• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တရုတ်တို့၏ မြန်မာ့သမိုင်းဆိုင်ရာ ရပ်တည်ချက် အမှားများ

by ဝတ်ရည်ခိုင်မာ
16 August 2025
in သူ့အတွေး သူ့အမြင်
A A
တရုတ်တို့၏ မြန်မာ့သမိုင်းဆိုင်ရာ ရပ်တည်ချက် အမှားများ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စ မာကျား/ Xinhua

1.7k
VIEWS
Share on FacebookShare on Twitter

ဒုတိယကမ္ဘာစစ်ကာလတွင် အင်္ဂလိပ်မဟာမိတ်ဖက်က စစ်ကူအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တရုတ်ကူမင်တန်တပ်များအား ‘တရုတ်အဝေးရောက် မဟာမိတ်တပ်များ’ ဟု ခေါ်ဝေါ်သမုတ်ပြီး ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး အထိမ်းအမှတ်ဖြင့် ဂုဏ်ပြုသည့် အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စ မာကျား ဦးစီး၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့က တောင်ငူတွင် ပြုလုပ်သွားကြောင်း တွေ့ရ၏။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံး၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်း အဖွဲ့အစည်းများနှင့် ဒေသခံ တရုတ်နွယ်ဖွားအသင်းအဖွဲ့များက တရုတ်အဝေးရောက် မဟာမိတ်တပ်ဟု အမည်တပ်ထားသည့် ကူမင်တန်တပ်အား အောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းအနားကို ရေနံချောင်းနှင့် မြစ်ကြီးနားမြို့နယ်တို့တွင် ကျင်းပခဲ့သည်ကို တွေ့ရသည်။

သို့သော် ကူမင်တန်တပ်အား ဂုဏ်ပြုသည့်အခမ်းအနားကို ယခင် တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်းလည်း ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ဦးစီးကျင်းခဲ့ဖူးပြီး တောင်ငူ၊ ရေနံချောင်း၊ မြစ်ကြီးနားတို့တွင် ကျင်းပခဲ့သည်ကို တွေ့ခဲ့ရသည်။

ဤနေရာတွင် တွေ့ရသည့် ပထမအချက်မှာ အဝေးရောက် မဟာမိတ်တပ်အနေဖြင့် ဖက်ဆစ်ဆန့်ကျင်ရေးတွင် မြန်မာပြည်တွင်း ဝင်ရောက်တိုက်ပေးသည့် တရုတ်တပ်ဟူ၍ တရုတ်ကွန်မြူနစ်အစိုးရက နာမည်ဝင်ယူနေသည့် (တနည်းအားဖြင့်) ကိုယ်စားပြုမှု ဝင်ယူနေသည့် တရုတ်တပ်မှာ တရုတ်ကွန်မြူနစ်တပ်ဖြစ်သည့် တပ်နီတော် သို့မဟုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မဟုတ်ပေ။ ထိုစဉ်ကာလက တရုတ်ကွန်မြူနစ်များ၏ ရန်ဖက်ဖြစ်သော ချန်ကေရှိတ်၏ ကူမင်တန်တပ်များ ဖြစ်ကြသည်။

ဤနေရာတွင် တွေ့ရသည့် ပထမအချက်မှာ အဝေးရောက် မဟာမိတ်တပ်အနေဖြင့် ဖက်ဆစ်ဆန့်ကျင်ရေးတွင် မြန်မာပြည်တွင်း ဝင်ရောက်တိုက်ပေးသည့် တရုတ်တပ်ဟူ၍ တရုတ်ကွန်မြူနစ်အစိုးရက နာမည်ဝင်ယူနေသည့် (တနည်းအားဖြင့်) ကိုယ်စားပြုမှု ဝင်ယူနေသည့် တရုတ်တပ်မှာ တရုတ်ကွန်မြူနစ်တပ်ဖြစ်သည့် တပ်နီတော် သို့မဟုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မဟုတ်ပေ။ ထိုစဉ်ကာလက တရုတ်ကွန်မြူနစ်များ၏ ရန်ဖက်ဖြစ်သော ချန်ကေရှိတ်၏ ကူမင်တန်တပ်များ ဖြစ်ကြသည်။

ဒုတိယအချက်မှာ မြန်မာပြည်သို့ ဝင်ရောက်ကူညီသည့် တရုတ်တပ်သည် မြန်မာပြည်သူများ၊ မြန်မာအဖွဲ့အစည်းများကို ဝင်ရောက်ကူညီသည် မဟုတ်ပေ။ တရုတ်တပ်များ ဝင်ရောက်ကူညီသည်မှာ မြန်မာပြည်ကို ကျွန်ပြုအုပ်ချုပ်နေသော အင်္ဂလိပ်အစိုးရကို ဝင်ရောက်ကူညီနေခြင်း ဖြစ်သည်။

ပို၍ စိတ်ပျက်စရာကောင်းသည်မှာ ရဲဘော်သုံးကျိပ်နှင့် မြန်မာပြည်လူထုက ဂျပန်တပ်မတော်နှင့် ပူးပေါင်း၍ အင်္ဂလိပ်အား လက်နက်ကိုင်တော်လှန်နေစဉ်အတွင်း အဆိုပါ တရုတ်တပ်များက အင်္ဂလိပ်နယ်ချဲ့သမားများကို စစ်ရေးအရ အကူအညီပေးခြင်း ဖြစ်သည်။

ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး အထိမ်းအမှတ်ဖြင့် ဂုဏ်ပြုသည့် အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စ မာကျား ဦးစီး၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့က တောင်ငူတွင် ပြုလုပ်

မြန်မာပြည်ဝင်လာသည့် ကူမင်တန်များ

သမိုင်းမှတ်တမ်းများအရ ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရုတ်ကူမင်တန်တပ်မတော်မှ Chinese Expeditionary Force အမည်ဖြင့် ဗိုလ်ချုပ် လိုကျို့ရင် (Luo Zhuoying) ဦးစီးပြီး မြန်မာပြည်သို့ ဝင်ရောက်ခဲ့သည်။ ထိုတပ်ဖွဲ့တွင် အမှတ် ၅ တပ်တော်၊ အမှတ် ၆ တပ်တော်နှင့် အမှတ် ၆၆ တပ်တော်တို့ ပါဝင်ပြီး အင်အား ၁ သိန်းခန့်ရှိသည်ဟု သိရ၏။ ထိုကူမင်တန်တပ်သည့် မြန်မာပြည်အား သိမ်းပိုက်အုပ်ချုပ်နေသည့် အင်္ဂလိပ်တပ်အားကူရန် မြန်မာသို့လာခဲ့ခြင်းဖြစ်သည်။

၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် တရုတ်ကူမင်တန်တပ်များသည် တရုတ်–မြန်မာနယ်စပ်ရှိ ဝမ်တိန်၊ ထိန်ချုံးတို့မှ မြန်မာပြည် လားရှိုး၊ ဗန်းမော်ဘက်သို့ မြန်မာပြည်တွင်း ဝင်ရောက်လာခဲ့၏။ ၁၉၄၂ ခုနှစ်၊ မတ်လအတွင်း ကူမင်တန်တပ်များသည် အင်္ဂလိပ်တပ်နှင့် ပူးပေါင်းပြီး တောင်ငူစစ်မျက်နှာ၊ သံလွင်စစ်မျက်နှာတို့တွင် ဂျပန်တပ်မတော်အား ခုခံရန် ခံစစ်ပြင်ခဲ့သည်။

ဂျပန်တပ်မတော်၊ ရဲဘော်သုံးကျိပ်နှင့် BIA

၁၉၄၂ ခုနှစ်၊ မတ်လတွင် ဂျပန်တပ်မတော်သည် ထိုင်းနိုင်ငံမှတဆင့် မြန်မာပြည် တနင်္သာရီကမ်းရိုးတန်းသို့ စတင်ဝင်ရောက်လာခဲ့၏။ သို့သော် ဂျပန်တပ်မတော်သည် အထီးတည်း ဝင်လာသည်မဟုတ်။ ဂျပန်အကူအညီဖြင့် စစ်လေ့ကျင့်ခဲ့ကြသည့် ရဲဘော်သုံးကျိပ်နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ပါဝင်သည်။ BIA သည် အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေးအတွက် မြန်မာပြည်သူလူထု၏ တခဲနက်ထောက်ခံမှုရပြီး မြန်မာပြည်လူထု ပူးပေါင်းပါဝင်မှု၊ ထောက်ခံမှုကြောင့် မြန်မာပြည်တွင်း ဝင်ရောက်လာသည်နှင့် တဟုန်ထိုး ကြီးထွားလာသည်ကို မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အထင်အရှားဖြစ်သည်။

ယခု တရုတ်အစိုးရကိုယ်စား တရုတ်သံအမတ်တို့ အလေးအနက် ဂုဏ်ပြုနေသည့် တရုတ်တပ်များသည် မြန်မာလူထုအား ကျွန်ပြုထားသည့် အင်္ဂလိပ်နယ်ချဲ့ကို စစ်ရေးအရ ကူညီနေသည့် တရုတ်တပ်များဖြစ်သည်။

ယခု တရုတ်အစိုးရကိုယ်စား တရုတ်သံအမတ်တို့ အလေးအနက် ဂုဏ်ပြုနေသည့် တရုတ်တပ်များသည် မြန်မာလူထုအား ကျွန်ပြုထားသည့် အင်္ဂလိပ်နယ်ချဲ့ကို စစ်ရေးအရ ကူညီနေသည့် တရုတ်တပ်များဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း လီဒိုလမ်းမပေါ် ပူးတွဲတွေ့ရသည့် အမေရိကန်နှင့် တရုတ်အလံ

ကူမင်တန်တပ်များ ဆုတ်ခွာခြင်း

၁၉၄၂ ခုနှစ်၊ မတ်လ ၁၈ မှ စတင်ဖြစ်ပွားသည့် တောင်ငူတိုက်ပွဲတွင် တရုတ်အမှတ် ၅ တပ်တော် လက်အောက်ခံတပ်များသည် ဂျန်တပ်များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပြီးနောက် မတ်လ ၂၄ ရက်တွင် တရုတ်တပ်တို့ အရေးနိမ့်ပြီး ဆုတ်ခွာရ၏။

၁၉၄၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၄ ရက်အထိဖြစ်ပွားသော ရေနံချောင်းတိုက်ပွဲတွင် တရုတ် အမှတ် ၆၆ တပ်တော် လက်အောက်ခံတပ်များသည် ပိတ်မိနေသည့် အင်္ဂလိပ်တပ်များကို ကယ်ထုတ်နိုင်ခဲ့ပြီး ဂျပန်ကို အနည်းငယ် နောက်ဆုတ်စေနိုင်ခဲ့သည်ဟု ဆိုပါသည်။

သို့သော် ဂျပန်တပ်များ၏ ချီတက်မှုကို မတားနိုင်ဘဲ ဂျပန်တပ်များသည် ဧပြီလလယ်တွင် မန္တလေးမြို့ကို သိမ်းပိုက်ပြီး ဧပြီလကုန်တွင် လားရှိုးမြို့ကို သိမ်းပိုက်ခဲ့၏။ သို့ဖြစ်ရာ ကူမင်တန်တပ်များသည် အင်အား ၁ သိန်းခန့် ဝင်ရောက်လာသည်ဆိုသော်လည်း မြန်မာပြည်တွင်း ဝင်ရောက်လာပြီး သုံးလခန့်အကြာ ၁၉၄၂ ခုနှစ်၊ ဧပြီလနှင့်မေလများတွင် စစ်ရေးအရ အရေးနိမ့်ပြီး စစ်သည်အများအပြား ဆုံးရှုံးသွားခဲ့၏။

ကူမင်တန်တပ်အချို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ၊ အာသံနယ်သို့ အသီးသီး ဒရောသောပါး ဆုတ်ခွာသွားခဲ့သည်။ ဂျပန်၏ထိုးစစ်ကို တရုတ်ကူမင်တန်တပ်အနေဖြင့် တရုတ်ပြည်တွင်း၊ ယူနန်ပြည်နယ်၊ ထိန်ချုံး (မြစ်ကြီးနား အရှေ့ဘက်) ရောက်မှ ရပ်တန့်နိုင်ခဲ့သည်။

