• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ယူကရိန်းစစ်ပွဲကြောင့် တရုတ်က စစ်ကောင်စီကို ဘက်ပြောင်းထောက်ခံ

by Jason Tower
19 April 2022
in ဆောင်းပါး
A A
သမ္မတ ဗလာဒီမာ ပူတင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ကို ၂၀၁၂ ခုနှစ်၊ မေလက တရုတ်နိုင်ငံ၊ ရှန်ဟိုင်းတွင် တွေ့ရစဉ်  / The New York Times

သမ္မတ ဗလာဒီမာ ပူတင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ကို ၂၀၁၂ ခုနှစ်၊ မေလက တရုတ်နိုင်ငံ၊ ရှန်ဟိုင်းတွင် တွေ့ရစဉ် / The New York Times

15.6k
VIEWS
Share on FacebookShare on Twitter

မြန်မာဒီမိုကရက်တစ် အတိုက်အခံများနှင့် တနှစ်ကြာမျှ စမ်းသပ်ဆက်ဆံပြီးနောက် တရုတ်နိုင်ငံသည် ၎င်းတို့၏ လောင်ကြေးကို ကာကွယ်ထား၊ ဟန်ဆောင်ထားသည်များ စွန့်လွှတ်လိုက်ပြီး စစ်ကောင်စီကို ထောက်ခံမှု အရှိန်အဟုန် မြှင့်တင်လိုက်သည်။

ဘေဂျင်းသည် ၎င်း၏ ထိုအဆုံးအဖြတ်ကျသော စီးပွားရေးနှင့် နိုင်ငံရေး လုပ်ဆောင်မှုကို ယူကရိန်း အကျပ်အတည်းကြောင့် တစိတ်တပိုင်းအားဖြင့် လုပ်ဆောင်ရခြင်းဖြစ်ပြီး ယူကရိန်းတွင် မော်စကို၏ အကျပ်အတည်းများအပြီး စစ်ကောင်စီအပေါ် ရုရှား၏ ထောက်ခံမှု လျော့နည်းသွားမည်ဖြစ်ပြီး ထိုလစ်ဟာသွားသောနေရာတွင် ဘေဂျင်းက ဝင်ရောက်ရန် လိုသည့်သဘော အရိပ်အမြွက် ဖော်ပြသည်။

မြန်မာစစ်အာဏာရှင်စနစ်ကို တရားဝင်အောင် လုပ်ဆောင်ရေး တရုတ်၏ ဦးဆောင်မှုနောက် လိုက်ရန် အရှေ့တောင်အာရှ နိုင်ငံများကို တရုတ်က ပိုမိုဖိအားပေးလာခြင်းနှင့်အတူ ဒေသတွင်းမှ နိုင်ငံများအားလုံးနှင့် ထိုဒေသတွင် အကျိုးစီးပွားရှိသူများသည် မြန်မာသေနင်္ဂဗျူဟာနှင့် ပတ်သက်ပြီး ပြန်လည် စဉ်းစားသုံးသပ်ရမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏မူဝါဒ ရုတ်တရက် ပြောင်းလဲခြင်းသည် မြန်မာနိုင်ငံတွင်းတွင် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကို အရှိန်မြှင့်တင်ပေးလိုက်မည်မှာ သေချာသည်။ လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံရသော လွှတ်တော်ကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းထူထောင်ထားသော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က တရုတ်နိုင်ငံ၏ လုပ်ရပ်သည် မြန်မာပြည်သူများအပေါ် လွန်စွာ မလေးစားရာရောက်ပြီး စော်ကားလိုက်ခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချသည်။

တရုတ်က အင်ဒို-ပစိဖိတ်ဒေသ အချက်အခြာတွင် တည်ရှိသော မြန်မာမှ လူမျိုးတုံးသတ်ဖြတ်သည့် စစ်ကောင်စီကို ထောက်ခံမှု တိုးမြှင့်လိုက်ခြင်းသည် အမေရိကန်ပြည်ထောင်စုက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အင်ဒို-ပစိဖိတ် သေနင်္ဂဗျူဟာတွင် ဖော်ပြထားသည့် ဒေသတွင်း ရေရှည် ကတိကဝတ်များကို တိုက်ရိုက် ခြိမ်းခြောက်မှု ဖြစ်သည်

