• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေး အစား ရေကြောင်းမှ တင်ပို့မည်

by ဧရာဝတီ
29 April 2024
in စီးပွားရေး
A A
ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေး အစား ရေကြောင်းမှ တင်ပို့မည်

ရန်ကုန်မြို့ ရွှေပြည်သာ မြို့နယ် မုတ္တမဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဆိပ်ကမ်းသို့ ထွက်ခွာမည့် ထိပ်ထားသခင်သင်္ဘော (UKT)

823
VIEWS
Share on FacebookShare on Twitter

ရခိုင်တိုက်ပွဲများကြောင့် ရပ်သွားသည့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို ရေကြောင်းမှ အစားထိုး လုပ်ဆောင် ရန်ကြိုးစားနေရာ ယခုရက်ပိုင်း ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့မှနေ၍ သင်္ဘောဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့ ဆိပ်ကမ်းသို့ ကုန်စည်တင်ပို့မည်ဟု သိရသည်။

အိမ်နီးချင်းနိုင်ငံများသို့ ကုန်စည်တင်ပို့နိုင်ရန် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ရှိ ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကို အပြည်ပြည်ဆိုင်ရာ ကုန်တင် ကုန်ချယာယီဆိပ်ကမ်းအဖြစ် သုံးရန် စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ် ရေး ဝန်ကြီးဌာနကလည်း ဧပြီလ ၂၄ ရက်မှ စတင် ခွင့်ပြုပေးထားကြောင်း ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေသော စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ကွမ်း၊ ဂျင်း၊ ကြက်သွန်၊ ပဲ၊ ဆန်နှင့် တခြားကုန် ပစ္စည်းများကို ယခု ရက်ပိုင်းအတွင်း တင်ပို့ရန် လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ် နယ်စပ်ကုန်သည်များ ထံက သိရသည်။

ရခိုင်ပြည်နယ် နယ်စပ်ကုန်သည်တဦးက “ပုံမှန်ကတော့ စစ်တွေနဲ့ မောင်တော နယ်စပ်ကုန်သွယ် ရေးနှစ်ခု နဲ့ အလုပ် လုပ်တာပေါ့။ လောလောဆယ် နိုင်ငံရေးအခြေအနေအရ အဲဒီဘက်မှာ လုပ်လို့ အဆင်မပြေတော့ ကုန်သွယ်ရေး က ရပ်မလို ဖြစ်နေတာ။ ဒီမှာရှိတဲ့ ကုန်သည်တော်တော်များများက ပစ္စည်းပို့မယ့်ဟာတွေလည်း အများ ကြီးဖြစ်တယ်။ အခုက သွားလို့လာလို့ မရဘူး။ ဒီဘက်ကနေ တိုက်ရိုက်သွားလို့ရအောင် အဆင့်ဆင့်တင်ပြတာကို စကစ က ခွင့်ပြု တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ကွမ်းသီး၊ ကုန်ခြောက်ပစ္စည်းများနှင့် ပုံမှန် ပို့နေသော နယ်စပ်ကုန်သွယ်ရေး ပို့ကုန်များကို များသောအား ဖြင့် တင်ပို့သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ဘက်လမ်းများ ပိတ်ထားသဖြင့် ဒေသထွက်ကုန်စည်များ တင်ပို့နိုင်မည့် အခြေအနေမရှိဘဲ ရန်ကုန်နှင့် တခြားတိုင်းနှင့် ပြည်နယ်ထွက် ကုန်စည်များကိုသာ တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးမှ ပင်လယ်ရေကြောင်းဖြင့် ပြောင်းလဲတင်ပို့ရသောကြောင့် ကွာခြားချက်အနေဖြင့် လိုင်စင်များ ပြောင်းလဲလျှောက်ထားရခြင်းများရှိပြီး နယ်စပ်တင်ပို့မှုထက်စာလျှင် ရန်ကုန်မြို့မှ တင်ပို့မှုမှာ အခက်အခဲအနည်းငယ် ရှိကြောင်း ကုန်သည်များက ပြောသည်။

အထက်ပါလုပ်ငန်းရှင်က “ကုန်ကျစရိတ်ကတော့ ပြောရရင် မတိမ်းမယိမ်းပါပဲ။ တခုရှိတာက နယ်စပ်ကုန်သွယ်ရေး ဖြစ်တဲ့အတွက် လိုင်စင်လျှောက်ရတာတွေ ဟိုဘက်မှာ လုပ်ရတဲ့ဟာတွေကတော့ ပိုပြီးတော့ လွတ်လပ်တယ်။ ဒီမှာ ကျတော့ ရန်ကုန်ဖြစ်တဲ့အတွက် ကျနော်တို့ တခြားအဖွဲ့အစည်းပေါင်းများစွာရှိတဲ့အတွက် Normal trade ပုံစံ အကုန်လုံး ပြန်လုပ်ရတယ်။ စာရွက်စာတမ်းတွေ အများကြီး လုပ်ရတယ်” ဟု ရှင်းပြသည်။

လက်ရှိ မုတ္တမ ဆိပ်ကမ်းမှ တက္ကနပ်မြို့သို့ တင်ပို့မည့် သင်္ဘောတင်ကုန်ပစ္စည်းဈေးမှာ ကုန်မာဆိုလျှင် ၁ ပိသာ ၅၀၀ ကျပ်၊ ကုန်ပွဆိုလျှင် ၁ ပိသာ ၇၀၀ ကျပ်ရှိပြီး လက်ရှိတင်ပို့မည့် ထိပ်ထားသခင်သင်္ဘောမှာ တန်ချိန် ၂၀၀၀ ခန့် တင်နိုင်သည့် သင်္ဘောဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းသို့ ၅ ရက်နီးပါး သွားလာ ရကြောင်း သိရသည်။

ယခုအခါ နယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယစသည့် နိုင်ငံ များနှင့် ကုန်သွယ်မှုပြုလုပ်နေသော မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ မြဝတီ၊ ရိဒ်၊ တမူး၊ စစ်တွေ ရွှေမင်းဂံဆိပ်ကမ်း၊ မောင်တော အစရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ပုံမှန်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အခြေ အနေ မရှိပေ။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိက စခန်းဖြစ်သော မူဆယ်နယ်ကုန်သွယ်ရေးဇုန်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်ကို တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်ထားပြီး လူဝင်/ လူထွက်ခွင့်ပြုရာ နန်းတော်၊ ဆင်ဖြူဂိတ်တို့မှ ကုန်စည်တန်ဖိုး ယွမ် ၈,၀၀၀ ခန့်ကို တရုတ်ဘက်မှ အခွန်မဲ့ ခွင့်ပြုထားသဖြင့် တနိုင်တပိုင် ကုန်သွယ်မှု ပြုလုပ်နိုင်သည့် အခြေအနေဖြစ်သည်။

ရန်ကုန်မြို့ ရွှေမဲဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့နေစဉ်/ CJ

တရုတ်-မြန်မာနယ်စပ်ဂိတ်၏ အရေးပါသည့် ချင်းရွှေဟော်နယ်စပ်ဂိတ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကစ၍ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားပြီး လူဝင်/လူထွက်နှင့် ဒေသအတွင်း ကုန် သွယ်ရေးကို ခွင့်ပြုပေးထားသလို လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးမှာလည်း ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (KIA) ထိန်းချုပ်ထားပြီး လက်ရှိတွင် မိုးမောက်-လွယ်ဂျယ်- စိန်လုံလမ်းမှာ ပိတ်ထားဆဲဖြစ်သောကြောင့် ကုန် သွယ်မှု ရပ်တန့်နေကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်တဦးက “ကျနော်တို့ကတော့ ရပ်ထားရတုန်းပဲ သွားလို့ မရသေးဘူး။ အခုကတော့ ဖရဲ၊ သခွား၊ တစ်ရှူးငှက်ပျောတွေရော တင်ပို့မှုတွေ အကုန် ရပ်ထားရတာ။ မိုးမောက်- လွယ်ဂျယ်-စိန်လုံလမ်းက ပိတ်ထားတုန်းပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုအခြေအနေများကြောင့် တစ်ရှူးငှက်ပျောကား တစီးလျှင် ကျပ် ၂၀၀ ကျော်နှင့်အထက် ဆုံးရှုံးမှုရှိနေပြီး တချို့ကုန် သည်များမှာ ဗန်းမော်မြို့မှာပင် ပြည်သူများကို ဝေငှပေးသည်များလည်း ရှိကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် သိမ်းပိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဘက်မှ နယ်စပ်ဂိတ်များ ပြန်ဖွင့်ပါကလည်း တနိုင်တပိုင်သာပြုလုပ်နိုင်သောကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် တရား မဝင် ကုန်သွယ်မှုကသာ အများဆုံးဖြစ်နေ ကြောင်း ကုန်သည်များထံက သိရသည်။

ထို့ပြင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အကြီးဆုံးစခန်းဖြစ်သော မြဝတီနယ်စပ်ကုန်သွယ်ရေးမှာလည်း ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာလအတွင်း ကော့ကရိတ်တိုက်ပွဲများကြောင့် အာရှလမ်းကြီးပိတ်ပြီး ထို့ကော်ကိုးလမ်းမှ ကုန်သွယ်မှု ပြုလုပ်နေရာမှ ယခုလပိုင်းအတွင်း စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တော်လှန်ရေးတပ်ဖွဲ့များ ကြား တိုက်ပွဲများကြောင့် အမှတ် ၂ ချစ်ကြည်ရေးတံတား ပျက်စီးသွားသည့် အခြေအနေရှိသည်။

ထို့ကြောင့် ပျက်စီးသွားသည့် စက်ပစ္စည်းများ၊ အဆောက်အအုံများနှင့် ဘဏ်ချိတ်ဆက်မှုလုပ်ငန်းများ ပြင်ဆင်ပြီးမှသာ ကုန်သွယ်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ပြီး ကုန်ကားကြီးများ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ကရင် အခြေ စိုက်သတင်းများတွင် ဖော်ပြထားသည်။

အထက်ပါ အခြေအနေများကြောင့် အိမ်နီးချင်း နယ်စပ်ကုန်သွယ်ဘက်နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ နယ်စပ်မှ ကုန်သွယ်မှုအစား ပင်လယ်ရေကြောင်းမှ ပြောင်းလဲတင်ပို့ရန်အတွက် ပြင်ဆင် လာခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၁၉ ရက်နေ့အထိ ပင်လယ်ရေကြောင်း မှ ကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ ၉၆၃ ဒသမ ၇၉၈ သန်း ကုန်သွယ်မှု ပြုလုပ်ထားပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတွင် ကန်ဒေါ်လာ ၈၅၆ ဒသမ ၂၅၈ သန်း ကုန်သွယ်မှု ပြုလုပ်ထားသောကြောင့် ကန်ဒေါ်လာ ၁၀၇ ဒသမ ၅၄ သန်း ပို၍ ကုန်သွယ်မှု ပြုလုပ် ထားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.5k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
243
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

You may also like these stories:

နယ်စပ်ကုန်သွယ်ရေး လက်လွှတ်ရခြင်းက စစ်ကောင်စီ ဒေါ်လာသန်းချီ ဆုံးရှုံး

မြဝတီနယ်စပ်ကုန်သွယ်ရေးရပ်၊ လမ်းကြောင်းပြောင်းတင်ပို့နေရ

ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား

Your Thoughts …
Tags: နယ်စပ်ကုန်သွယ်ရေးဘင်္ဂလားဒေ့ရှ်မုတ္တမဆိပ်ကမ်းရခိုင်ပြည်နယ်ရွှေမဲဆိပ်ကမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
အသိမ်းခံရတဲ့ ဆင်ဘိုစခန်း ဘယ်လောက်အရေးပါလဲ (ရုပ်/သံ)

အသိမ်းခံရတဲ့ ဆင်ဘိုစခန်း ဘယ်လောက်အရေးပါလဲ (ရုပ်/သံ)

စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့လူငယ်တွေ တော်လှန်ရေးတပ်တွေထဲရောက် (ရုပ်/သံ)

စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့လူငယ်တွေ တော်လှန်ရေးတပ်တွေထဲရောက် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved