ချန်ကေရှိတ်အား တရုတ်အသံထွက်နှင့် အနီးစပ်ဆုံးထွက်ရလျှင် “ကျန်းခဲ့ရှိတ်” ဟု ခေါ်ဆိုရမည် ဖြစ်၏။ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းကမူ “ကျီအန်းခဲ့ရှီအက်” ဟု အသံထွက် ရေးသားသည်ကို တွေ့ခဲ့ဖူးသည်။
သို့သော်လည်း မြန်မာတို့၏ လွယ်ကူစွာ အသံဖလှယ်သည့်စနစ်အရ ချန်ကေရှိတ် ဟုသာခေါ်ဆိုကြပြီး မြန်မာပြည်တွင် ချန်ကေရှိတ် ဟူ၍ လူသိများ၏။ ချန်ကေရှိတ်သည် တရုတ်ကူမင်တန်ပါတီ ခေါင်းဆောင်နှင့် ကူမင်တန်စစ်တပ် ခေါင်းဆောင်တဦးဖြစ်ပြီး ၁၉၄၉ ခုနှစ်မတိုင်မီ တရုတ်ပြည်ကို အုပ်ချုပ်ခဲ့သူတဦးဖြစ်၏။
၁၉၄၉ ခုနှစ်တွင် တရုတ်ကွန်မြူနစ်တို့အား စစ်ရှုံးပြီး ထိုင်ဝမ် (ဖော်မိုဆာ) သို့ ထွက်ပြေးအခါ အမေရိကန်၏ ကျောထောက်နောက်ခံဖြင့် တစင်ထောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ထိုင်ဝမ်တွင် တရုတ်အစိုးရတရပ် ထူထောင်ပြီး တရုတ်ပြည်မကြီးအား လက်လွတ်ဆုံးရှုံးပြီးနောက် အနှစ် ၂၀ ကျော်ကြာသည်အထိ ကုလသမဂ္ဂတွင် တရုတ်ထိုင်ခုံ ရယူထားနိုင်ခဲ့သူလည်း ဖြစ်၏။
တရုတ်ကွန်မြူနစ်များအတွက် ချန်ကေရှိတ်သည် စစ်ဘုရင်တဦး ဖြစ်သည်။ ကိုယ်ကျိုးရှာ ဗျူရိုကရက်တဦး ဖြစ်၏။ တရုတ်ပြည်ကြီးကို စည်းလုံးညီညွတ်မှု ပြိုကွဲစေသူဖြစ်၏။ တရုတ်ပြည်သူများအား ဖိနှိပ်သွေးစုပ်ပြီး မွဲတေစေခဲ့သူ စစ်ဘုရင်တဦး ဖြစ်သည်။ တရုတ်ကွန်မြူနစ်များနှင့် တရုတ်ပြည်သူတို့၏ ရန်သူဖြစ်၏။
သို့သော် တရုတ်ကွန်မြူနစ်များအတွက် ချန်ကေရှိတ်သည် စစ်ဘုရင်တဦး ဖြစ်သည်။ ကိုယ်ကျိုးရှာ ဗျူရိုကရက်တဦး ဖြစ်၏။ တရုတ်ပြည်ကြီးကို စည်းလုံးညီညွတ်မှု ပြိုကွဲစေသူဖြစ်၏။ တရုတ်ပြည်သူများအား ဖိနှိပ်သွေးစုပ်ပြီး မွဲတေစေခဲ့သူ စစ်ဘုရင်တဦး ဖြစ်သည်။ တရုတ်ကွန်မြူနစ်များနှင့် တရုတ်ပြည်သူတို့၏ ရန်သူဖြစ်၏။ အလားတူပင် ချန်ကေရှိတ်ကို ဆက်ဆံပြီး ကျောထောက်နောက်ခံပြုသူ အမေရိကန်သည်လည်း တရုတ်ကွန်မြူနစ်များနှင့် တရုတ်ပြည်သူများ၏ ရန်သူဖြစ်သည်။
ထိုကြောင့်လည်း အမေရိကန်တို့အား တရုတ်တို့က အမေရိကန်နယ်ချဲ့ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ “အမေရိကန်နယ်ချဲ့နှင့် သူ့နောက်လိုက်ခွေးများအား ဆန့်ကျင်ကြ” ဟူသည့် စာလုံးကြီးပိုစတာများကို တရုတ်ပြည်အနှံ့၌ စိုက်ထားသည်ကို ၁၉၇၀ ပြည့်နှစ် တရုတ်-အမေရိကန် ဆက်ဆံရေး ပြန်လည် ထူထောင်သည့် ကာလအထိ တွေ့မြင်ခဲ့ရ၏။ ချန်ကေရှိတ်ကို ကျောထောက်နောက်ခံပြုသည့် အမေရိကန်နှင့် တရုတ်ကွန်မြူနစ်တို့ အနှစ် ၂၀ ကျော် ဆက်ဆံရေး အေးခဲသွားခဲ့သည့် ကာလတရပ် ရှိခဲ့၏။
အနှစ် ၇၀ ကြာတွင် တကျော့ပြန်ဖြစ်ရပ်ကို ပြန်လည်၍ တရုတ်ကွန်မြူနစ်တို့ ကြုံရ၏။ တရုတ်တို့အနေနှင့် မြန်မာပြည်နှင့် ဆက်ဆံရာတွင် အလားတူပြဿနာကို ကြုံတွေ့ရသည်ဟု ဆိုရမည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းသည့် နောက်ပိုင်း မြန်မာပြည်တွင် ပြင်းထန်သည့် အခြေအနေတရပ် ပေါက်ကွဲထွက်လာသည်ကို တွေ့ရသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်များကို မြန်မာပြည်လူထု၏ ဆန့်ကျင်အုံကြွမှုသည် ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် အမြင့်ဆုံးဖြစ်၏။ အပြင်းထန်ဆုံးဖြစ်၏။ တပြည်လုံး အတိုင်းအတာ ဆောင်သည်။ လူတန်းစား လူ့အလွှာပေါင်းစုံ ပါဝင်သည်။ တပြည်လုံးအနှံ့ လက်နက်ကိုင်အုံကြွမှု ဖြစ်ပေါ်ခဲ့၏။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်မဒေသ ဒီမိုကရေစီ ရေစီးကြောင်းနှင့် တောင်တန်းဒေသ ဖက်ဒရယ်ရေစီးကြောင်းတို့ ပထမဆုံး ပေါင်းဆုံသည့်ကာလဟု ဆို၍ရ၏။ တောင်တန်းဒေသနှင့် ပြည်မဒေသရှိ ပြည်သူများ အပြန်အလှန် နားလည်မှု စတင် တည်ဆောက်နိုင်သည့် ကာလလည်း ဖြစ်သည်။ ထို့ပြင် လက်ရှိ မြန်မာ့နိုင်ငံရေးသည့် သူသေကိုယ်ရှင် တိုက်နေသည့် ကာလလည်းဖြစ်၏။ လက်နက်အစုံအလင်မရှိဘဲ ရရာလက်နက်ဖြင့် တိုက်ပွဲဝင်နေခြင်းသည် လူထု၏ စိတ်ဓာတ်ပြင်းပြမှုကို ဖော်ပြနေ၏။
လက်ရှိ မြန်မာပြည်ရှိ လူတန်းစား လူ့အလွှာအသီးသီး၊ တိုင်းရင်းသားလူမျိုး အသီးသီးသည် အာဏာသိမ်း စစ်ခေါင်းဆောင်များကို စစ်ဘုရင်များဟု ကြည့်မြင်၏။ တိုင်းပြည်ကို ဖျက်ဆီးသူများအဖြစ် ကြည့်မြင်၏။ ကိုယ်ကျိုးရှာသည့် စစ်ဗျူရိုကရက်များအဖြစ် ကြည့်မြင်၏။ တိုင်းပြည်နှင့် လူထုအား မွဲပြာကျအောင် လုပ်နေသူများအဖြစ် ကြည့်မြင်၏။ သို့ဖြစ်ရာ လက်ရှိ မြန်မာစစ်ခေါင်းဆောင်သည် မြန်မာပြည်သူတို့၏ ရန်သူဖြစ်၏။
လက်ရှိ မြန်မာပြည်ရှိ လူတန်းစား လူ့အလွှာအသီးသီး၊ တိုင်းရင်းသားလူမျိုး အသီးသီးသည် အာဏာသိမ်း စစ်ခေါင်းဆောင်များကို စစ်ဘုရင်များဟု ကြည့်မြင်၏။ တိုင်းပြည်ကို ဖျက်ဆီးသူများအဖြစ် ကြည့်မြင်၏။ ကိုယ်ကျိုးရှာသည့် စစ်ဗျူရိုကရက်များအဖြစ် ကြည့်မြင်၏။ တိုင်းပြည်နှင့် လူထုအား မွဲပြာကျအောင် လုပ်နေသူများအဖြစ် ကြည့်မြင်၏။ သို့ဖြစ်ရာ လက်ရှိ မြန်မာစစ်ခေါင်းဆောင်သည် မြန်မာပြည်သူတို့၏ ရန်သူဖြစ်၏။
မြန်မာပြည်၏ ချန်ကေရှိတ်ဖြစ်သည်။ လက်ရှိ မြန်မာ ချန်ကေရှိတ်အား ထောက်ခံ ပံ့ပိုးသည့် မည်သည့်နိုင်ငံမဆို ရန်သူအဖြစ်သာ သဘောထားမည်ဖြစ်၏။ ဤအမြင်နှင့်ပတ်သက်၍ မတူသည့်အမြင်များ ရှိသော်လည်း ပြည်တွင်း၌ လွှမ်းမိုးနေသော အမြင်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာစစ်အစိုးရနှင့် ဆက်ဆံမှုရှိသော၊ အထူးသဖြင့် နဝတ/နအဖ ခေတ်ကာလများတွင် မြန်မာစစ်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံမှုရှိပြီး မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့သည့်အပြင် မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများစွာ ရောင်းချပေးခဲ့သော၊ ကုလသမဂ္ဂတွင် စစ်အစိုးရအတွက် ဗီတိုအာဏာ အသုံးပြုပေးခဲ့သော တရုတ်သည် မြန်မာပြည်သူတို့၏ မျက်စေ့ ဒေါက်ထောက်ကြည့်ခြင်းခံရသည့် တိုင်းပြည်တပြည် ဖြစ်လာ၏။
ထို့ကြောင့်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် လူထုလှုပ်ရှားမှု မြင့်တက်လာသည့် မတ်လအတွင်း ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်စက်ရုံအလုပ်ရုံ၊ အဆောက်အဦ ၃၀ ကျော် တိုက်ခိုက်ဖျက်ဆီးခံရပြီး ဒေါ်လာသန်း ၃၀ ကျော်ခန့် ဆုံးရှုံးသည်ဟုသိရ၏။ တရုတ်ဆန့်ကျင်ရေး အာဘော်များ မြင့်တက်လာသည်။
တရုတ်သည် စစ်အစိုးရကို ကျောထောက်နောက်ခံပြုသည်ဟု ယူဆသည့်အခြေခံပေါ်မှ ပေါ်ထွက်လာခြင်း ဖြစ်၏။ သို့သော်လည်း နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအား စာပို့ခြင်းနှင့် တရုတ်သံတမန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် တောင်းဆိုသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည့်နောက်တွင် တရုတ်ဆန့်ကျင်ရေးလှိုင်း ပြန်လည် လျော့ကျသွားခဲ့သည်။
တဘက်ကလည်း တရုတ်တို့သည် မြန်မာပြည်တွင်း ပြင်းထန်သည့် လူထုလှုပ်ရှားမှုအတွင်း တရုတ်ဆန့်ကျင်ရေးလှိုင်းကို သတိထား ကိုင်တွယ်နေပုံရသည် ဟုယူဆရ၏။
သို့သော် ၂၀၂၂ နှစ်၊ မတ်လအတွင်း တရုတ်အစိုးရက မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးကို တရုတ်ပြည်သို့ ဖိတ်ခေါ်၍ ဆွေးနွေးသည့်အခါတွင် တရုတ်ဆန့်ကျင်ရေးလှိုင်း ပြန်လည် ခေါင်းထောင်ထလာသည်ကို တွေ့ရသည်။ တရုတ်တို့ကလည်း ထိုသတင်းကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းများတွင် ဖော်ပြသော်လည်း မြန်မာဘာသာဖြင့် ထုတ်ဝေသည့် တရုတ် ဆင်ဟွာသတင်းတွင် ဖော်ပြခြင်းမပြုသည်ကို တွေ့ရ၏။
သို့သော်လည်း ထိုသတင်းသည် မြန်မာပြည်တဝှမ်း အလျင်အမြန် ပျံ့နှံသွားပြီး အားလုံးက မေးခွန်းထုတ်လာသည်။ အကြောင်းမှာ အာဆီယံတွင်လည်းကောင်း၊ ကုလသမဂ္ဂတွင်လည်းကောင်း ဖယ်ကျဉ်ခံထားရသည့် မြန်မာစစ်အစိုးကို တရုတ်အစိုးရမှ တရားဝင်တွေ့ဆုံခြင်းသည် မြန်မာစစ်အစိုးရအား တရားဝင် အသိအမှတ်ပြုခြင်း၊ ထောက်ခံခြင်းကို ဖော်ပြရာရောက်၍ ဖြစ်၏။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က တရားဝင် စာထုတ်၍ ကန့်ကွက်သည်ကို တွေ့ရသကဲ့သို့ လူထုကြားတွင်လည်း တရုတ်ကွန်မြူနစ်တို့အား ဝေဖန်ဆန့်ကျင်ပြောဆိုမှုများ ပြန်လည် အစပြုလာပြန်တော့သည်။