တရုတ်က အင်ဒို-ပစိဖိတ်ဒေသ အချက်အခြာတွင် တည်ရှိသော မြန်မာမှ လူမျိုးတုံးသတ်ဖြတ်သည့် စစ်ကောင်စီကို ထောက်ခံမှု တိုးမြှင့်လိုက်ခြင်းသည် အမေရိကန်ပြည်ထောင်စုက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အင်ဒို-ပစိဖိတ် သေနင်္ဂဗျူဟာတွင် ဖော်ပြထားသည့် ဒေသတွင်း ရေရှည် ကတိကဝတ်များကို တိုက်ရိုက် ခြိမ်းခြောက်မှု ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့်မူ စစ်ကောင်စီနှင့် ဗြောင်ကျကျ ပူးပေါင်းဆောင်ရွက်ခြင်းသည် ဒေါ်လာဘီလီယံ ဆယ်ပေါင်းများစွာရှိသော မြန်မာမှ သေနင်္ဂဗျူဟာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို အလျင်အမြန် အားမြှင့် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

မြန်မာပြည်သူများနှင့် တရုတ်အကြား ချစ်ကြည်ရင်းနှီးမှု နိဂုံးချုပ်မည်လား

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို တရုတ်က ကနဦးတုံ့ပြန်မှုမှာ မည်သည့်ဖြစ်ရပ်မျှ ဖြစ်ပွားခြင်း မရှိသကဲ့သို့ ဟန်ဆောင်နေရန် ဖြစ်သည်။ တရုတ်က ထိုစစ်အာဏာသိမ်းမှုကို အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ ဖြစ်သည်ဟု ဖော်ပြသော်လည်း လွန်ခဲ့သော မတ်လက ရန်ကုန်ရှိ တရုတ်စက်ရုံများနှင့် စီးပွားရေး လုပ်ငန်းများကို တိုက်ခိုက်မှုသည် အကျပ်အတည်း ဖြစ်စေခဲ့သည်။

စစ်ကောင်စီကို အခိုင်အမာ ထောက်ခံမှု ပြသခြင်းသည် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များအား ပိုမို မီးမွှေးပေးလိုက်မည်ကို တရုတ်အရာရှိများ စိုးရိမ်ကြသည်။ အခြေအနေ အေးချမ်းသွားစေရန်အတွက် ဘေဂျင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ချစ်ကြည်ရင်းနှီးမှုကို အလေးထားသည့် သတိကြီးသော မူဝါဒဆိုင်ရာ ကြေညာချက်တစောင်ကို ဖန်တီးပြီး တရုတ်-မြန်မာ ဆက်ဆံရေးသည် မြန်မာပြည်သူ အားလုံးအတွက် တံခါးဖွင့်ထားကြောင်း အလေးထား ပြောသည်။

နောက်လများတွင်မူ တရုတ်သံရုံးသည် NUG အစိုးရနှင့် လျှို့ဝှက်ဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့်ပြီး တရုတ်ကွန်မြူနစ်ပါတီကလည်း NLD နှင့် ဆက်ဆံရေးကို ပြန်လည်အသက်သွင်းကာ တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံရေးပါတီများ ဗီဒီယို ဆွေးနွေးပွဲသို့ တက်ရောက်ရန် NLD ခေါင်းဆောင်များကို ဖိတ်ကြားသည်။

တရုတ်အစိုးရသည် မြန်မာနိုင်ငံမှ စီးပွားရေးလှုပ်ရှားမှုများကို အမြန်နှုန်းလျှော့ချလိုက်ပြီး နိုင်ငံပိုင် လုပ်ငန်းများအတွက် ချေးငွေများကိုပင် ရပ်ဆိုင်းထားကာ သက်ဆိုင်သူ အားလုံးအနေဖြင့် တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ လုံခြုံရေးကို ပိုမိုဂရုစိုက်ရန် သတိပေးသည်။

ထိုသို့သော လမ်းကြောင်းဖွင့်ထားခြင်းနှင့် ကာကွယ်ထားခြင်းများ ရှိသော်လည်း တရုတ်မူဝါဒ ချမှတ်သူများက အတိုက်အခံများသည် အောင်ပွဲရနိုင်ခြေမရှိသလို တရုတ်အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်ဟု မြင်လာပြီး မြန်မာမှ ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ရန် တရုတ်နှင့်ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရေး သေနင်္ဂဗျူဟာဘက်သို့ ယိမ်းလာကြသည်။

တရုတ်၏ ထိုနိုင်ငံရေး ရည်မှန်းချက်များမှာ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား ထောက်ခံမှုကို တန်ပြန်ရေး၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ မြန်မာတွင် ပိုမိုနက်ရှိုင်းစွာ ပါဝင်ပတ်သက်လာခြင်းကို တားဆီးရေးနှင့် အတိုက်အခံ ဒီမိုကရက်တစ်များ အင်အားချိနဲ့စေရန် စစ်ကောင်စီကို ထောက်ခံရေးတို့ ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလသို့ ရောက်သောအခါ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) သည် ASEAN-တရုတ် ဆွေးနွေးဘက် ဆက်ဆံရေးနှစ် ၃၀ ပြည့် အထိမ်းအမှတ် အထူးထိပ်သီးဆွေးနွေးပွဲတွင် မြန်မာပါဝင်ခြင်းကို ပိတ်ဆို့ကာ စစ်ကောင်စီ၏ တရားဝင်မှုနှင့် တရုတ်၏ ဒေသတွင်း သြဇာကို စိန်ခေါ်နေကြောင်း အထိတ်တလန့် သိရှိသွားသည်။

တရုတ်နိုင်ငံက ထုတ်ပြန်သည့် တရားဝင်ကြေညာချက်များ အားလုံးတွင် NLD ကို ရည်ညွှန်းကိုးကား ပြောဆိုမှုအားလုံး ကွယ်ပျောက်သွားပြီး တရုတ်သည် စစ်ကောင်စီနှင့် အလုပ်သဘော ဆောင်ရွက်မှုများ အားလုံးကို ပြန်လည် စတင်လိုက်သည်။ ထိုအစည်းအဝေးတွင် စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ခွင့်ရအောင် အဓိကကျသည့် ASEAN နိုင်ငံများကို ဖျောင်းဖျ ပြောဆိုနိုင်ခြင်း မရှိသောကြောင့် တရုတ်သံအမတ်က စစ်ကောင်စီကို တောင်းပန်စေရန် အထိပင် တရုတ်ဘက်က ဖြစ်ခဲ့သည်။

ASEAN ဥက္ကဋ္ဌရာထူးကို ဘရူနိုင်းက ကမ္ဘောဒီးယားသို့ လွှဲပြောင်း ပေးအပ်လိုက်သောအခါ စစ်ကောင်စီ၏ အနေအထားကို ပိုမိုခိုင်မာအောင် လုပ်ပေးရန် တရုတ်အတွက် အခွင့်အလမ်းသစ် ရသွားသည်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် မြန်မာသို့ သွားရောက်အောင် ဘေဂျင်းက အားပေးပြီး ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက်နှင့် စစ်ကောင်စီ၏ လမ်းပြမြေပုံ ၅ ချက်အကြား ချိတ်ဆက်နိုင်အောင် ကမ္ဘောဒီးယားကို လူသိရှင်ကြား တွန်းအားပေးသည်။

ASEAN ၁၀ နိုင်ငံ၏ ဘုံသဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် မြန်မာ အကျပ်အတည်းအတွက် နိုင်ငံရေးအဖြေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးတို့ ပါဝင်သည်။ စစ်ကောင်စီ၏ လမ်းပြမြေပုံမှာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမတိုင်မီ လိမ်လည်သော ရွေးကောက်ပွဲမှတဆင့် စစ်ကောင်စီ လက်ဝေခံ ပါတီသို့ အာဏာလွှဲပြောင်းပေးရေး ဖြစ်သည်။

အာရှတလွှား တရုတ်၏ လွန်းထိုးနေသော သံတမန်ရေး လှုပ်ရှားမှုများ ပါဝင်သော အားထုတ်မှုများသည် အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူအပါအဝင် အဓိက ASEAN နိုင်ငံများ၏ အမြင်ကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ

အာရှတလွှား တရုတ်၏ လွန်းထိုးနေသော သံတမန်ရေး လှုပ်ရှားမှုများ ပါဝင်သော အားထုတ်မှုများသည် အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူအပါအဝင် အဓိက ASEAN နိုင်ငံများ၏ အမြင်ကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ယူကရိန်း ကျူးကျော်မှု မစတင်မီ အချိန်အနည်းငယ်အလိုတွင် တရုတ်သည် ၎င်း၏ မြန်မာဆိုင်ရာမူဝါဒကို ပြန်လည်စဉ်းစားသုံးသပ်နေပြီ ဖြစ်သည်။

မတ်လနှောင်းပိုင်းသို့ ရောက်သောအခါ တရုတ်နိုင်ငံသည် ရုရှားက စစ်ကောင်စီကို နိုင်ငံရေးနှင့် စစ်ရေး ထောက်ခံမှုပေးနိုင်ခြင်း စွမ်းရည် သိသိသာသာ လျော့နည်းသွားသည်ကို စတင်တွေ့ရှိသည်။ ထိုလစ်ဟာသွားသော နေရာသို့ တရုတ်အစိုးရ ဝင်ရောက်လာပြီး ASEAN နိုင်ငံခြားရေးဝန်ကြီး ၃ ဦးနှင့် မြန်မာစစ်ကောင်စီ၏ သံတမန်ရေး ကိုင်တွယ်သူ ဦးဝဏ္ဏမောင်လွင်ကို တရုတ်သို့ ဖိတ်ခေါ်ပြီး ယူကရိန်းစစ်ပွဲကြောင့် အရှေ့တောင် အာရှအပေါ် ဖြစ်စေသည့် ဆိုးကျိုးများ အပါအဝင် နှစ်ဘက်ဆွေးနွေးမှုများ ပြုလုပ်သည်။

နောက်ဆုံး ဧပြီလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံ အန်ဟွေးပြည်နယ်တွင် ဦးဝဏ္ဏမောင်လွင်ကို တခမ်းတနား တွေ့ဆုံသည်။ ထိုနောက် တရုတ်အစိုးရပိုင် ဆင်ဝှာသတင်းဌာနက စစ်ကောင်စီ၏ သံတမန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တန်းတူအဆင့်အဖြစ် ရည်ညွှန်းသုံးစွဲပြီး အခြေအနေ မည်မျှ ပြောင်းလဲနေသည်ဖြစ်စေ တရုတ်သည် စစ်ကောင်စီကို ထောက်ခံမည်ဖြစ်ကြောင်း မစ္စတာ ဝမ်ယိက ဦးဝဏ္ဏမောင်လွင်ကို ပြောကြားလိုက်ကြောင်း အလေးထားဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ

စစ်ကောင်စီအပေါ် တရုတ်၏ ထောက်ခံမှု အကြီးအကျယ် တိုးလာကြောင်း နှစ်ဘက်စလုံးက ဖော်ပြသည်။ ဘဏ္ဍာရေးအကူအညီ ဒေါ်လာ သန်း ၁၀၀ ကျော် ပေးသည်။ တရုတ်တွင် မြန်မာကောင်စစ်ဝန်ရုံးသစ် ဖွင့်ခွင့်ပေးသည်။ အရေးယူပိတ်ဆို့မှုများကို ပူးတွဲဆန့်ကျင်ရန် ကတိပြုသည်။

တရုတ်၏ ရပ်ဝန်းနှင့်လမ်းမ အစီအစဉ်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြုပြီး လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို စစ်ကောင်စီက အိမ်ရှင်အဖြစ် ကျင်းပစေမည့် စီမံကိန်းများကို ကတိပြုသည်။ ထိုဖိုရမ်တွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာတို့ ပါဝင်သည်။

တရုတ်မူဝါဒသစ်၏ စီးပွားရေးမောင်းနှင်အားများ

တရုတ်နိုင်ငံ၏ နည်းလမ်းသစ်ကို အနောက်တောင်ပိုင်း ပြည်နယ်များ၏ စီးပွားရေး လိုအပ်ချက်များနှင့် တရုတ် ပုဂ္ဂလိက ငွေရင်းကွန်ရက်တို့ကလည်း မောင်းနှင်ပေးနေသည်။ တရုတ်ငွေရင်းကွန်ရက်သည် အုပ်ချုပ်ရေး အားနည်းသော နိုင်ငံများတွင် စွန့်စားလုပ်ဆောင်ရသည်ကို အရသာ တွေ့နေသည်။

တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်း ပြည်နယ်များတွင် ယူနန်ပြည်နယ်သည် ၎င်း၏စီးပွားရေး တိုးတက်မှု အဓိက မောင်းနှင်အားဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး ပြန်လည်စတင်ရန် လက်ရှိအချိန်တွင် စိတ်အားအထက်သန်ဆုံး ပြည်နယ်ဖြစ်သည်။ ယူနန်ပြည်နယ်အစိုးရသည် ယူနန် ကူးသန်းရောင်းဝယ်ရေးဌာနကို မြန်မာစစ်အုပ်စုနှင့် ရင်းနှီးသည့် ပညာရှင်တဦးအား ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ခြင်းဖြင့် အထက်ပါ အခြေအနေကို ဖော်ပြခဲ့သည်။

မြန်မာမှတဆင့် တရုတ်၏ သေနင်္ဂဗျူဟာ သဘာဝသယံဇာတ စင်္ကြံတည်ဆောက်ရေး ဗိသုကာ အများအပြားအနက် တဦးဖြစ်သူ မစ္စတာ လီချန်းယန်သည် တရုတ်နှင့် မြန်မာစစ်အုပ်စုအကြား ၂၀၀၀ ပြည့်နှစ်ဝန်းကျင် အစောပိုင်းက ဆက်ဆံရေးသည် ဒေသတွင်းတွင် အမေရိကန် သေနင်္ဂဗျူဟာ အားသာချက်များကို ထိန်းချုပ်ရေး နည်းလမ်းအဖြစ် အသုံးပြုရန် တင်ပြခဲ့သူဖြစ်သည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် စွမ်းအင်တင်သွင်းရန် မလက္ကာရေလက်ကြားကို တရုတ်က အားကိုးနေရခြင်းအား လျှော့ချနိုင်မည်ဖြစ်ကြောင်း သူကပြောသည်။ ထိုရာထူးကို မစ္စတာ လီ ရရှိပြီး မကြာမီ သူသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန် နယ်စပ်သို့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး နယ်စပ်ဖြတ်ကျော် စက်မှုဇုန်များ ပြန်လည် အသက်သွင်းရန် အဓိက မြို့ကြီးများသို့ သွားရောက်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။

တချိန်တည်းတွင် တနင်္သာရီတိုင်း ကမ်းလွန် မြိတ်မှ စစ်အုပ်စု ကျောထောက်နောက်ခံပြု စီးပွားရေးသမားနှင့် ကာစီနိုအပန်းဖြေ ကျွန်းတခု တည်ဆောက်နေသော ချုံကင်းအခြေစိုက် လျှို့ဝှက်သော စီးပွားရေး လုပ်ငန်းရှင်များကွန်ရက်သည် စစ်ကောင်စီနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် တွန်းအားဖြစ်လာသည်။

အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း South Asia Future Group စီးပွားရေးအုပ်စုသည် စစ်ကောင်စီ၏ ဝန်ကြီးဌာန အားလုံးနီးပါးသို့ သွားရောက်ပြီး နောင်တွင် လန်ချန်အစိုးရနှင့် နယ်စပ်ဖြတ်ကျော် စက်မှုဇုန် တည်ဆောက်ရေး၊ ယူနန်နှင့် ရှမ်းပြည်နယ် အကြား လမ်းပန်းဆက်သွယ်ရေး သဘောတူစာချုပ် တခုကို လက်မှတ်ရေးထိုးသည်။ ထိုကုမ္ပဏီသည် ဘေဂျင်းရှိ မြန်မာသံအမတ်နှင့် ဆက်ဆံရေး ထူထောင်ပြီး မြန်မာအခြေစိုက် တရုတ်ကုမ္ပဏီများ ကွန်ရက်နှင့်အတူ ချုံကင်းတွင် မြန်မာကောင်စစ်ဝန်ရုံးသစ် ဖွင့်လှစ်ရေးတွင် အရေးပါသော အခန်းမှ ပါဝင်သည်။

တရုတ်၏ စစ်မှန်သော ရည်မှန်းချက်များ

စစ်ကောင်စီနှင့် ဆက်ဆံရေး ခိုင်မာအောင် လုပ်နေသော်လည်း တရုတ်သည် မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် အထူးသဖြင့် သြဇာကြီးမားသော အဖွဲ့အစည်းများနှင့် အစဉ်အလာဆက်ဆံရေးကို ထိန်းသိမ်းထားပြီ မကြာခဏ ဆိုသလို တင်းကျပ်လေ့ရှိသည်။

ဘေဂျင်းက ထိုအဖွဲ့အစည်းများကို ကိုဗစ်နိုင်တင်း အကူအညီများ ပုံအောပေးပြီး ရှမ်းပြည်နယ်တွင် ပြိုင်ဘက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းကို တရုတ်နယ်စပ်အနီး အောင်မြင်စွာ စစ်ဆင်နိုင်သည့် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် အတူရပ်တည်သည်။

EAOs များကို လေးစားမှု ပြသသည့်အနေဖြင့် တရုတ်နိုင်ငံသည် ထိုအုပ်စုများ၏ ခေါင်းဆောင်ဟောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ခေါ် ကိုးကန့်စစ်တပ် တည်ထောင်သူ ဖုန်ကျားရှင်၏ ဈာပန အခမ်းအနားသို့ အဆင့်မြင့်အရာရှိတဦးကို စေလွှတ်ခဲ့သည်

EAOs များကို လေးစားမှု ပြသသည့်အနေဖြင့် တရုတ်နိုင်ငံသည် ထိုအုပ်စုများ၏ ခေါင်းဆောင်ဟောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ခေါ် ကိုးကန့်စစ်တပ် တည်ထောင်သူ ဖုန်ကျားရှင်၏ ဈာပန အခမ်းအနားသို့ အဆင့်မြင့်အရာရှိတဦးကို စေလွှတ်ခဲ့သည်။ ဖုန်ကျားရှင်သည် ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြန်မာမှ သြဇာအကြီးမားဆုံး EAOs များ ချဲ့ထွင်ရာတွင်လည်း အရေးပါသော အခန်းမှ ပါဝင်သူဖြစ်သည်။ ထိုအဖွဲ့၏ ခေါင်းဆောင်သည်လည်း ထိုဈာပန အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အကျဉ်းချုပ်အားဖြင့် ဆိုရပါက တရုတ်သည် မြန်မာမှ အင်အားအကြီးဆုံး စစ်ဘက်အုပ်စု အားလုံးအတွက် အရေးပါအောင် သူတိုကိုယ်သူတို့ လုပ်နေသည်။ စစ်ကောင်စီသည် တရုတ်ကို မှီခိုနေရပြီး တရုတ်၏ ပတ်လမ်းအတွင်းမှ လက်နက်ကောင်းစွာ တပ်ဆင်ထားသည့် EAOs များ၏ ဝိုင်းပတ်ခံထားရကာ ထိုလက်နက်ကိုင် အင်အားစုများ အားလုံးသည်လည်း စစ်ကောင်စီက ဒီမိုကရေစီလိုလားသော အင်အားစုများကို အကြမ်းဖက် နှိမ်နင်းနေချိန်တွင် သြဇာနှင့် အာဏာ တိုးပွားလာနေသည်။

ထို့ကြောင့်ပင် ထို EAOs များကလည်း စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်မှုအား ထောက်ခံကြရန် တွန်းအားအကြီးအကျယ် ဖြစ်စေပြီး အများအပြားသည် ပြည်သူ့ကာကွယ်ရေး တပ်များကို လေ့ကျင့်ပေးနေကာ အချို့က လက်နက်ပင် တပ်ဆင်ပေးနေသည်။ ထိုသို့ နည်းလမ်းပေါင်းစုံဖြင့် ပါဝင်ပတ်သက်နေသည့် ကွန်ရက်သည် တရုတ်အကျိုးစီးပွားကို ရှေ့တန်းတင်ရန် သြဇာကို ဖန်တီးပေးသည်ဟု တရုတ်ခေါင်းဆောင်များ ယုံကြည်ကြသည်။

ထိုလုပ်ရပ်သည် အန္တရာယ်များသော သေနင်္ဂဗျူဟာ ဖြစ်သည်။ သေချာသည်မှာ တရုတ်သည် EAOs များအနေဖြင့် ဒီမိုကရေစီ လိုလားသော အင်အားစုကို ထောက်ခံမှု ရပ်ဆိုင်းပြီး စစ်ကောင်စီကို အသိအမှတ်ပြုရန် ဖိအားပေးကောင်းပေးနိုင်သည်။ သို့သော် ထိုသို့လုပ်လျှင် ပြဿနာများစွာ ရှိသည်။

ပထမအချက်မှာ ထိုသို့လုပ်ခြင်းသည် လက်ရှိအကျပ်အတည်းကို အဓိက ဖြစ်သူကို မသိကျိုးကျွံပြုထားခြင်း ဖြစ်သည်။ စစ်အုပ်စုက ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ပြီး သာမန်ပြည်သူများကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ ယခုနောက်ဆုံး ဖိနှိပ်တိုက်ခိုက်မှုတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း လူပေါင်း ၆ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

ဒုတိယအချက်မှာ EAOs ထိန်းချုပ်ဒေသများသည် စစ်ကောင်စီအုပ်ချုပ်ရေးကို လုံးဝဆန့်ကျင်သော ဒေသများဖြစ်ပြီး စစ်အုပ်စုကို ထောက်ခံခြင်းသည် နောက်ဆုံးတွင် ၎င်းတို့၏ တရားဝင်မှုကို ထိခိုက်စေမည် ဖြစ်သည်။

နောက်ဆုံးတွင် စစ်ကောင်စီကို ပိုမိုထောက်ခံခြင်းသည် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပိုမိုများပြားစေပြီး ၎င်း၏ ဒေါ်လာဘီလီပေါင်း ရာနှင့်ချီသော သေနင်္ဂဗျူဟာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမို အန္တရာယ် ကျရောက်စေကြောင်း တရုတ်က သဘောပေါက်လာနိုင်သည်။ တရားမဝင် စစ်ကောင်စီကို ထောက်ခံခြင်းဖြင့် တရုတ်သည် ရေရှည် ပဋိပက္ခအတွက် စင်မြင့်တခုကို ထပ်မံ တည်ဆောက်ပေးခြင်းသာ ဖြစ်သည်။

ဒီမိုကရေစီကိုထောက်ခံရန် ကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာ လိုအပ်ချက်

တရုတ်နိုင်ငံ၏ မကြာသေးမီက လုပ်ရပ်များသည် အင်ဒို-ပစိဖိတ်ဒေသ ဗဟိုချက်တွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအပေါ် ကြီးထွားလာနေသော ခြိမ်းခြောက်မှုသာ ဖြစ်သည်။ စစ်အုပ်စု၏ အကြမ်းဖက်မှုနှင့် လတ်တလော အရေးယူဆောင်ရွက်ရန် လိုအပ်ချက်သည် ယူကရိန်းအပေါ် ရုရှားတိုက်ခိုက်မှုကဲ့သို့ ကြီးမားခြင်း မရှိကောင်း မရှိနိုင်သော်လည်း မြန်မာ့ဒီမိုကရေစီ အင်အားစုက မြန်မာ့အကျပ်အတည်းကို ယူကရိန်း အကျပ်အတည်းနှင့် တူညီသော အချက်များရှိသည်ဟု မြင်သည်။

ယူကရိန်းနိုင်ငံ တည်ရှိမှုကို ခြိမ်းခြောက်ခြင်းအား တန်ပြန်ရန် ယူကရိန်းကို အနောက်နိုင်ငံများ ဖြည့်ဆည်းပေးနေချိန်တွင် တရုတ်၏ အရှေ့တောင်အာရှမှ လုပ်ရပ်များကို အနောက်နိုင်ငံများက လျစ်လျူရှုမထားရန် အရေးကြီးသည်

မြန်မာ့ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်များက အမေရိကန် ပြည်ထောင်စုနှင့် အနောက် မဟာမိတ်များ အနေဖြင့် မြန်မာ့အရေးအပေါ် ထောက်ခံမှုကို သိသိသာသာ တိုးမြှင့်ပေးရန် တောင်းဆိုနေကြပြီ ဖြစ်သည်။ ယူကရိန်းကို ရုရှားက တိုက်ခိုက်သောကြောင့် ၎င်းတို့၏ တိုက်ပွဲနှင့် ဒေသတွင်းမှ ဘဝတူများ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် တိုက်ပွဲကို အရေးပါသည့် အချိန်တွင် မေ့လျော့နေမည်ကို စိုးရိမ်နေကြသည်။

ယူကရိန်းနိုင်ငံ တည်ရှိမှုကို ခြိမ်းခြောက်ခြင်းအား တန်ပြန်ရန် ယူကရိန်းကို အနောက်နိုင်ငံများ ဖြည့်ဆည်းပေးနေချိန်တွင် တရုတ်၏ အရှေ့တောင်အာရှမှ လုပ်ရပ်များကို အနောက်နိုင်ငံများက လျစ်လျူရှုမထားရန် အရေးကြီးသည်။

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ် ဆင်နွှဲခြင်းကို အာဏာသိမ်း မြန်မာစစ်တပ်က ထောက်ခံခဲ့သည်

လတ်တလော ခြေလှမ်းတခု အနေဖြင့် အမေရိကန် ပြည်ထောင်စုသည် ဒေသတွင်း လုံခြုံရေးတွင် မဏ္ဍိုင်တခုအနေဖြင့် ဒီမိုကရေစီကို ထောက်ကူရန် (ဩစတျေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ ပါဝင်သော) QUAD အဖွဲ့ထံမှ ပိုမိုမြင့်မားသော ထောက်ခံမှုကို အားပေးနိုင်သည်။

အမေရိကန် ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များအတွက် အခြားအစီအမံ တခုမှာ မြန်မာမှ အတိုက်အခံ အင်အားစုများ၊ အထူးသဖြင့် NUG ကို ထောက်ခံသော အဓိက EAOs များကို အပြည့်အဝ အကူအညီပေးရန် ပိုမိုတီထွင်ဆန်းသစ်သော နည်းလမ်းရှာဖွေရေး ဖြစ်သည်။

နောက်ဆုံးတွင် ဝါရှင်တန်သည် ဒေသတွင်း လုံခြုံရေးအတွက် တရုတ်နိုင်ငံက လုပ်ဆောင်နေသည့် သေနင်္ဂဗျူဟာ၏ အန္တရာယ်များကို ရှင်းလင်းစွာ ပြောကြားနိုင်မည်ဖြစ်ပြီး ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေး အားထုတ်မှုများ ဆက်လက်လုပ်ဆောင်နေစဉ်တွင် အင်အားကြီးနှစ်နိုင်ငံအကြား တင်းမာမှုများကို စီမံခန့်ခွဲရန် လက်ရှိအကျပ်အတည်းနှင့် ပတ်သက်သည့် အဆင့်မြင့် ဆွေနွေးမှုများ ထူထောင်ရေးအတွက် ကမ်းလှမ်းနိုင်သည်။

(USIP မှ Jason Tower ၏ Ukraine Crisis Prompts China to Swing Behind Myanmar’s Junta ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

ဗိုလ်ချုပ်ကြီးနှစ်ဦး ထိပ်တိုက်တွေ့သော ယူကရိန်းစစ်ပွဲ

ရုရှစစ်သင်္ဘော မော့စ်ကဗာ နစ်မြုပ်မှု သိထားရသမျှနှင့် အရေးပါပုံ

တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
281
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
60
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
737

ဒေါ်လာငွေတွေ ၁ ရက်ပဲ သိမ်းထားလို့ ရတော့မယ့်နောက်

ဦးဖုန်ကြားရှင် ဈာပန စစ်ကောင်စီတိုင်းမှူး ဘာကြောင့် လာတက်သလဲ

Your Thoughts …
Tags: AAAseanEAOsMNDAANLDNUGSouth Asia Future GroupSSAကမ္ဘောဒီးယားစစ်ကောင်စီတရုတ်တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဒီမိုကရေစီဖုန်ကျားရှင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘုံသဘောတူညီချက် ၅ ချက်ယူကရိန်းရုရှားလူ့အခွင့်အရေးဝန်ကြီးချုပ် ဟွန်ဆန်သမ္မတ ရှီကျင့်ဖျင်အမေရိကန် ပြည်ထောင်စုဦးဝဏ္ဏမောင်လွင်
Jason Tower

Jason Tower

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၀ ခုနှစ် ဇူလိုင်လ အတွင်းက တွေ့ရသည့် ခရီးသွားဧည်သည်များကို စောင့်မျှော်နေသည့် ပုဂံဒေသရှိ မြင်းလှည်းများ / ဧရာဝတီ

နိုင်ငံတကာလေကြောင်းလိုင်းများ ဖွင့်လိုက်ခြင်းက ခရီးသွားလုပ်ငန်း ပြန်လည်ပတ်နိုင်မလား

စက်သုံးဆီဆိုင်တွေမှာ ကားတစီး ကျပ် ၅ သောင်းအောက်သာ ခွဲတန်းနဲ့ရောင်းချ (ရုပ်/သံ)

စက်သုံးဆီဆိုင်တွေမှာ ကားတစီး ကျပ် ၅ သောင်းအောက်သာ ခွဲတန်းနဲ့ရောင်းချ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved