မှုကို ၇၀ ရာခိုင်နှုန်းသို့ လျှော့ချကာ စီမံကိန်းတခုလုံးအတွက် ယူမည့်ကြွေးမြီကိုလည်း လျှော့ချသည်။ သို့သော် ထိုဆိပ်ကမ်းတည်ရှိရာ ရခိုင်ပြည်နယ်မှ လူမျိုးစု သုတ်သင်ခြင်းနှင့် အကြမ်းဖက်မှုကြောင့် အရာရာ ရပ်ဆိုင်းသွားသည်။
သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ မြန်မာခရီးစဉ်သည် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် ဖြစ်စေသည့် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ မွတ်ဆလင်များကို အတင်းအကျပ် မောင်းထုတ်ခြင်းနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေး အထီးကျန်မှုကို အခွင့်ကောင်းယူခြင်း ဖြစ်သည်။
သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ မြန်မာခရီးစဉ်သည် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် ဖြစ်စေသည့် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ မွတ်ဆလင်များကို အတင်းအကျပ် မောင်းထုတ်ခြင်းနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေး အထီးကျန်မှုကို အခွင့်ကောင်းယူခြင်း ဖြစ်သည်။ သဘောတူ စာချုပ်ပေါင်း ၃၀ ကျော် လက်မှတ်ရေးထိုးပြီး အများအပြားသည် ကျောက်ဖြူနှင့် ရထားလမ်း အချိတ်အဆက်နှင့် ပတ်သက်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီ ရက်ပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကျောက်ဖြူ အပါအဝင် CMEC စီမံကိန်းများ အလျင်အမြန် အကောင်အထည်ဖော်ရေးအတွက် တွန်းအားပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၇ လကြာသောအခါ ၁,၇၄၀ ဟက်တာ ကျယ်သော လုပ်ငန်းခွင်များ စတင်သည်။ သို့သော် ထိုစီမံကိန်းကြောင့် နေရပ်ရွှေ့ပြောင်းရသူ နှစ်သောင်းက လျော်ကြေးကတိအပေါ် အယုံအကြည် မရှိသောကြောင့် ဆန့်ကျင်ကန့်ကွက်မှုများ ချက်ချင်းရင်ဆိုင်ရသည်။ မတည်ငြိမ်မှုကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုကလည်း ဖြစ်စေပြီး စစ်ကောင်စီကလည်း ဒေသအရာရှိများနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးဖြိုခွဲသည်။
ထိုစီမံကိန်းအတွက် အခြား အခက်အခဲတခုမှာ ဒေသတွင်းတွင် လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်း ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် CITIC က တစိတ်တပိုင်းပိုင်သည့် ဟောင်ကောင်အခြေစိုက်လုပ်ငန်း VPower သည် မြန်မာတွင် ဓာတ်အားပေးရန် အရေးပေါ်တင်ဒါ အောင်မြင်သည်။ ၂၀၂၁ ခုနှစ်သို့ ရောက်သောအခါ ထိုလုပ်ငန်းသည် ကျောက်ဖြူမှ ဓာတ်အားပေး စီမံကိန်း သုံးခု အပါအဝင် နိုင်ငံတဝန်းတွင် ဓာတ်အားပေးစီမံကိန်း ကိုးခုအထိ ရသည်။
သို့သော် ထိုလုပ်ငန်းက ၂၀၀ မဂ္ဂါဝပ် ကျောက်ဖြူ (၂) စီမံကိန်းသည် လပေါင်း ၆၀ သက်တမ်းရှိသည့် ကန်ထရိုက်ဖြစ်သော်လည်း ထိုလုပ်ငန်းကို ၂၀၂၁ ခုနှစ်လယ်တွင် ရပ်ဆိုင်းလိုက်သည်။ ၂၀၂၂ ခုနှစ်သို့ ရောက်သောအခါ VPower သည် ကျောက်ဖြူ (၁) စက်ရုံကိုလည်း ပိတ်လိုက်ပြီး နှစ်ခုလုံးကို ဖျက်သိမ်းလိုက်သည်။
VPower က ဖော်ပြခြင်းမပြုဘဲ ထားသောအချက်မှာ အစိုးရက ၎င်းတို့ စာချုပ်ချုပ်ထားသည့် ဓာတ်အားပမာဏအတွက် ငွေမပေးချေနိုင်တော့ခြင်းနှင့် ထိုငွေကို အမေရိကန် ဒေါ်လာနှင့် မပေးချေနိုင်ခြင်း ဖြစ်သည်။
ထိုလုပ်ငန်းက လောင်စာဓာတ်ငွေ့ရည် LNG ပုံမှန် မရရှိခြင်း၊ ငွေကြေးထိန်းချုပ်မှုနှင့် အာဏာသိမ်း ကာလအလွန် ရင်းနှီးမြှုပ်နှံမှု အခြေအနေများ အပါအဝင် စက်ရုံများ ပိတ်ရသည့် အကြောင်းရင်းများစွာ ဖော်ပြခဲ့သည်။ သို့သော် ထိုလုပ်ငန်းက ဖော်ပြခြင်းမပြုဘဲ ထားသောအချက်မှာ အစိုးရက ၎င်းတို့ စာချုပ်ချုပ်ထားသည့် ဓာတ်အားပမာဏအတွက် ငွေမပေးချေနိုင်တော့ခြင်းနှင့် ထိုငွေကို အမေရိကန် ဒေါ်လာနှင့် မပေးချေနိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် ကျောက်ဖြူတွင် ၁၃၅ မဂ္ဂါဝပ် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တရုံသာရှိတော့ပြီး ထိုစက်ရုံသည် VPower, CNTIC နှင့် Myanmar Supreme Group တို့၏ ဖက်စပ်လုပ်ငန်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ထိုစက်ရုံသည် လုပ်ငန်းများ လည်ပတ်နေဆဲ ဖြစ်သော်လည်း မကြာသေးမီက ပိတ်လိုက်သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည်။
စစ်ကောင်စီကို ငွေကြေးထောက်ပံ့ခြင်း
ဓာတ်အား မရှိသောကြောင့် တိုးတက်မှု မရှိသလောက်ပင် ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ မတ်လတွင် တရုတ် ကုမ္ပဏီတခုသည် ကျောက်ဖြူတွင် လေအားလျှပ်စစ် ၁၀၀ မဂ္ဂါဝပ်ထုတ်ရန်နှင့် အနီးရှိမြို့နယ်များတွင် ၁၅၀ မဂ္ဂါဝပ်နှင့် ၁၁၀ မဂ္ဂါဝပ် လေအားလျှပ်စစ် စီမံကိန်းများအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသည်။ တည်ဆောက်ရေး လုပ်ငန်းများ ၂၀၂၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။
သဘာဝ ပတ်ဝန်းကျင်နှင့် လူထုထိခိုက်မှု အကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်ကုန်တွင် ပြီးစီးမည်ဟု ယူဆရသော်လည်း နေရပ်စွန့်ခွာပေးရသူများနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ဆိပ်ကိမ်းကြောင့် ထိခိုက်ပြီး မြစ်ကို အသုံးပြုခွင့် မရတော့သည့် တံငါသည်များ၏ ဆန့်ကျင်မှုခံနေရသည်။
ထိုစစ်တမ်းတွင် မည်သို့တွေ့သည်ဖြစ်စေ စစ်ကောင်စီသည် ထိုစီမံကိန်းကို ခွင့်ပြုမည်မှာ သေချာပြီး အထူးစီးပွားရေးဇုန်နှင့် ပထမဆုံးဆိပ်ကမ်း တည်ဆောက်ရေးသည် ၂၀၂၄ ခုနှစ်တွင် စတင်မည်ဟု မျှော်လင့်ရသည်။
၈၁၀ ကီလိုမီတာ အရှည်ရှိ မူဆယ်-ကျောက်ဖြူ ရထားလမ်း စီမံကိန်းတွင်လည်း တိုးတက်မှု အနည်းငယ်သာရှိပြီး တရုတ်က ကူမင်းမှ နယ်စပ်သို့ ရထားလမ်း တည်ဆောက်ထားပြီး ဖြစ်သည်။
ထိုဆိပ်ကမ်းနှင့် လမ်းပန်းဆက်သွယ်ရေးသည် ပိုမို နောက်ကျကျန်နေသည်။ ၈၁၀ ကီလိုမီတာ အရှည်ရှိ မူဆယ်-ကျောက်ဖြူ ရထားလမ်း စီမံကိန်းတွင်လည်း တိုးတက်မှု အနည်းငယ်သာရှိပြီး တရုတ်က ကူမင်းမှ နယ်စပ်သို့ ရထားလမ်း တည်ဆောက်ထားပြီး ဖြစ်သည်။
၂၀၂၃ ခုနှစ် နှစ်လယ်တွင် တရုတ်အင်ဂျင်နီယာများသည် ထိုရထားလမ်း ပထမပိုင်းဖြစ်သော မူဆယ်မှ မန္တလေးသို့ အစိတ်အပိုင်း၏ မြေပြင်လုပ်ငန်းများကို စတင်ပြီး ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းရသည်။ မြေမျက်နှာသွင်ပြင်အပြင် အင်ဂျင်နီယာပိုင်းဆိုင်ရာ အခက်အခဲများနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ခိုက်မှု မြင့်မားလာခြင်းလည်း ရှိသောကြောင့် လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများ နှောင့်နှေးနေသည်။
ပြဿနာများရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်သည် ရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့်တင်နေပြီး စီမံကိန်း ၅၉၇ ခုတွင် ဒေါ်လာ ၂၁ ဒသမ ၉ ဘီလီယံရှိကာ မြန်မာတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၂၁ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။
တရုတ်နိုင်ငံသည် မလက္ကာအကျပ်အတည်းကို လျှော့ချရန်အတွက် စီမံကိန်းစတင်ရန် ဖိအားပေးနေကြောင်း ထင်ရှားသည်။ ၂၀၂၃ ခုနှစ်၊ မေလတွင် နေပြည်တော်မှ တရုတ်သံအမတ်သည် ထိုစီမံကိန်းအတွက် လော်ဘီလုပ်နေပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူး သံတမန် တိန့်ရှီကျွန်း မြန်မာသို့ လေးကြိမ်သွားရောက်တိုင်း ထိုကိစ္စကိုပင် ထပ်မံ တောင်းဆိုနေသည်။ သူသည် မြန်မာသို့ စက်တင်ဘာလတွင် လာရောက်ခဲ့သေးသည်။
သံတမန် တိန့်ရှီကျွန်းသည် မြောက်ပိုင်းမဟာမိတ်ဟု ခေါ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုကို မြန်မာ-တရုတ်နယ်စပ်အနီး တိုက်ပွဲများရပ်တန့်ရန် တောင်းဆိုပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် ကတိပြုစေသည်။
CMEC ကြောင့် တရုတ်သည် မြန်မာ့စီးပွားရေးတွင် နေရာရလာကာ ဘေဂျင်းအနေဖြင့် စစ်ကောင်စီ သက်ဆိုးရှည်အောင် ငွေကြေးစိုက်ထုတ်လိမ့်မည်ဟု မင်းအောင်လှိုင် မျှော်လင့်နေသည်။ ထို့ကြောင့် သူသည် တိုးတက်မှုပြသရန် လိုအပ်နေသည်။
ကျောက်ဖြူစီမံကိန်း အလျင်အမြန် ပြီးစီးရေး မင်းအောင်လှိုင်၏ တောင်းဆိုမှုသည် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ၃၂ လအတွင်း အခြားစီးပွားရေး မူဝါဒများကဲ့သို့ပင် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာဖြစ်သည်။
သို့သော် ကျောက်ဖြူစီမံကိန်း အလျင်အမြန် ပြီးစီးရေး သူ၏ တောင်းဆိုမှုသည် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ၃၂ လအတွင်း အခြားစီးပွားရေး မူဝါဒများကဲ့သို့ပင် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပြန်လည် ရုတ်သိမ်းသွားကြသည် ဆိုသည်အချက်နှင့် အကြွေးကို ပြန်လည် ပေးဆပ်နိုင်စွမ်းသာမက လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးပင် မရှိဆိုသည့် အချက်ကို စစ်ခေါင်းဆောင် လက်မခံနိုင် ဖြစ်နေသည်။
(RFA ပါ Zachary Abuza ၏ Zoned out: China-Myanmar Economic Corridor still going nowhere ကို ဘာသာပြန်သည်။ ယခုရေးသားချက်များသည် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၊ ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်နှင့် ဂျော့တောင်းတက္ကသိုလ်၊ RFA သတင်းဌာနတို့နှင့် မဆိုင်ဘဲ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။)
You may also like these stories:
တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ
တရုတ်က ရခိုင်အတွက် အကူအညီပေးပြီး BRI စီမံကိန်းများ အရှိန်မြှင့်ရန်ဆွေးနွေး
တရုတ်သမ္မတ၏ မြန်မာခရီးစဉ်သည် BRI စီမံကိန်းများအတွက် ကတိကဝတ်ရရန် အားထုတ်မှုဟု ဆို
စစ်ကောင်စီနှင့်တရုတ်ပေါင်း၍ ရခိုင်တွင် လေအားလျှပ်စစ်ထုတ်မည်
စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ
သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်