ထို့ကြောင့်လည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က တရားဝင် စာထုတ်၍ ကန့်ကွက်သည်ကို တွေ့ရသကဲ့သို့ လူထုကြားတွင်လည်း တရုတ်ကွန်မြူနစ်တို့အား ဝေဖန်ဆန့်ကျင်ပြောဆိုမှုများ ပြန်လည် အစပြုလာပြန်တော့သည်။
ဤတွေ့ဆုံမှုနှင့် ပတ်သက်၍ ကောက်ချက်အမျိုးမျိုးကို တွေ့ရ၏။ ပထမအချက်မှာ လက်ရှိ မြန်မာပြည်တွင်း ပဋိပက္ခတွင် မြန်မာစစ်တပ်က အခြေအနေကို ထိမ်းသိမ်းနိုင်မည်၊ အသာစီးရမည်ဟု ယူဆ၍ တွေ့ဆုံခြင်းဖြစ်သလော ဟူ၍ဖြစ်၏။
ဒုတိယအချက်မှာ တရုတ်တို့၏ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ခြေလှမ်းနှင့် မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် စတင်လို၍လော ဟူ၍ဖြစ်၏။ တတိယအချက်မှာ နိုင်ငံခြားငွေကြေးအဖြစ် အမေရိကန် ဒေါ်လာအစား တရုတ်ယွမ်ငွေကို အစားထိုး အသုံးပြုရန် သွေးဆောင်လို၍လော ဟူ၍ဖြစ်သည်။
စတုတ္ထအချက်မှာ ရုရှား-ယူကရိန်းစစ်ပွဲ၏ အကျိုးဆက် ကျယ်ပြန့်လာနိုင်သည့် အခြေအနေမျိုးတွင် ကမ္ဘာ့ အခင်းအကျင်းသစ်အတွက် ပြင်ဆင်ခြင်းလော ဟူ၍ဖြစ်၏။
ပထမအချက်နှင့်ပတ်သက်၍ လက်ရှိမြန်မာပြည်တွင်း ပဋိပက္ခတွင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ အင်အား တသိန်းကျော်အပြင် PDF နှင့် လက်နက်ကိုင် ခုခံတော်လှန်သူများ ထပ်တိုးလာ၍ စစ်အစိုးရအား တိုက်ပွဲဝင်နေသူ နှစ်သိန်းခန့် ရှိနေသည်။ ထို့ပြင် ယခင် ပြည်နယ်အချို့တွင်သာ အကန့်အသတ်နှင့် ဖြစ်နေသော စစ်ပွဲမှာလည်း တပြည်လုံး အနှံ့အပြားတွင် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေ၏။
စစ်အစိုးရသည် တပြည်လုံးရှိ ခုခံတော်လှန်သူများအား အနိုင်ရရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ဆိုသည်ကို တရုတ်ကွန်မြူနစ်တို့ မသိစရာအကြောင်း မရှိပေ။ သို့သော် တိုင်းရင်းသား လက်နက်ကိုင်များအပါအဝင် ခုခံတော်လှန်သူ အင်အားစုအားလုံးကို တစည်းတလုံးတည်း စည်းရုံးပြီး ဦးဆောင်တိုက်ပွဲဝင်နိုင်သည့် ခေါင်းဆောင် သို့မဟုတ် အဖွဲ့အစည်း မရှိသေးပေ။
မြန်မာစစ်တပ်သည် လက်နက်အင်အား၊ ဘဏ္ဌာအင်အား သာလွန်သော်လည်း မြန်မာစစ်သမိုင်းတလျှောက် စွမ်းဆောင်ရည် အနိမ့်ဆုံးအချိန် ဖြစ်နေသည်။ သို့ဖြစ်ရာ စစ်အစိုးရသည် တပြည်လုံးရှိ ခုခံတော်လှန်သူများအား အနိုင်ရရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ဆိုသည်ကို တရုတ်ကွန်မြူနစ်တို့ မသိစရာအကြောင်း မရှိပေ။ သို့သော် တိုင်းရင်းသား လက်နက်ကိုင်များအပါအဝင် ခုခံတော်လှန်သူ အင်အားစုအားလုံးကို တစည်းတလုံးတည်း စည်းရုံးပြီး ဦးဆောင်တိုက်ပွဲဝင်နိုင်သည့် ခေါင်းဆောင် သို့မဟုတ် အဖွဲ့အစည်း မရှိသေးပေ။
NUG ကလည်း ကြိုးစားနေဆဲ ကာလသာဖြစ်သည်။ သို့ဖြစ်ရာ စစ်အစိုးရကို ဆန့်ကျင်သူများဘက်ကလည်း တစည်းတလုံးတည်းနှင့် အောင်ပွဲခံရန် ခက်ခဲသည်ဟု တရုတ်တို့ ရှုမြင်ပုံရ၏။
ဒုတိယအချက်အနေနှင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး မကြာခင် ဧရာဝတီတိုင်းမှ ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ မီးလင်းချိုင့်စီမံကိန်းကို တရုတ်တို့အား ခွင့်ပြုပေးသည့်အပြင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် တရုတ်တို့အား လမ်းဖွင့်ပေးခဲ့သော်လည်း ယခုအထိ တရုတ်တို့ဘက်မှ မည်သည့်ခြေလှမ်းမျှ စတင်သည်ကို မတွေ့ရပေ။
ထို့ကြောင့် လက်ရှိကာလတွင် တရုတ်ကွန်မြူနစ်တို့နှင့် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးအား တွေ့ဆုံခြင်းသည် တတိယနှင့် စတုတ္ထအချက်ဖြစ်သည့် တရုတ်ယွမ်ငွေကို အရံငွေကြေးအဖြစ် အသုံးပြုရေးနှင့် ယူကရိန်း-ရုရှားစစ်ပွဲမှ ဖြစ်လာနိုင်သည့် ကမ္ဘာ့အခင်းအကျင်းသစ်အတွက် မြန်မာစစ်အစိုးရအား ဒီဖက်တိုအစိုးရအဖြစ် သတ်မှတ်ပြီး တွေ့ဆုံခြင်း ဖြစ်ပုံရသည်ဟု သုံးသပ်ရ၏။
တရုတ်တို့အနေနှင့် မြန်မာပြည်နှင့် ဆက်ဆံရာတွင် လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုကတည်းက စစ်အစိုးရနှင့် အစိုးရချင်း ဆက်ဆံရေးကို အဓိကထား ဆောင်ရွက်ခဲ့၏။ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယားတို့ကဲ့သို့ အာဏာရှင်အစိုးရ ဖြစ်သော်လည်း တိုင်းပြည်အား တည်ငြိမ်အောင် ထိန်းချုပ်နိုင်သော အစိုးရများနှင့် ဆက်ဆံရာတွင် ပြဿနာ မရှိသော်လည်း ၂၀၂၁ ခုနှစ်မှစ၍ အကြီးအကျယ် ပြောင်းလဲသွားပြီး ပြည်တွင်း၌ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားနေသော မြန်မာပြည်တွင် တရုတ်ကွန်မြူနစ်တို့အနေဖြင့် ဒီဖက်တိုစစ်အစိုးရကို ဆက်ဆံရုံနှင့် လုံလောက်လိမ့်မည် မဟုတ်ပေ။
မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်ပင် ထိတွေ့ဆက်ဆံမှုရှိနေသည့် တရုတ်ကွန်မြူနစ်များ အနေနှင့် ၂၀၂၁ နွေဦးတော်လှန်ရေး နှင့်အတူ ပေါက်ကွဲထွက်လာသော တော်လှန်ရေး အင်အားစုများကို မျက်ကွယ်ပြု၍ မရနိုင်ပေ။
မည်သို့သော ကမ္ဘာ့အခင်းအကျင်းသစ် ပြောင်းသည်ဖြစ်စေ မြန်မာပြည်လူထုအများစု ထောက်ခံမှုရရှိထားသည့် ခုခံတော်လှန်ရေး အင်အားစုများကို မျက်ကွယ်ပြု၍ မရနိုင်ပေ။ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်ပင် ထိတွေ့ဆက်ဆံမှုရှိနေသည့် တရုတ်ကွန်မြူနစ်များ အနေနှင့် ၂၀၂၁ နွေဦးတော်လှန်ရေး နှင့်အတူ ပေါက်ကွဲထွက်လာသော တော်လှန်ရေး အင်အားစုများကို မျက်ကွယ်ပြု၍ မရနိုင်ပေ။
တိန်အန်မင် ရင်ပြင်တွင် ယဉ်ကျေးမှု တော်လှန်ရေးကာလက “ကမ္ဘာ့ပစ္စည်းမဲ့များနှင့် အဖိနှိပ်ခံပြည်သူများ သွေးစည်းညီညွတ်ကြ” ဟူသည့် စာလုံးကြီးပိုစတာတခု ချိတ်ဆွဲထားခဲ့ဖူးသည်။ ယဉ်ကျေးမှုတော်လှန်ရေး အလွန်တွင် “ကမ္ဘာ့ပြည်သူများ သွေးစည်းညီညွတ်မှု အဓွန့်ရှည်ပါစေ” ဟု ပြောင်းလဲ ချိတ်ဆွဲရာမှ ယနေ့တိုင် ချိတ်ဆွဲထားဆဲဖြစ်၏။
တရုတ်ကွန်မြူနစ်များအနေနှင့် တိန်အန်မင် ရင်ပြင်ပေါ်ရှိ ကြွေးကြော်သံအတိုင်း မြန်မာပြည်သူတို့ကို မျက်နှာမူရန် လိုအပ်ပေသည်။ လက်ရှိ စစ်အုပ်စုအား မြန်မာလူထုက ကြည့်မြင်ပုံမှာ တရုတ်တို့က ချန်ကေရှိတ်ကို မြင်သကဲ့သို့ပင်ဖြစ်၏။ မြန်မာစစ်အစိုးရသည် မြန်မာတိုင်းရင်းသား လူမျိုးပေါင်းစုံလူထုအတွက် “မြန်မာ ချန်ကေရှိတ်” ဖြစ်သည်။ မြန်မာ ချန်ကေရှိတ်ကို မြန်မာလူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်သကဲ့သို့ လက်တွေ့တွင် သူသေကိုယ်သေလည်း တိုက်ပွဲဝင်နေကြသည်ကို တွေ့မြင်နိုင်၏။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမီ ကာလနှင့် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကာလသည် လွန်စွာ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။ မည်သည့် အကြောင်းပြချက်နှင့်ဖြစ်စေ မြန်မာစစ်အစိုးရအား ဒီဖက်တိုအစိုးရအဖြစ် အသိမှတ်ပြု၍ မလွှဲမရှောင်သာ ဆက်ဆံရသည်ဆိုရသော်လည်း မြန်မာပြည်သူများနှင့် ပြည်သူများက အသိမှတ်ပြုထားသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများအားလည်း အသိမှတ်ပြု ဆက်ဆံရန်လို၏။
တရုတ်ကွန်မြူနစ်နှင့် တရုတ်ပြည်သူများက တရုတ်ချန်ကေရှိတ်အားလည်းကောင်း၊ ချန်ကေရှိတ်အား ကျောက်ထောက်နောက်ခံပြုသူ အမေရိကန်အားလည်းကောင်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသကဲ့သို့ မြန်မာတော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူများသည်လည်း မြန်မာစစ်အစိုးရ (သို့မဟုတ်) မြန်မာ ချန်ကေရှိတ်နှင့် မြန်မာ ချန်ကေရှိတ်အား ထောက်ခံပံ့ပိုးသူများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်မည်ကို တရုတ်ကွန်မြူနစ်တို့ ကောင်းစွာကြည့်မြင်ရန်လိုသည်။
တရုတ်ကွန်မြူနစ်တို့အတွက် အကြောင်းပြချက်ကောင်းတခု ဖြစ်နိုင်သည်မှာ မြန်မာတော်လှန်ရေး တပ်ဖွဲ့များမှာ အကွဲကွဲအပြားပြား ဖြစ်နေသည်။ တစုတစည်းတည်း မရှိ။ အားလုံးကို ကိုယ်စားပြုနိုင်သူမရှိ ဟူသောအချက် ဖြစ်နိုင်၏။
တရုတ်ကွန်မြူနစ်တို့အတွက် အကြောင်းပြချက်ကောင်းတခု ဖြစ်နိုင်သည်မှာ မြန်မာတော်လှန်ရေး တပ်ဖွဲ့များမှာ အကွဲကွဲအပြားပြား ဖြစ်နေသည်။ တစုတစည်းတည်း မရှိ။ အားလုံးကို ကိုယ်စားပြုနိုင်သူမရှိ ဟူသောအချက် ဖြစ်နိုင်၏။
သို့သော် ပြီးခဲ့သော တနှစ်ကျော်ကာလအတွင်း မြန်မာပြည်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ အသီးသီးအနေဖြင့် ရနိုင်သမျှ စုစည်းနိုင်ရန် ကြိုးစားနေခြင်းကိုလည်းကောင်း၊ အဖွဲ့အသီးသီး၏ ပူးပေါင်းမှုသည် ဖက်ဒရယ်ဆန်သော စုပေါင်းခေါင်းဆောင်မှုတရပ် ဖြစ်လာနိုင်သည်ကိုလည်းကောင်း၊ လက်ရှိမြန်မာလူထု၏ လက်နက်ကိုင် တိုက်ပွဲသည် လာမည့်ကာလများအတွင်း ပို၍အရှိန်မြင့်လာမည်မှာ သေချာသလောက် ဖြစ်နေသည်ကိုလည်းကောင်း ကြည့်မြင်ရန် လိုပါသည်။
ထို့ပြင် မြန်မာပြည်တွင် ဗဟိုမှ ချုပ်ကိုင်မှုကြီးသော စစ်အာဏာရှင် စနစ်ကို လက်မခံနိုင်၍ တော်လှန်နေကြသည်ဖြစ်ရာ နောက်ထပ် ဗဟိုချုပ်ကိုင်မှုကြီးသည့် စနစ်တရပ်ကို အလိုမရှိကြတော့ပေ။ ဖက်ဒရယ်ကို အခြေခံသည့် ဒေသအလိုက်၊ လူမျိုးအလိုက် လွတ်လပ်ခွင့်ရှိသော စုပေါင်းခေါင်းဆောင်မှု တရပ်ကိုသာ လိုလားနေကြသည်။
မြန်မာပြည်တွင် ဗဟိုက အကြွင်းမဲ့ချုပ်ကိုင်သည့် စနစ်တရပ် သို့မဟုတ် အစုအဖွဲ့တခု ပေါ်ပေါက်လာမည့် အခြေအနေအား မမျှော်လင့်သင့်တော့ပေ။ သို့ဖြစ်ရာ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်ကိုင် ၇ ဖွဲ့အား တဖွဲ့ချင်းကို ချိတ်ဆက် ဆက်ဆံမှုပြုသော တရုတ်ကွန်မြူနစ်တို့ အနေနှင့် ၂၀၂၁ ခုနှစ် နွေဦးတော် လှန်ရေးတွင် ပေါ်ပေါက်လာသော လူထုကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့များအား ကိုယ်စားပြုသည့် NUG အပါအဝင် အရေးပါသော အဖွဲ့အစည်းများအား မျက်နှာမူရန် လိုအပ်ပေသည်။ မြန်မာပြည်လူထုနှင့် လူထုတိုက်ပွဲကို အမှန်တကယ်ကိုယ်စားပြုသူများကို တရုတ်တို့ မျက်နှာမူရန် လိုအပ်၏။
၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု မြန်မာစစ်အစိုးရက ကြေညာထားသည်ဖြစ်ရာ ထိုရွေးကောက်ပွဲသည် မြန်မာပြည်အတွက် နိုင်ငံရေးထွက်ပေါက် ဖြစ်နိုင်မလားဟု တရုတ်တို့ မျှော်ကြည့်နေပုံရ၏။ ယခုရက်ပိုင်း တရုတ်သံအမတ်က ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပြီး စူးစမ်းနေသည်ကို တွေ့ရသည်။
သို့သော် လူထုက ပြင်းထန်စွာ ဆန့်ကျင်နေသည့် လက်ရှိကာလတွင် ၂၀၂၃ ရွေးကောက်ပွဲသည် နိုင်ငံရေးထွက်ပေါက် မဖြစ်နိုင်ပေ။ အကြောင်းမှာ မြန်မာစစ်အစိုးရက ဒီမိုကရက်တစ် ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ ၁ သောင်းကျော်ကို ဖမ်းဆီးနှိပ်ကွပ်နေပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရန် ငြင်းပယ်ထား၍ ဖြစ်၏။
ဤသို့သော အခြေအနေအောက်တွင် ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့သည်ရှိသော် ၎င်းရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ပင် နိုင်ငံရေးထွက်ပေါက် ဖြစ်လာနိုင်ဖွယ် မရှိပေ။ မြန်မာပြည်တွင်းရှိ ဖမ်းဆီးခံထားသူ အားလုံးကို အကြွင်းမဲ့ လွှတ်ပေးပြီး မြန်မာနိုင်ငံရေးတွင် အရေးပါသည့် နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များ အားလုံးပါသည့် တွေ့ဆုံညှိနှိုင်းရေးသည်သာ နိုင်ငံရေးထွက်ပေါက် ဖြစ်နိုင်ချေရှိသော်လည်း မြန်မာစစ်အစိုးရက ငြင်းပယ်ထားသဖြင့် မြန်မာပြည်နိုင်ငံရေး ထွက်ပေါက်ပိတ်နေသည်ကို တရုတ်ကွန်မြူနစ်တို့ သတိပြုရန် လိုပေသည်။
မြန်မာ ချန်ကေရှိတ်အား မြန်မာလူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ပွဲဝင်နေပြီး မြန်မာ ချန်ကေရှိတ်ကို ပံ့ပိုးမှုပေးသည့် နိုင်ငံများကို တူးတူးခါးခါး မုန်းသည်ကို တရုတ်ကွန်မြူနစ်များ အနေဖြင့် မိမိတို့ ဖြတ်သန်းခဲ့ဖူးသည့် အချိန်ကာလများနှင့် ချိန်ထိုးပြီး ကြည့်မြင်နားလည်ရန် လိုအပ်၏။ ကိုယ်ချင်းစာရန် လိုအပ်၏။
တရုတ်အတွက် မြန်မာသည် သေနင်္ဂဗျူဟာအရ အရေးပါသော နိုင်ငံတနိုင်ငံ ဖြစ်၏။ အလားတူပင် တရုတ်သည်လည်း မြန်မာအတွက် အရေးပါသည့် အိမ်နီးချင်း နိုင်ငံကြီးတခု ဖြစ်ပါသည်။ မြန်မာ ချန်ကေရှိတ်အား မြန်မာလူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ပွဲဝင်နေပြီး မြန်မာ ချန်ကေရှိတ်ကို ပံ့ပိုးမှုပေးသည့် နိုင်ငံများကို တူးတူးခါးခါး မုန်းသည်ကို တရုတ်ကွန်မြူနစ်များ အနေဖြင့် မိမိတို့ ဖြတ်သန်းခဲ့ဖူးသည့် အချိန်ကာလများနှင့် ချိန်ထိုးပြီး ကြည့်မြင်နားလည်ရန် လိုအပ်၏။ ကိုယ်ချင်းစာရန် လိုအပ်၏။
မြန်မာနိုင်တွင်း မလိုလားအပ်သည့် တရုတ်ဆန့်ကျင်ရေးလှိုင်းများ ပေါ်လာခြင်း၊ တရုတ် -မြန်မာ ဆက်ဆံရေး အေးခဲသွားနိုင်သည့် အခြေအနေရှိခြင်းတို့အား အမျှော်အမြင်ကြီးစွာ ကြည့်မြင်သုံးသပ်ကြရန် လိုပါသည်။
တဖက်ကလည်း နွေဦးတော်လှန်ရေး ကာလအတွင်း ပေါ်ပေါက်ခဲ့သည့် Milk Tea Alliance ကဲ့သို့သော လှုပ်ရှားမှုတွင် ဟောင်ကောင်၊ ထိုင်ဝမ်တို့နှင့်တွဲ၍ လှုပ်ရှားခဲ့ရာ ဟောင်ကောင်၊ ထိုင်ဝမ်အရေးသည် တရုတ်အတွက် အကဲဆတ်သော ကိစ္စရပ်ဖြစ်သည်ကို မြန်မာ တော်လှန်ရေးသမားများဘက်ကလည်း သတိပြုရန် လိုအပ်သည်။ သို့သော်လည်း မြန်မာ ချန်ကေရှိတ်နှင့် ပတ်သက်၍ တရုတ်ကွန်မြူနစ်တို့ သဘောထားက ပို၍အရေးကြီးပေလိမ့်မည်။
(သက်ထားမောင်သည် နိုင်ငံတကာအရေး လေ့လာသူတဦး ဖြစ်သည်)
You may also like these stories :
ယူကရိန်းစစ်ပွဲကြောင့် တရုတ်က စစ်ကောင်စီကို ဘက်ပြောင်းထောက်ခံ
အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဂျိုးဘိုင်ဒင် ဧည့်ခံမည်
ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့
ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်
အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ရန် ဒေါ်စုစုလွင် ငြင်းဆို