လီဒိုလမ်းမနှင့် တရုတ်တပ်

၁၉၄၂ ခုနှစ်က ဆုတ်ခွာသွားသော တရုတ်ကူမင်တန်တပ်များသည် ၁၉၄၄ ခုနှစ်၊ ဧပြီလမှ စ၍ အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်တပ်များနှင့်တွဲ၍ မြန်မာ‌ပြည်မြောက်ပိုင်း စစ်ဆင်ရေးများတွင် ဒုတိယအကြိမ် ပြန်လည် ပါဝင်သည်ကို တွေ့ရ၏။

တရုတ်တပ်များ ပြန်လည် ဝင်ရောက်သည့် ရည်ရွယ်ချက်မှာ မြန်မာမြောက်ပိုင်းရှိ ဂျပန်တပ်များကို အင်္ဂလိပ် မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ မောင်းထုတ်ပြီး တရုတ်–မြန်မာ–အိန္ဒိယလမ်းကြောင်း ပြန်ချိတ်ဆက်နိုင်၊ သွားနိုင်ရေး ဖြစ်သည်။ လီဒိုလမ်းမကို ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့က အိန္ဒိယနှင့် မြန်မာ၊ တရုတ်ကို ဆက်သွယ်ရေး ဖောက်လုပ်ရန်ဖြစ်သည်။

တရုတ်တပ်များ ပြန်လည် ဝင်ရောက်သည့် ရည်ရွယ်ချက်မှာ မြန်မာမြောက်ပိုင်းရှိ ဂျပန်တပ်များကို အင်္ဂလိပ် မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ မောင်းထုတ်ပြီး တရုတ်–မြန်မာ–အိန္ဒိယလမ်းကြောင်း ပြန်ချိတ်ဆက်နိုင်၊ သွားနိုင်ရေး ဖြစ်သည်။ လီဒိုလမ်းမကို ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့က အိန္ဒိယနှင့် မြန်မာ၊ တရုတ်ကို ဆက်သွယ်ရေး ဖောက်လုပ်ရန်ဖြစ်သည်။

ထိုစစ်ဆင်ရေးအား အမေရိကန်၊ အင်္ဂလိပ်မဟာမိတ်တပ်မှ ဗိုလ်ချုပ်ကြီး စတီးဝဲလ်၊ ဗိုလ်ချုပ် ဝင်းဂိတ်တို့က ကွပ်ကဲပြီး အမေရိကန်တပ်အင်အား ၃,၀၀၀ ခန့်၊ ကချင်‌ပြောက်ကျား ၂,၀၀၀ မှ ၃,၀၀၀ ခန့်နှင့် ၁၉၄၄ ခုနှစ်မှစ၍ ကူမင်တန်တပ်မှ အမှတ် ၁ တပ်တော်သစ်နှင့် အမှတ် ၆ တပ်တော်သစ် လက်အောက်ခံ တပ်မ ၃၀၊ တပ်မ ၃၈၊ တပ်မ ၁၄၊ တပ်မ ၂၂၊ တပ်မ ၅၀ တို့မှ အင်အား ၇၀,၀၀၀ ခန့် ပါဝင်ပြီး မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှ လားရှိုးအထိ လှုပ်ရှားခဲ့၏။

အိန္ဒိယနိုင်ငံ၊ လီဒိုမြို့မှ စတင်ဖောက်ခဲ့ရာ မြန်မာပြည်မြောက်ပိုင်းအား ဖြတ်ပြီး တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဆက်သွယ်နိုင်ခဲ့၏။ ၁၉၄၄ ခုနှစ်၊ ဇွန်လတွင် မြစ်ကြီးနားကို သိမ်းယူနိုင်ခဲ့သည်။ မဟာမိတ်တပ်များသည် တရုတ်ကူမင်တန်အစိုးရ၏ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲအား ကူညီရန် ထောက်ပို့ပစ္စည်းများကို လီဒိုလမ်းမကြီးမှတဆင့် ပို့ပေးနိုင်ခဲ့၏။ သယ်ယူပို့ဆောင်ရေးအတွက် တရုတ်သို့ ကားလမ်းအဖြစ် စတင်အသုံးပြုနိုင်ခဲ့သည်။

သို့ဖြစ်ရာ ၁၉၄၄၊ ၁၉၄၅ ခုနှစ်အတွင်း ဒုတိယအကြိမ် တရုတ်ကူမင်တန်တပ်များ မြန်မာပြည်မြောက်ပိုင်းသို့ ဝင်ရောက်ခြင်းသည် တရုတ်ကူမင်တန်အစိုးရအား အင်္ဂလိပ်မဟာမိတ်တပ်က အိန္ဒိယမှ မြန်မာပြည်ဖြတ်၍ တရုတ်သို့ ထောက်ပို့လမ်းကြောင်း ဖွင့်ရန်အတွက်ဖြစ်၏။

ကူမင်တန်သည် သူ၏ အကျိုးစီးပွား ထောက်ပို့ပစ္စည်းရရှိရေးနှင့် လမ်းကြောင်းပွင့်ရေးအတွက် ဝင်တိုက်ခြင်းဖြစ်သကဲ့သို့ အမေရိကန်၊ အင်္ဂလိပ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်သည်။ မြန်မာ့နိုင်ငံရေး စစ်ရေးအင်အားစုများဖြစ်သည့် ဒို့ဗမာအစည်းအရုံး၊ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) နှင့် BIA, ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မဟုတ်ပေ။

ထို့ပြင် အဆိုပါ ကူမင်တန် တရုတ်ဖြူတပ်များသည် ဝင်ရောက်စဉ်နှင့် ဆုတ်ခွာစဉ်ကာလ မြန်မာပြည်သူများကို ရိုင်းစိုင်းစွာ ဆက်ဆံသလို အပြစ်မဲ့သူများ သတ်ဖြတ်ခံရမှုများရှိကြောင်း မြန်မာနိုင်ငံရေးသမိုင်းနှင့် ပတ်သက်သည့် မှတ်တမ်းစာအုပ်များတွင် ရေးသား‌ဖော်ပြကြသည်ကို တွေ့မြင်နိုင်သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
383
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.5k

ကူမင်တန်တပ်များသည် တရုတ်ပြည်တွင်းစစ် အတွင်း၌လည်း တရုတ်လူထုအပေါ်တွင် ရက်စက်စွာ ပြုကျင့်သည်ကို တရုတ်လွတ်မြောက်ရေးစစ်ပွဲ မှတ်တမ်းများတွင်လည်း ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။

ကူမင်တန်တပ်များသည် တရုတ်ပြည်တွင်းစစ် အတွင်း၌လည်း တရုတ်လူထုအပေါ်တွင် ရက်စက်စွာ ပြုကျင့်သည်ကို တရုတ်လွတ်မြောက်ရေးစစ်ပွဲ မှတ်တမ်းများတွင်လည်း ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။

လီဒိုလမ်းမကို ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့က အိန္ဒိယနှင့် မြန်မာ၊ တရုတ်ကို ဆက်သွယ်ရေး ဖောက်လုပ်ရန်ဖြစ်သည်

မြန်မာပြည်ရှိ တရုတ်နွယ်ဖွားများအတွက် မေးခွန်း

လက်ရှိတွင် တရုတ်သံရုံး၏ မေတ္တာရပ်ခံချက်ဟုဆိုကာ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းအဖွဲ့အစည်းများနှင့် ဒေသခံ တရုတ်နွယ်ဖွား အသင်းအဖွဲ့များကလည်း တောင်ငူ၊ ရေနံချောင်း၊ မြစ်ကြီးနားတို့တွင် ဂုဏ်ပြုအခမ်းအနား ပြုလုပ်သည်ဟု ဆိုသည်။

ရဲဘော်သုံးကျိပ်နှင့် BIA က ဂျပန်တပ်မတော်နှင့် ပေါင်း၍ လွတ်လပ်ရေးအတွက် အင်္ဂလိပ်အား တော်လှန်စဉ် မြန်မာပြည်ကို ကျွန်ပြုထားသည့် အင်္ဂလိပ်အား စစ်ကူပေးသည် ကူမင်တန်ကို ဂုဏ်ပြုခြင်းသည် မြန်မာလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သည့် BIA နှင့် ဆန့်ကျင်ဘက်ဖြစ်၏။

ထိုစဉ်ကာလက BIA တော်လှန်နေသော အင်္ဂလိပ်နယ်ချဲ့အား စစ်ရေးအရကူညီနေသည့် ကူမင်တန်တပ်များကို မြန်မာပြည်ရှိ တရုတ်နွယ်ဖွားများက ထောက်ခံခြင်း၊ ဂုဏ်ပြုခြင်းသည် အတိတ်ကာလအတွက်သာမက လက်ရှိကာလ၊ အနာဂတ်ကာလတွင် မြန်မာပြည်သားခံယူထားသည့် တရုတ်များ ဖြေဆိုရမည့် အရေးပါသည့် မေးခွန်းဖြစ်သည်ကို သတိပြုရန်လိုသည်။ မည်သည့်လူမျိုးမဆို နိုင်ငံသားအဖြစ် ခံယူသူများသည် နိုင်ငံအပေါ် သစ္စာရှိရန် လိုအပ်သည်။

တရုတ်အစိုးရအတွက် မေးခွန်း

ဒုတိယကမ္ဘာစစ်အတွင်း ချန်ကေရှိတ်၏ ကူမင်တန်တပ်များက အင်္ဂလိပ်၊ အမေရိကန်များနှင့် တွဲ၍ တိုက်ခိုက်ကြခြင်းမှာ မဟာမိတ်ဖွဲ့ထား၍ ဖြစ်၏။ တရုတ်ကွန်မြူနစ်များသည် ဒုတိယကမ္ဘာစစ်ကာလက နိုင်ငံတကာအား ကူညီရန်ဝေးစွ၊ မိမိရပ်တည်ရန်ပင် အနိုင်နိုင်ဖြစ်၏။

လက်ရှိ တရုတ်အစိုးရအနေဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်၊ အမေရိကန်တပ်များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားခဲ့သည့် ကူမင်တန်တပ်များ၏ ဆောင်ရွက်ချက်များကို ကိုယ်စားပြုထားခြင်းမှာ အဘယ်ကြောင့်ပါနည်း။

လက်ရှိ တရုတ်အစိုးရအနေဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်၊ အမေရိကန်တပ်များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားခဲ့သည့် ကူမင်တန်တပ်များ၏ ဆောင်ရွက်ချက်များကို ကိုယ်စားပြုထားခြင်းမှာ အဘယ်ကြောင့်ပါနည်း။

ကူမင်တန်တပ်ဖွဲ့များသည် တရုတ်အမျိုးသားကို ကိုယ်စားပြု၍ဟု တရုတ်ကွန်မြူနစ်အစိုးရက ယူဆလျှင် ၁၉၅၀ ပြည့်နှစ်မှစ၍ မြန်မာပြည် သံလွင်အရှေ့ခြမ်းကို ကျူးကျော်ဝင်ရောက်ခဲ့သည့် တရုတ်ကူမင်တန်တပ်များနှင့် ပတ်သက်ပြီး တရုတ်အစိုးရအနေဖြင့် မည်သို့ တာဝန်ယူမည်နည်း။

၁၉၅၀ ပြည့်နှစ်မှစ၍ ကူမင်တန် အမှတ် ၈ တပ်တော်၊ အမှတ် ၂၆ တပ်တော်နှင့် အမှတ် ၉၃ တပ်မ တို့မှ အင်အား ၁၂,၀၀၀ ခန့်အထိ ရှမ်းပြည်နယ်ထဲ ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခဲ့သည်။ ဗိုလ်ကျစိုးမိုးခဲ့သည်။

အစောပိုင်း ထိုင်ဝမ်သို့ ပြန်လည်ထွက်ခွာသော တပ်ဖွဲ့ဝင်များ ရှိသကဲ့သို့ နောက်အကျဆုံးတပ်သည် ၁၉၇၂ ခုနှစ်မှ မြန်မာပြည်မှထွက်၍ ထိုင်းတွင်အခြေချသည်။ ထိုကူမင်တန်တပ်များသည်လည်း အမေရိကန်၏ အကူအညီအထောက်အပံ့နှင့် ရပ်တည်သော တပ်များဖြစ်၏။

ထိုကူမင်တပ်များသည် မြန်မာပြည်ပိုင်နက်ကို ၂၂ နှစ် ကျူးကျော် ဗိုလ်ကျစိုးမိုးခဲ့၏။ ကူမင်တန်တို့ ကျူးကျော်မှု‌ကြောင့် မြန်မာပြည်၌ စစ်ပွဲများဖြစ်ပွားခဲ့သကဲ့သို့ ကုလသမဂ္ဂ၌လည်း အကြိမ်ကြိမ်‌ ဖြေရှင်းခဲ့ရ၏။

ကူမင်တန်တပ်များသည် ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းကုန်ကူးခြင်း၊ ဘိန်းဖြူချက်ခြင်း၊ ရောင်းဝယ်ခြင်းများ ရှမ်းပြည်နယ်တွင် အစပြုခဲ့ကြ၏။ တရုတ်ကူမင်တန်တပ်များ၏အမွေ မူးယစ်ဆေးဝါး ချက်လုပ်ရောင်းချခြင်းသည် ယခုတိုင် ရှမ်းပြည်တွင် အမြစ်တွယ်နေသည်။

ကူမင်တန်ချင်းလည်း အတူတူ၊ အမေရိကန် ကူညီထောက်ပံ့တာလည်း အတူတူပင် ဖြစ်သော်လည်း ဂျပန်ကိုတိုက်ခိုက်ခြင်းသည်သာ တရုတ်အစိုးရနှင့်ဆိုင်ပြီး မြန်မာပြည်အား ကျူးကျော်ခဲ့ခြင်း၊ ဗိုလ်ကျစိုးမိုးခဲ့ခြင်း၊ မူးယစ်ဆေးစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချမှုတို့ အမြစ်တွယ်စေခဲ့ခြင်းများကိုမူ တရုတ်အစိုးရနှင့် မသက်ဆိုင်ဟု ယူဆပါသလော။

တရုတ်ကူမင်တန်တပ်များ၏ ကျူးကျော်မှုကြောင့် ဆိုးဝါးလှသည့် အခြေအနေများစွာကို ကြုံတွေ့ခဲ့ရသည်နှင့် ပတ်သက်၍ တရုတ်ကွန်မြူနစ်အစိုးရ မည်သို့ သဘောထားပါသနည်း။ ကူမင်တန်ချင်းလည်း အတူတူ၊ အမေရိကန် ကူညီထောက်ပံ့တာလည်း အတူတူပင် ဖြစ်သော်လည်း ဂျပန်ကိုတိုက်ခိုက်ခြင်းသည်သာ တရုတ်အစိုးရနှင့်ဆိုင်ပြီး မြန်မာပြည်အား ကျူးကျော်ခဲ့ခြင်း၊ ဗိုလ်ကျစိုးမိုးခဲ့ခြင်း၊ မူးယစ်ဆေးစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချမှုတို့ အမြစ်တွယ်စေခဲ့ခြင်းများကိုမူ တရုတ်အစိုးရနှင့် မသက်ဆိုင်ဟု ယူဆပါသလော။

အာဏာသိမ်းအစိုးရကို ထောက်ခံမှုကြောင့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူများက ၂၀၂၁ ခုနှစ်၊ ဧပြီလလအတွင်းက ရန်ကုန်မြို့တွင် တရုတ်အလံကို မီးရှို့ ဆန္ဒပြစဉ်

နိဂုံး

မြန်မာ့မြေပေါ်တွင် တရုတ်အစိုးရက ဖက်ဆစ်ဆန့်ကျင်ရေးအတွက်ဆိုကာ ဂုဏ်ပြုနေသည့် ကူမင်တန်တပ်သည် မြန်မာပြည်ကို ကျွန်ပြုအုပ်ချုပ်သည့် အင်္ဂလိပ်တို့အား ကူညီခဲ့သည့် တရုတ်ကူမင်တန်တပ်ဖြစ်သည်။ မြန်မာပြည်စစ်မြေပြင်တွင် မြန်မာပြည်သူများကို ရိုင်းစိုင်းစွာ ဆက်ဆံသကဲ့သို့ အပြစ်မဲ့သူများ သတ်ဖြတ်ခံရမှုများရှိကြောင်း မှတ်တမ်းဝင်သည့် ကူမင်တန်တပ်ဖြစ်၏။

ထို့ပြင် မြန်မာပြည်သို့ ဝင်ရောက်ခဲ့သည့် ကူမင်တန်တပ်များအကြောင်း ပြောမည်ဆိုလျှင် မြန်မာပြည် သံလွင်အရှေ့ခြမ်းအား အနှစ် ၂၀ ကျော် ကျူးကျော် ဗိုလ်ကျစိုးမိုးပြီး ရှမ်းပြည်တွင် မူးယစ်ဆေးဝါးပြဿနာ အမြစ်တွယ်စေခဲ့သည့် တရုတ်ကူမင်တန်များနှင့် ပတ်သက်ပြီး ချန်ထား၍ ရမည်မဟုတ်ပေ။

နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်မှုကို တည်ဆောက်လိုသည်ဆိုပါက သမိုင်း၏ ဖြစ်ရပ်မှန်များကို ထိန်ချန်ထား၍ မရပေ။ ကောင်းမွေဆိုးမွေအားလုံးကို ဆက်ခံရမည်သာဖြစ်၏။ အမှန်၊ အမှား အားလုံးကို မျှတစွာ သုံးသပ်နိုင်မှသာ အနာဂတ်ကို မှန်ကန်စွာ တည်ဆောက်၍ရပေလိမ့်မည်။

သမိုင်းဆိုင်ရာ အဖြစ်အပျက်များနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ဖော်ပြရာတွင်လည်းကောင်း၊ ကောက်ချက်ချရာတွင်လည်းကောင်း ဘက်ပေါင်းစုံမှ ပြည်ပြည့်စုံစုံ ထည့်သွင်းဖော်ပြ တွက်ချက်သုံးသပ်မှသာ အမှန်ကိုရပေလိမ့်မည်။

သမိုင်းဆိုင်ရာ အဖြစ်အပျက်များနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ဖော်ပြရာတွင်လည်းကောင်း၊ ကောက်ချက်ချရာတွင်လည်းကောင်း ဘက်ပေါင်းစုံမှ ပြည်ပြည့်စုံစုံ ထည့်သွင်းဖော်ပြ တွက်ချက်သုံးသပ်မှသာ အမှန်ကိုရပေလိမ့်မည်။

မိမိဇောင်းပေးလိုသည့် နိုင်ငံရေးရည်ရွယ်ချက်တခုကို ဦးတည်၍ လိုသလို ပုံဖော်ပြခြင်းသည် ရေရှည်အကျိုးသက်ရောက်မှု ကောင်းမည်မဟုတ်ပေ။ အထူးသဖြင့် နိုင်ငံတခုထက်မက ပတ်သက်ဆက်စပ်နေသော ကိစ္စရပ်များဆိုလျှင် သူ့ဘက်ကိုယ့်ဘက် ပြည့်ပြည့်စုံစုံ ထည့်သွင်းစဉ်းစား သုံးသပ်ကြရန် လိုအပ်သည်။ သို့မဟုတ်ပါက အဆိုပါနိုင်ငံများရှိ ပြည်သူများကြား ဆက်ဆံရေးကို ထိခိုက်သည်သာ အဖတ်တင်ပေလိမ့်မည်။

(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

တရုတ်ပြည်တွင်းစစ်ကြောင့် မြန်မာပြည် ဆိုးရွားစွာ ထိခိုက်နစ်နာဖူးသည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

မြန်မာ့ပြည်တွင်းရေး တရုတ်က ဝင်မစွက်ဘူးတဲ့လား

ကိုယ်ကျိုးစီးပွားသာ ရှေးရှုသမျှ တရုတ်က ယုံကြည်စရာမဟုတ်

မြန်မာ၊ တရုတ်ဩဇာနှင့် နိုင်ငံသားပြဿနာ

မြန်မာ ချန်ကေရှိတ်အပေါ် တရုတ်ကွန်မြူနစ်များ သဘောထား ဘာလဲ ဘယ်လဲ

Your Thoughts …
Tags: BDABIAPLAကူမင်တန်ဂျပန်တရုတ်ဒုတိယကမ္ဘာစစ်ရဲဘော်သုံးကျိပ်လီဒိုလမ်းမ
ဝတ်ရည်ခိုင်မာ

ဝတ်ရည်ခိုင်မာ

ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ငလျင်သင့် ပြည်သူတွေကို စစ်တပ် မကူညီ (ရုပ်/သံ)

ငလျင်သင့် ပြည်သူတွေကို စစ်တပ် မကူညီ (ရုပ်/သံ)

အမေရိကန်သံ စစ်ဘေးသင့် ကချင်ပြည်နယ်သို့ သွား

အမေရိကန်သံ စစ်ဘေးသင့် ကချင်ပြည်နယ်သို့ သွား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved